ဘ၀မှာသင်ထွန်းပေါက်အောင်မြင်မှုမရရှိသေးတာဘာကြောင့်လဲ
အောက်ပါအကြောင်းအရင်းများကြောင့်လည်းဖြစ်နိုင်ပါတယ်။
၁။ဆင်ခြေအလွန်ပေးခြင်း
အောင်မြင်ကြီးပွား တိုးတက်ချင်သူများသည် ခက်ခဲသောအလုပ်ဖြစ်စေကာမူ နည်းလမ်းများကို ရှတွေ့အောင်ကြိုးစားကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် အလုပ်လုပ်ကိုင်လိုစိတ်မရှိသောသူများသည်
ဆင်ခြေပေါင်းများစွာကို လယ်ဝယ်ပိုင်ဆိုင်ထားကြသည်။
၂။တစ်စုံတစ်ခုကိုအမြဲကြောက်ရွံ့တယ်
မိမိပိုင်ဆိုင်ထားသောအရာများဆုံးရှုံးမှာကိုကြောက်တယ်။
ဂုဏ်ငယ်မှာကြောက်တယ်။ ထို့ပြင်လုပ်ကိုင်လိုသောကိစ္စရပ်များ အဆင်မပြမှာကိုတွေးပီးကြောက်တယ်။
၃။သင်ယူရန်တွန့်ဆုတ်တယ်။
မိမိတတ်ကျွမ်းမှုမရှိသော ပညာရပ်များ ကိုမသင်ယူချင်ဘဲ ပိုက်ဆံများများရရှိလိုစိတ်များသည်။
ထိုပညာရပ်များတတ်မြောက်ရန် အချိန်ကုန်သင်ကြားလိုစိတ်များလည်းမရှိပါ။
၎။တွေဝေတတ်တယ်
မိမိဆုံးဖြတ်ချချက်လိုက်သောကိစ္စရပ်များ အပေါ်သံသယစိတ်ဝင်ပြီး တွေဝေတတ်သည်။
အဲမြဲဒွိဟဖြစ်နေတတ်သည်။
၅။အလုပ်တစ်ခုကိုလုပ်ရန်အချိန်ဆွဲတယ်။
မသေချာသောမနက်ဖြန်ပေါင်းများစွာကို တွေးတောပြီး လုပ်ကိုင်ရမည့်အလုပ်များကိုမစတင်ပါ။
၆။မည်သည့်အလုပ်ကိုမဆိုအဖျားရှူးတယ်။
အစပိုင်းတွင်အလုပ်များကို ကောက်ရိုးမီးလို အရှိန်ဟုန်ကောင်းကောင်းနှင့် လုပ်ကိုင်သော်လည်း
နောက်ပိုင်းတွင် ဘာမှဆက်မဖြစ်တာ့ဘဲ ကျရှုံးသွားတတ်သည်။
Source;Sayar Aung Ko Latt