-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပုဇွန် လိမ်လည်ကြော်ငြာရောင်းသည့် စားသောက်ဆိုင် ပိုင်ရှင်များ ထောင်ဒဏ် ၇၂၃ နှစ် ပြစ်ဒဏ်စီရင်

စားသောက်ဆိုင်ပိုင်ရှင်နှစ် ဦး အားအများပြည်သူအားပင်လယ်ရေထွက်ကုန်အရောင်းမြှင့်တင်မှုဖြင့်လှည့်စားခဲ့ပြီးနောက်

ထိုင်းနိုင်ငံတွင် ထောင်ဒဏ် ၇၂၃ နှစ် ချမှတ်ခံရသည် ။

Apichart Bowornbancharak နှင့် Prapassorn Bawornban တို့သည်ဖောက်သည်များအား ၎င်းတို့၏ပင်လယ်စာဘူဖေးကို အလွန်နိမ့်သောစျေးနှုန်းဖြင့် သုံးစွဲခွင့်ရှိသည်ဟု ကြော်ငြာခဲ့ကြသည်။ သို့သော်နောက်ပိုင်းတွင် သူတို့သည် အရောင်းမြှင့်တင်ခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးရာထောင်ချီသော မကျေနပ်သည့် ဖောက်သည်များထံမှ တိုင်ကြားမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အစိုးရရှေ့နေများက သူတို့ ကမ်းလှမ်းချက် မဖြည့်ဆည်းနိုင်ကြောင်းဆိုသည်ကို ဖောက်သည်များက သတိပြုမိကြကြောင်း လျှောက်လဲချက် ပေးသည်။ "အဲဒီလို အရည်အသွေး မြင့်မားတဲ့ စားစရာကို ကြော်ငြာထားတဲ့အတိုင်း ရောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သို့ပါလျက် ကြော်ငြာမှာ ပါတဲ့ အခြေအနေတွေကို ဖြည့်ဆည်းဖို့ ရည်ရွယ်ချက် မရှိဘဲ လူထုကို ကြော်ငြာခဲ့ကြတယ်"
Laemgate Infinite ဟု အမည်ရှိသော စားသောက်ဆိုင် ပိုင်ရှင် လင်မယားကို စက်တင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင်ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
ထိုင်းနိုင်ငံတွင် တရားစွဲဆိုသည့် အမှုတစ်ခုချင်းစီအရ နှစ်ရှည်ထောင်ဒဏ်များချမှတ်လေ့ရှိသဖြင့် ထောင်ဒဏ်စုစုပေါင်းသည် များပြားနေလေ့ရှိသည်။ သို့သော် ထိုင်းနိုင်ငံရှိ ဥပဒေအရ ထောင်ထဲတွင် နှစ်ပေါင်း ၂၀ ထက် မနေရချေ။
အစိုးရရှေ့နေများက လျှောက်လဲသည်မှာ Facebookနှင့် အခြားလူမှုမီဒီယာများတွင် ကြော်ငြာပြီးနောက် ဝယ်သူ ၃၄၇ ယောက် ရှိခဲ့ကြောင်းပြောကြားခဲ့သည်။
ဈေးနှုန်းသည် ၈၈ ထိုင်းဘတ် (ဒေါ်လာ ၃) မျှသာ ဖြစ်သည်။
ထိုလင်မယားသည် တရားရုံးတွင် စစ်ဆေးမှုအစမှာပင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။
ဝန်ခံပြီးနောက် ထောင်ဒဏ်နှစ်ပေါင်း ၁,၄၄၆ နှစ်အထိ ကျခံရဖွယ် ရှိနေသော်လည်း သူတို့၏ ပြစ်ဒဏ်ကို ထောင်ဒဏ် ၇၃၃ နှစ်သို့ လျှော့ချခဲ့ပြီး၊ ထောင်ဒဏ်အပြင် ဘတ်ငွေ ၁,၈၀၇,၅၀၀ (ဒေါ်လာ ၅၈၅၀၀) ကို ဒဏ်ငွေချမှတ်ခဲ့သည်။

CNN

ပုဇြန္ လိမ္လည္ေၾကာ္ျငာေရာင္းသည့္ စားေသာက္ဆိုင္ ပိုင္ရွင္မ်ား ေထာင္ဒဏ္ ၇၂၃ ႏွစ္ ျပစ္ဒဏ္စီရင္

စားေသာက္ဆိုင္ပိုင္ရွင္ႏွစ္ ဦး အားအမ်ားျပည္သူအားပင္လယ္ေရထြက္ကုန္အေရာင္းျမႇင့္တင္မႈျဖင့္လွည့္စားခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံတြင္ ေထာင္ဒဏ္ ၇၂၃ ႏွစ္ ခ်မွတ္ခံရသည္ ။

Apichart Bowornbancharak ႏွင့္ Prapassorn Bawornban တို႔သည္ေဖာက္သည္မ်ားအား ၎တို႔၏ပင္လယ္စာဘူေဖးကို အလြန္နိမ့္ေသာေစ်းႏႈန္းျဖင့္ သုံးစြဲခြင့္ရွိသည္ဟု ေၾကာ္ျငာခဲ့ၾကသည္။ သို႔ေသာ္ေနာက္ပိုင္းတြင္ သူတို႔သည္ အေရာင္းျမႇင့္တင္ျခင္းကို ျပန္လည္႐ုပ္သိမ္းခဲ့ၿပီးရာေထာင္ခ်ီေသာ မေက်နပ္သည့္ ေဖာက္သည္မ်ားထံမွ တိုင္ၾကားမႈမ်ားကို ျဖစ္ေပၚေစခဲ့သည္။

အစိုးရေရွ႕ေနမ်ားက သူတို႔ ကမ္းလွမ္းခ်က္ မျဖည့္ဆည္းႏိုင္ေၾကာင္းဆိုသည္ကို ေဖာက္သည္မ်ားက သတိျပဳမိၾကေၾကာင္း ေလွ်ာက္လဲခ်က္ ေပးသည္။ "အဲဒီလို အရည္အေသြး ျမင့္မားတဲ့ စားစရာကို ေၾကာ္ျငာထားတဲ့အတိုင္း ေရာင္းဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ သို႔ပါလ်က္ ေၾကာ္ျငာမွာ ပါတဲ့ အေျခအေနေတြကို ျဖည့္ဆည္းဖို႔ ရည္႐ြယ္ခ်က္ မရွိဘဲ လူထုကို ေၾကာ္ျငာခဲ့ၾကတယ္"
Laemgate Infinite ဟု အမည္ရွိေသာ စားေသာက္ဆိုင္ ပိုင္ရွင္ လင္မယားကို စက္တင္ဘာလတြင္ ဖမ္းဆီးခဲ့ၿပီး ေနာက္ပိုင္းတြင္ဆက္လက္ထိန္းသိမ္းထားခဲ့သည္။
ထိုင္းႏိုင္ငံတြင္ တရားစြဲဆိုသည့္ အမႈတစ္ခုခ်င္းစီအရ ႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွတ္ေလ့ရွိသျဖင့္ ေထာင္ဒဏ္စုစုေပါင္းသည္ မ်ားျပားေနေလ့ရွိသည္။ သို႔ေသာ္ ထိုင္းႏိုင္ငံရွိ ဥပေဒအရ ေထာင္ထဲတြင္ ႏွစ္ေပါင္း ၂၀ ထက္ မေနရေခ်။
အစိုးရေရွ႕ေနမ်ားက ေလွ်ာက္လဲသည္မွာ Facebookႏွင့္ အျခားလူမႈမီဒီယာမ်ားတြင္ ေၾကာ္ျငာၿပီးေနာက္ ဝယ္သူ ၃၄၇ ေယာက္ ရွိခဲ့ေၾကာင္းေျပာၾကားခဲ့သည္။
ေဈးႏႈန္းသည္ ၈၈ ထိုင္းဘတ္ (ေဒၚလာ ၃) မွ်သာ ျဖစ္သည္။
ထိုလင္မယားသည္ တရား႐ုံးတြင္ စစ္ေဆးမႈအစမွာပင္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့သည္။
ဝန္ခံၿပီးေနာက္ ေထာင္ဒဏ္ႏွစ္ေပါင္း ၁,၄၄၆ ႏွစ္အထိ က်ခံရဖြယ္ ရွိေနေသာ္လည္း သူတို႔၏ ျပစ္ဒဏ္ကို ေထာင္ဒဏ္ ၇၃၃ ႏွစ္သို႔ ေလွ်ာ့ခ်ခဲ့ၿပီး၊ ေထာင္ဒဏ္အျပင္ ဘတ္ေငြ ၁,၈၀၇,၅၀၀ (ေဒၚလာ ၅၈၅၀၀) ကို ဒဏ္ေငြခ်မွတ္ခဲ့သည္။

CNN

Read times
Rate this item
(0 votes)