-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ့္ဘ၀ကို တစ္ေန႔ တစ္ျခားတိုးတက္ေစနည္း

ကိုယ့္ဘ၀ကို တစ္ေန႔ တစ္ျခားတိုးတက္ေစနည္း google.com

လူဆိုတာ ကိုယ့္ဘ၀ကို တစ္ေန႔တစ္ျခား တုိးတက္ေစခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ လုပ္နည္းလုပ္ဟန္ေတြ ခ်ြတ္ေခ်ာ္ေနတဲ႔အတြက္ တုိးတက္မွဳ ရသင့္သေလာက္ မရျဖစ္ေနၾကပါတယ္။

လုပ္နည္းလုပ္ဟန္က တစ္ျခားမဟုတ္ပါဘူး။ ဘ၀လမ္းတစ္ေလွ်ာက္ျဖတ္သန္းတဲ႔ ေနရာမွာ လုိက္နာက်င့္သံုးအပ္တာေတြကို လုိက္နာက်င့္သံုးၿပီးၿပီလားဆုိတာ ဆန္းစစ္ၾကည့္ရေအာင္

(၁)လူတိုင္းနဲ႔ အဆင္ေျပေျပ ေက်ေက်လည္လည္ေျပာဆုိ ဆက္ဆံတတ္မွဳ

(၂)ေဒါသကို အခ်ိန္မီ ထိန္းခ်ဳပ္ႏုိင္မွဳ

(၃)အားငယ္စိတ္ကို ရုတ္သိမ္းၿပီး အၿမဲစိတ္အားထက္သန္ေအာင္ ေနတတ္မွဳ

(၄)သစၥာတရားကို ေလးစားစြာ ေစာင္႔ထိန္းမွဳ

(၅)မလိုလားအပ္တဲ႔ ရန္သူမ်ားၾကားမွာ လိမၼာပါးနပ္စြာ ေနတတ္ေျပာတတ္မွဳ

(၆)မိမိရဲ႕ ဘ၀ေပးလုပ္ငန္းတာ၀န္ေတြကို ထိထိေရာက္ေရာက္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လုပ္ကုိင္ေဆာင္ရြက္ႏုိင္မွဳ

(၇)မိတ္ေဆြစစ္ မိတ္ေဆြမွန္မ်ား ရွာေဖြႏုိင္မွဳ

(၈)မိမိကိုယ္ကုိ တန္ဖိုးထားၿပီး ထိန္းသိမ္းေနထိုင္ႏိုင္မွဳ

(၉)ကိုယ္က်ိဳးစီးပြားရွာ အမ်ားအက်ိဳးအတြက္ သယ္ပုိးဆိုသကဲ႔သို႔ သူ႔ဘက္ကိုယ့္ဘက္ၾကည့္တတ္မွဳ

Read-ဘ၀မွာ အခက္အခဲေတြကို ေအာင္ျမင္ခ်င္ရင္ ဘာေတြကို ေရြးခ်ယ္သင့္လဲ

ဒီအခ်က္ကိုးခ်က္ကို လူေတာ္ေတာ္မ်ားမ်ားသိၿပီးသားပါ။ လိုက္နာက်င့္သံုးသူေတြကေတာ့ လက္ေတြ႔ ေအာင္ျမင္သူေတြပဲ ျဖစ္ပါတယ္။ လူေတြမွာ အေျခခံတရားဆိုတာ လုိအပ္ပါတယ္။ မရွိလို႔ မျဖစ္ပါဘူး။ အေျခခံတရားမရွိဘဲ လူ႔ဘ၀လမ္းခရီးကို ဘယ္နည္းနဲ႔ ေလွ်ာက္လွမ္းမလဲ။ အသိတရားမရွိဘဲ ေလာကႀကီးထဲ တိုး၀င္ေအာင္ျမင္ခ်င္တဲ႔လူဟာ အိမ္မက္ထဲက ေရၾကည္တစ္ေပါက္ကို ေသာက္သံုးလိုက္ရတာမ်ိဳးပဲ ျဖစ္ေနပါလိမ့္မယ္။

အိပ္မက္ထဲက ေရၾကည္တစ္ေပါက္ကို အတင္းေသာက္လုိက္ရလို႔ လက္ေတြ႔ဘ၀မွာ ၿပီးျပည့္စံုျခင္း ကို မေရာက္ႏိုင္ပါဘူး။ တစ္ခ်ိဳ႕ကေတာ့ လူေတြဟာ တစ္ခုခုတတ္သိ ျပည့္စံုလာ ေက်ာ္ၾကားလာရင္ မာနအၿမီးေလး တရမ္းရမ္း ျပဳမူလာတတ္ပါတယ္။

ဒီလုိလူမ်ိဳးေတြဟာ မာနအၿမီးေလးလည္းျပဳတ္ေရာ အႏုတ္စုတ္ ဂုတ္စုတ္ဘ၀ကို ေရာက္သြားပါေလေရာ။ ဒါဘာျဖစ္လုိ႔လဲဆိုေတာ့ ဘ၀မွာဘယ္လုိေနရင္ သာယာေပ်ာ္ရႊင္ ေအာင္ျမင္မလဲဆိုတာကို မစဥ္းစားၾကလုိ႔ပဲ ျဖစ္ပါတယ္။

ဘ၀ခရီးမွာ ေအာင္ျမင္ခ်င္တဲ႔ ဆႏၵရွိသူတစ္ေယာက္ျဖစ္ဖို႔ ဘာေတြကို သိၿပီး ဘယ္ေလာက္အဆင့္ထိ ျပင္ဆင္ၿပီးၿပီဆိုတာ မိမိကုိယ္ကို သိထားဖို႔ လုိအပ္ေနပါၿပီ။

Source; May Dim’s Note book

(Unicode Version)

လူဆိုတာ ကိုယ့်ဘဝကို တစ်နေ့တစ်ခြား တိုးတက်စေချင်ကြတာချည်းပါပဲ။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်တွေ ချွတ်ချော်နေတဲ့အတွက် တိုးတက်မှု ရသင့်သလောက် မရဖြစ်နေကြပါတယ်။
လုပ်နည်းလုပ်ဟန်က တစ်ခြားမဟုတ်ပါဘူး။ ဘဝလမ်းတစ်လျှောက်ဖြတ်သန်းတဲ့ နေရာမှာ လိုက်နာကျင့်သုံးအပ်တာတွေကို လိုက်နာကျင့်သုံးပြီးပြီလားဆိုတာ ဆန်းစစ်ကြည့်ရအောင်
(၁)လူတိုင်းနဲ့ အဆင်ပြေပြေ ကျေကျေလည်လည်ပြောဆို ဆက်ဆံတတ်မှု
(၂)ဒေါသကို အချိန်မီ ထိန်းချုပ်နိုင်မှု
(၃)အားငယ်စိတ်ကို ရုတ်သိမ်းပြီး အမြဲစိတ်အားထက်သန်အောင် နေတတ်မှု
(၄)သစ္စာတရားကို လေးစားစွာ စောင့်ထိန်းမှု
(၅)မလိုလားအပ်တဲ့ ရန်သူများကြားမှာ လိမ္မာပါးနပ်စွာ နေတတ်ပြောတတ်မှု
(၆)မိမိရဲ့ ဘဝပေးလုပ်ငန်းတာဝန်တွေကို ထိထိရောက်ရောက်ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ဆောင်ရွက်နိုင်မှု
(၇)မိတ်ဆွေစစ် မိတ်ဆွေမှန်များ ရှာဖွေနိုင်မှု
(၈)မိမိကိုယ်ကို တန်ဖိုးထားပြီး ထိန်းသိမ်းနေထိုင်နိုင်မှု
(၉)ကိုယ်ကျိုးစီးပွားရှာ အများအကျိုးအတွက် သယ်ပိုးဆိုသကဲ့သို့ သူ့ဘက်ကိုယ့်ဘက်ကြည့်တတ်မှု
ဒီအချက်ကိုးချက်ကို လူတော်တော်များများသိပြီးသားပါ။ လိုက်နာကျင့်သုံးသူတွေကတော့ လက်တွေ့ အောင်မြင်သူတွေပဲ ဖြစ်ပါတယ်။ လူတွေမှာ အခြေခံတရားဆိုတာ လိုအပ်ပါတယ်။ မရှိလို့ မဖြစ်ပါဘူး။ အခြေခံတရားမရှိဘဲ လူ့ဘဝလမ်းခရီးကို ဘယ်နည်းနဲ့ လျှောက်လှမ်းမလဲ။ အသိတရားမရှိဘဲ လောကကြီးထဲ တိုးဝင်အောင်မြင်ချင်တဲ့လူဟာ အိမ်မက်ထဲက ရေကြည်တစ်ပေါက်ကို သောက်သုံးလိုက်ရတာမျိုးပဲ ဖြစ်နေပါလိမ့်မယ်။
အိပ်မက်ထဲက ရေကြည်တစ်ပေါက်ကို အတင်းသောက်လိုက်ရလို့ လက်တွေ့ဘဝမှာ ပြီးပြည့်စုံခြင်း ကို မရောက်နိုင်ပါဘူး။ တစ်ချို့ကတော့ လူတွေဟာ တစ်ခုခုတတ်သိ ပြည့်စုံလာ ကျော်ကြားလာရင် မာနအမြီးလေး တရမ်းရမ်း ပြုမူလာတတ်ပါတယ်။
ဒီလိုလူမျိုးတွေဟာ မာနအမြီးလေးလည်းပြုတ်ရော အနုတ်စုတ် ဂုတ်စုတ်ဘဝကို ရောက်သွားပါလေရော။ ဒါဘာဖြစ်လို့လဲဆိုတော့ ဘဝမှာဘယ်လိုနေရင် သာယာပျော်ရွှင် အောင်မြင်မလဲဆိုတာကို မစဉ်းစားကြလို့ပဲ ဖြစ်ပါတယ်။
ဘဝခရီးမှာ အောင်မြင်ချင်တဲ့ ဆန္ဒရှိသူတစ်ယောက်ဖြစ်ဖို့ ဘာတွေကို သိပြီး ဘယ်လောက်အဆင့်ထိ ပြင်ဆင်ပြီးပြီဆိုတာ မိမိကိုယ်ကို သိထားဖို့ လိုအပ်နေပါပြီ။
Source; May Dim’s Note book

Read times
Rate this item
(4 votes)