Pyae Phyo Naing ( Xain )
<<<unicode>>>
ဈေးကွက်မြှင့်တင်ရေးကျွမ်းကျင်သူတွေကို မက်လောက်ဖွယ် ကြေးကြီးကြီးဖြင့် ခေါ်ယူ
============================================================
သြစတေးလျတွင် အလုပ်အကိုင်ရှာဖွေပေးရေး ကုမ္ပဏီ Hays သည် နှစ်စဉ် အစီရင်ခံစာနှစ်ကြိမ် ကိုထုတ်ပြန်ခဲ့ပြီး သြစတြေးလျတွင် ထိပ်တန်းဈေးကွက်ရှာဖွေရေး မြှင့်တင်ရေးကျွမ်းကျင်သူ Marketer များ နည်းပါးနေကြောင်း ဖော်ပြခဲ့ပါတယ်။
ဈေးကွက်မြှင့်တင်ရေး Marketing အတွက် လူမှုမီဒီယာနှင့် SEO ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေး အထူးကျွမ်းကျင်သူများ၊ မန်နေဂျာများ ၊ ဆက်သွယ်ရေး မန်နေဂျာများ ၊ ဈေးကွက် စီးပွားရေး ကျွမ်းကျင်သူများ၊ ဈေးကွက် အချက်အလက် သုတေသနပြုသူများ ၊ ဈေးကွက် ရှာဖွေရေးအကြောင်း စာရေးသူများ နှင့် လူမှု ဆက်ဆံရေး ကျွမ်းကျင်သူများ လိုအပ်ပါတယ်။
ထို့အပြင် ဈေးကွက်မြှင့်တင်ရေး အကြောင်းအရာ ရေးသားခြင်းနှင့် ဗွီဒီယိုထုတ်လုပ်မှု စွမ်းရည်များလိုအပ်ပါသည်။
ဈေးကွက်မြှင့်တင်ရေး ကို ညွှန်းထားသော Content စာစဉ်ကောင်းတွေဟာ ယခုခေတ်မှာ တော်တော့်ကို အရေးပါတယ်။ အဲ့သလို ဈေးကွက် မြှင့်တင်ရေး နည်းလမ်းလေးတွေ ရေးပေးတဲ့ Content Developer / Content Writer တွေကို သြစတေးလျ နိုင်ငံမှာတော့ ယခု တကယ့် ကြေးအမြင့်နဲ့ မက်လောက်ဖွယ် ခေါ်ယူနေတယ်လို့ သိရပါတယ်။ဈေးကွက်မြှင့်တင်ရေး အလုပ် Marketring jobs ဟာ ၂၀၂၀ သြစတေးလျ ကြေးအမြင့်ဆုံး အလုပ်အကိုင်တစ်ခုလည်းဖြစ်နေပါတယ်။
ငွေကြေး ကုန်ကျမှု သက်သာစေပြီး ထိရောက်စေတဲ့ ကြော်ငြာပုံစံသစ်
Hays က အလုပ်ရှင်များသည် ထူးခြားသော အရေးအသားစွမ်းရည်နှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကိုရှာဖွေနေပါတယ် လို့ ရေးသားခဲ့ပါတယ်။
နောက်ဆုံးထုတ် Hays ၏ အလုပ်ခေါ် အစီရင်ခံစာ မှာ ၂၀၂၀၊ ဇန်နဝါရီမှ ဇွန်လအထိဖြစ်သည်။
ကျွန်တော့်အဖို့ ဒါလေးကို တွေ့ပြီး မြန်မာနိုင်ငံတွင်လည်း နောက်ဆို Marketer တွေ အခုလို ကြေးကြီးကြီးရလာမလား ဆိုတဲ့ အတွေးလေးတော့ ဖြစ်စေပါတယ်။
အချိန်ပေးဖတ်ရှု ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Pyae Phyo Naing ( Xain )