-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရန်ကုန်မြို့ရှိ ​Bill Board ဆိုင်းဘုတ်ကြီးများနှင့်ကြော်ငြာလောကအကြောင်းတစေ့တစောင်း











Unicode >>>

 

ကြော်ငြာဆိုတာမရှိခဲ့ရင် သင့်စီးပွားရေးဟာ လူသိများပြားလာမှာမဟုတ်ပါဘူး။

ဒါကြောင့်လဲ billboard ကြော်ငြာ , အင်တာနက်နဲ့ ပတ်သတ်တဲ့ ကြော်ငြာ , လက်ကမ်းစာစောင် , ရေဒီယို တစ်ဆင့်ကြော်ငြာ , ဖုန်း sms ကြော်ငြာ, အဌားယာဉ်များ -ဘတ်စ် ကားများမှ ကြော်ငြာများand TV ကြော်ငြာများ စီးပွားရေးလုပ်ငန်းအကြီးအသေးအလိုက်ကြော်ငြာနည်း အသွယ်သွယ် အသုံးပြုလာကြပါတယ်။

ထိုကြော်ငြာများထဲက မှ လမ်းမ ထက်က Billboard များ အကြောင်းကို ရေးသားချင်ပါသည်။

Billboard ကြော်ငြာ ဆိုင်းဘုတ်များဟာ အရွယ်အစားနဲ့ Billboard ထားရာနေရာဒေသအလိုက် ဈေးနှုန်းကွဲပြားပြောင်းလဲ မှု့ရှိပါသည်။ရန်ကုန်မြို့ရှိ Billboard အတော်များများ မှာ စည်ပင်နယ်နမိတ်အတွင်း တွင် ရှိတာမို့ စည်ပင်ကို အခွန်ဆောင်ကာ ငွေပေးချေ ရသည်ဟုသိရှိရပါသည်။

The Advertising Myanmar ၏ အဆိုအရ ယခုဆိုရင် ကြော်ငြာထားခြင်း မရှိသော Billboard နေရာများ များစွာရှိသည်ဟုသိရပါသည်။

ထိုလစ်လပ်နေသောနေရာများမှာ ပန်းဆိုးတန်းလမ်း , ပြည်လမ်း , အနော်ရထာလမ်းနဲ့ လသာ လမ်းကြား , အင်းလျားလမ်း , ဆူးလေ ဘုရားလမ်း ,ပြည်လမ်း တော်ဝန်စင်တာ , Near ၈ မိုင်လမ်းစုံ မရမ်းကုန်းမြို့နယ် , တိရစ္ဆာန်ရုံ , အင်းစိန်လမ်း , ရွှေတိဂုံဘုရားလမ်း , ကြည့်မြင်တိုင်လမ်းမ , ကမာအေး ဘုရားလမ်း , တာမွေအဝိုင်း , မင်းရဲကျော်စွာလမ်း , ဦးထောင်ဘို အဝိုင်း , လေးထောင့်ကန်လမ်း, အောင်မင်္ဂလာ အဝေးပြေး , ကမ်းနားလမ်း နဲ့ မြေနီကုန်း လမ်းစုံ တွင် billboard အလွတ်များစွာရှိနေသည်ဟုသိရပါသည်။

မိတ်ဆွေတို့ရဲ့ Billboard တစ်ခုကိုစတင် ကြော်ငြာပြီဆိုလျင် ၆ လစာ ငွေအပြတ်ပေးချေရသည်ဟုသိရသည်။
မြို့နယ် ကောင်းရင်ကောင်းသလို ( ကခဂဃင ) အလိုက် အုပ်စု ခွဲခြားသတ်မှတ်ပေးထားတယ်သိရပါတယ်။

အုပ်စု က တွင်မြို့ထဲ မြို့နယ်များသာ ထားရှိပြီး ၆ လ လျှင် သိန်း ၂၅၀ ပေးရပါသည်။အုပ်စု ခ က သိန်း ၁၈၀ ပေးရပြီး , အုပ်စု ဂ က ၁၃၅ သိန်း , အုပ်စု ဃ က သိန်း ၁၀၀ , အုပ်စု င က သိန်း ၅၀ အသီးသီးပေးဆောင်ရပါတယ်။

မြို့နယ်ကြီးများတွင် Billboard နေရာ လစ်လပ်မူ့များနေခြင်းမှာ ပေးရသော ငွေကြေးနှုန်း ထားများပြားသောကြောင့် ဖြစ်မည်ဟု သိရှိရပါသည်။

ငွေကြေးပေးဆောင်မူ့ မလိုအပ်သော Billboard များလည်းရှိပါသေးသည် အလျင်းသင့်ရင်သင့်သလို ဖော်ပြပေးသွားပါမည်။

အချိန်ပေးဖတ်ရှု့ပေးလို့ကျေးဇူးတင်ပါသည်။Read

Read More >>> နာမည်ရှိပြီးသား Brand များ ADVERTISING လုပ်ဖို့ လိုအပ်ပါသလားနာမည်ရှိပြီးသား Brand များ ADVERTISING လုပ်ဖို့ လိုအပ်ပါသလား

 

 

 

 

 

 

 

မ်လလပါလဘခပါနဘလခပါနခလဘ
လွတ်လပ်စွာကူးယူဖော်ပြခွင့်ပြုသည်။


Read times
Rate this item
(0 votes)