-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်းတစ်ခုကို (10) ရက်အတွင်း ဘယ်လိုစတင်မလဲ ?

စီးပွားရေးလုပ်ငန်းတစ်ခုကို (10) ရက်အတွင်း ဘယ်လိုစတင်မလဲ ? google

Day (1) Business Plan ဆွဲပါ။

အကြမ်းဖျဉ်းချရေးတာဖြစ်ဖြစ် အသေးစိတ် စာရွက်စာတမ်းနဲ့တကွ ပြုစုရေးသားတာဖြစ်ဖြစ် Business plan ဟာ အကျိုးအမြတ်ရမယ့် နည်းလမ်းတွေကို အစပျိုးတဲ့နေရာမှာ အရမ်း အရေးကြီးပါတယ်။

အသေးစားလုပ်ငန်းတွေအတွက် လမ်းညွှန်ပေးတဲ့ SCORE အမည်ရ Organization ရဲ့ website မှာဆိုရင် business plan နမူနာတွေကို အခမဲ့ပြသထားပါတယ်။

Day (2) ဈေးကွက်ကိုလေ့လာပါ။

ဈေးကွက်ကို လေ့လာတာဟာ လုပ်ငန်းသစ်တစ်ခုကို ခပ်မြန်မြန်တိုးတက်လာစေချင်တဲ့အခါ အရေးပါလှပါတယ်။ ဈေးကွက်လေ့လာရာမှာ သင့်ရဲ့ product ဒါမှမဟုတ် serviceနဲ့ ဈေးကွက်မှာရှိပြီးသားတွေကို နှိုင်းယှဉ်တာမျိုး သင့်ရဲ့ customer ဖြစ်လာနိုင်သူတွေကို လေ့လာတာမျိုး အစိုးရနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လိုင်စင်တွေတင်ရတာမျိုး စတာတွေ ပါဝင်ပါတယ်။

Day (3) မိမိ Brand ရဲ့ပုံရိပ်ကို တည်ဆောက်ပါ။

သင့်ရဲ့ brand နာမည် လိုဂိုဒီဇိုင်းစတာတွေကို သတ်သတ်မှတ်မှတ် စနစ်တကျ ဖန်တီးတာဟာ မိတ်ဆက်ချပြမှုမလုပ်ရသေးခင်မှာပဲ တရားဝင်အမှတ်တံဆိပ်အဖြစ် မြန်မြန် အသိအမှတ်ပြုခံရနိုင်မှာပါ။ Logo ကို ကိုယ်တိုင်လုပ်ချင်သူတွေအတွက် Logomaker လိုမျိုး online tools တွေရှိသလို logo design ကို မြန်မြန်ဆန်ဆန်နဲ့ လှလှပပရအောင် service ပေးနေတဲ့နေရာတွေလည်း ရှိပါတယ်။ သင့်ရဲ့ logo ကို အတည်ပြုပြီးတာနဲ့ ပိုစတာတွေ အရောင်းစာရွက်တွေမှာ ရိုက်နှိပ်ကြော်ငြာသင့်ပါတယ်။ ဒါ့အပြင် လုပ်ငန်းသစ်တည်ထောင်သူတွေအနေနဲ့ social media တွေမှာပါ မိမိတို့ brand အတွက် page တွေ website တွေထောင်တာကလည်း brand ရဲ့ ပုံရိပ်ကို ပိုမိုခိုင်မာစေပါတယ်။

Day (4) ပူးပေါင်းလုပ်ဆောင်ပါ။

အစပျိုးမှုဆိုတဲ့ သဘောသဘာဝဟာ ရှေ့နေတစ်ဦးတစ်ယောက်ကို ခေါ်ယူပြီး တခြား trademark ဒါမှမဟုတ် idea တွေ product တွေနဲ့ ပူးပေါင်းတာမျိုး ပါတနာယူဖို့ သဘောတူညီမှုယူရတာမျိုး စတာတွေအပေါ်မှာ အတိုင်းအတာတစ်ခုအထိ အမှီပြုရပါတယ်။ မိမိရဲ့အကျိုးဆောင်ရှေ့နေဆိုတာ ရှုပ်ထွေးတဲ့ စာရွက်စာတမ်းကိစ္စတွေ တရားဝင်သတ်မှတ်ချက်တွေ စတာတွေကို ကိုင်တွယ်နိုင်တဲ့သူပါ။

Day (5) တတ်နိုင်သမျှ ချွေတာပါ။

မိမိရဲ့ brand ကို မိတ်ဆက်မပေးခင်မှာ အရေးကြီးတဲ့နောက်တစ်ခုကတော့ အသုံးစရိတ်ချွေတာဖို့ပါ။ ဥပမာ ဝန်ထမ်းအင်အားကို အတတ်နိုင်ဆုံးလျော့ချတာမျိုး အလုပ်သင်တွေခန့်အပ်တာမျိုး လုပ်ငန်းသုံးပစ္စည်းစရိတ်ကိုချွေတာတာမျိုး စသဖြင့်ပေါ့။ နောက်တစ်ခု သတိထားရမှာက ခေတ်မီ နည်းပညာတွေ software တွေသုံးတာပါ။ အစောပိုင်းမှာ နည်းပညာတစ်ခုခုအတွက် ရင်းနှီးမြှုပ်နှံဖို့လိုတယ်ဆိုရင် အဲဒီနည်းပညာဟာ နောက်ပိုင်း ဈေးကြီးလာနိုင်လို့ သေချာသတိထားပြီးမှ ရင်းနှီးပါ။

Day (6) စတင်ရောင်းချပါ။

အကျိုးအမြတ်ယူရတယ်ဆိုတာ ရောင်းချတာနဲ့ အတူတူပါပဲ။ သင့်ရဲ့ အမှတ်တံဆိပ်ကို စတင်မိတ်မဆက်ခင်မှာပဲ Sales ပိုင်းနဲ့ marketing ပိုင်းအတွက် သင့်ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲက သင်လုပ်မယ့်လုပ်ငန်းသဘောသဘာဝကိုနားလည်ပြီး နောက်ကွယ်ကနေ ကောင်းကောင်းကူညီအကြံဥာဏ်ပေးနိုင်သူတွေကို ခန့်ထားပေးပါ။

Day (7) Media အကူအညီယူပါ။

 

သင့်ရဲ့ brand အရောင်းသွက် နာမည်ရလာဖို့ဆိုရင်တော့ media တွေနဲ့ ရင်းနှီးဆက်ဆံမှုကောင်းကောင်းယူထားဖို့လိုအပ်ပါတယ်။ TV channel အသီးသီးဆီကို ဆက်သွယ်တာမျိုး ဂျာနယ်တိုက်တွေ သတင်းစာတိုက်တွေနဲ့ ရင်းနှီးမှုယူပြီး မိမိရဲ့ brand အကြောင်း ဆောင်းပါးရေးသားစေတာမျိုးတွေ လုပ်ဆောင်သင့်တာပါ။

Day (8) ပုံဖော်တွေးတောပြီး ဖြစ်မြောက်အောင်စွမ်းဆောင်ပါ။

 

အောင်မြင်မှုဆိုတာ မိမိရဲ့အနာဂတ်ကို ဖြည့်ဆည်းခြင်းတစ်မျိုးပါပဲ။ အစပျိုးခဲ့တုန်းက ဘယ်လောက်အားနည်းသော်ငြား အချိန်ကာလ ဘယ်လောက်နည်းနည်းပဲရရ အောင်မြင်မှုခပ်ကြီးကြီးကိုပဲ စိတ်ကူးယဉ်ပြီး သင်နဲ့ ဒီအောင်မြင်မှုဟာ ထိုက်တန်တယ်လို့ မှတ်ယူပါ။အလုပ်လုပ်တဲ့အချိန်မှာလည်း သင်ဟာ လုပ်ငန်းကြီးတစ်ခုကို လုပ်ကိုင်နေသူတစ်ယောက်အဖြစ် စိတ်ထဲမှာမှတ်ယူလုပ်ကိုင်ပါ။ ဒါဟာ သင့်ကိုယ်သင် ယုံကြည်မှုရှိစေယုံသာမက customer ဘက်ကလည်း ယုံကြည်အားကိုးမှုတိုးလာစေပါတယ်။

Day (9) သင့်ရဲ့ Business တစ်ခုလုံးကို သေချာစီမံလုပ်ကိုင်တတ်ပါစေ။

စွန့်ဦးတီထွင်သူတွေအတွက် အကျိုးအမြတ်ကောင်းကောင်းရဖို့ နောက်ထပ်အရေးကြီးတဲ့အရာကတော့ အလုပ်ကို တသမတ်တည်း လုပ်ဆောင်တတ်ဖို့ပါပဲ။ အလုပ်စတဲ့ရက်ကနေ စပြီး ရက်တိုင်းမှာ လုပ်ငန်းသစ်တိုးတက်အောင် အားထုတ်တာရော customer သစ်တွေနဲ့ relationship ကောင်းအောင်တည်ဆောက်တာရောမှာ နှစ်ခုလုံး အဆင်ပြေပြေနဲ့ အားနည်းချက်မရှိအောင် လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ တစ်ရက်ထက်တစ်ရက် အလုပ်တွေများလာတယ်ဆိုတာ customerသစ်တွေ တိုးလာတဲ့လက္ခဏာမို့လို့ ကောင်းတဲ့အချက်ပါပဲ။ ဒီအချိန်မှာဆိုရင်တော့ နည်းဗျူဟာသစ်ရေးဆွဲတာတွေ marketing ပိုင်းနဲ့ အလုပ်သမားသစ်ခန့်တဲ့အပိုင်း စတဲ့လုပ်ငန်းစဉ်တွေကို ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။

Day (10) ဖွင့်ပွဲအခမ်းအနားလိုပွဲမျိုး ကျင်းပသင့်ပါတယ်။

သင့်ရဲ့လုပ်ငန်းနဲ့ ပတ်သက်လို့ အထက်က အစီအစဉ်အားလုံးကို အုတ်မြစ်ချပြီးချိန်မှာတော့ မိသားစုဝင်တွေ သူငယ်ချင်းအပေါင်းအသင်းတွေ သင့်ရဲ့ အသိုင်းအဝိုင်းသူတွေ customer တွေ vendor တွေ စသဖြင့် အားလုံးကိုဖိတ်ခေါ်ပြီး ဖွင့်ပွဲအခမ်းအနားကျင်းပသင့်ပါတယ်။ ဒီနည်းနဲ့ သင့်ရဲ့ brand ပုံရိပ်ကို ခိုင်မာအောင်တည်ဆောက်စေနိုင်ရုံသာမက လူသိများပြီး အသိုင်းအဝိုင်းလည်း ကျယ်ပြန့်လာစေမှာ အသေအချာပါ။

Source: moe

Read times
Rate this item
(3 votes)