-->
×

Warning

JUser: :_load: Unable to load user with ID: 29



သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမည့် ဘတ်စ်ကားမှတ်တိုင်ကြော်ငြာလေးများ The Hill






 

Billboard ကြော်ငြာများရဲ့နောက်ကွယ် မှ ( Outdoor Advertising ရဲ့ ပြောင်းလဲလာပုံ )





 

Outdoor Advertising Specialist (ပြင်ပရိုက်ကူးရေးကြော်ငြာလုပ်ငန်းများ(၄၀)ကိုရှာရန်နှိပ်ပါ။)





 

<<< Unicode >>>

 

သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းမည့် ဘတ်စ်ကားမှတ်တိုင်ကြော်ငြာလေးများ

----------------------------


နယ်သာလန်နိုင်ငံ ရှိ ယူထရက် မြို့တွင် ဘတ်စ် ကား မှတ်တိုင်ကြော်ငြာ များ ၏ ခေါင်မိုး ပေါ်တွင်သစ်ပင် ပန်းမန်များ စိုက်ပျိုးထားလျက် ဘတ်စ် စကား မှတ်တိုင်မှ ,
ပျား ၊ ပိတုံး ၊ လိပ်ပြာ လေးများ နားနေမှတ်တိုင်အဖြစ် ( Bus stops to Bee stops )
အဖြစ် အသွင်နှစ်မျိုးဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားတယ်သိရပါတယ်။


ထိုမှတ်တိုင်များ မှာ သဘာဝ ပတ်ဝန်းကျင် အကျိုးပြု ရုံမျှ မက လေထုကို ကောင်းမွန်စေရုံ မျှမက ပဲ ပန်းတို့ရဲ့ ဝတ်ရည်ကို စားသုံးတဲ့ ပျားလေးတွေရဲ့ နိဗ္ဗာန် ဘုံ ဖြစ်တဲ့ အပြင် ၊
လူတွေရဲ့ မျက်စိကို ဆွဲဆောင်နိုင်တဲ့ ဆေးရောင်စုံ ကြော်ငြာ တို့ရဲ့ အတည်ပြု ရာ လေးပေါ့ ။

နယ်သာလန် နိုင်ငံမှာ ပျားမျိုး ၃၅၈ မျိုးလည့်လည်ကျက်စားပြီးအဆိုပါပျားများဟာ ထိုဘတ်စ် ကားမှတ်တိုင်များပေါ်တွင်ကျင်လည် ကြပါတယ်။
အခုဆိုရင် အဆိုပါ ပျား နားနေမှတ်တိုင်လေးတွေ အခု ၅၀၀ နီးနီးဆောက်လုပ်ထားပြီဖြစ်သလိုထို မှတ်တိုင် တွင်ကြော်ငြာ ချင်သူများ လည်း အများအပြား ရှိတယ်လို့သိရပါတယ်။

 

Bill and Ted နဲ့ ကြော်ငြာ ထားတဲ့ Walmart က ကြော်ငြာ


ထို နယ်သာလန်ရဲ့ အစိုးရမှာ ၁၀ နှစ်တစ်ခါ ထို ဘက်စ် ကားမှတ်တိုင်ကြော်ငြာ ကိစ္စ ရပ်အတွက် လုပ်ငန်းရှင်များ လေလံ ပွဲ ကျင်းပါ့တယ်သိရပြီး
ယခုလက်ရှိမှာတော့ RBL Outdoor ဆိုတဲ့ ၎င်းတို့ ပြည်တွင်း ကြော်ငြာ ရေးရာ လုပ်ငန်းစုက ထိုလုပ်ပိုင်ခွင့် ကို တစ်ဦးထဲ မှုပိုင်ရရှိ ထားတယ်သိရပါတယ်။

၎င်းမြို့ ရဲ့ မြို့တော်ဝင်ဖြစ်သူ Jan van Zanen ရဲ့ ပြောရေးဆိုခွင့် ရှိသူ အရာရှိ Matthijs Keuning ပြောကြား ချက်အရ ယူထရက်မြို့ဟာ ၂၀၂၈ မှာ မြို့တော် တစ်မြို့တော်လုံး သန့်ရှင်း အမှိုက်တစ်စ
မရှိစေဖို့ ဦးတည်ဆောင်ရွက်သွားမှာ ဖြစ်ပြီး နောက်ထပ် လျှပ်စစ်ဘတ်စ် ကား ၅၅ ကားကိုလည်း ပို့ဆောင်ဆက်သွယ်ရေး ဌာနတွေ မှာ ပါ အသုံးပြု ပေး သွား မှာပါတဲ့ ။


ဒါ့အပြင် ၎င်းတို့မြို့ က လျှပ်စစ်ဓာတ်အား ကို လေရဟတ်တွေဆီက ရယူပြီး သုံးစွဲ တာ မျိုးဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း တဲ့ မြို့ တစ်မြို့ ပါ။
ယူထရက် မြို့ရဲ့ လေထု အရည်အသွေး တိုင်းတာချက် ( AQI ) က ၃၅ ရှိကာ လေထု က အရမ်း ကျန်းမာတဲ့ အနေအထားမှာရှိပါတယ်။

ရန်ကုန်မြို့က လေထု အရည်အသွေး တိုင်းတာချက် ( AQI ) က ၁၂၇ ရှိကာ မကျန်းမာတဲ့ အနေအထားတစ်ခုမှာ ရှိပါတယ်။
ရန်ကုန်မြို့ ရဲ့ ဘတ်စ် ကားမှတ်တိုင်ကြော်ငြာ များကိုလည်း ထိုကဲ့သို့သာ အပင်လေးတွေစိုက် ပျား ၊ ပိတုန်း ၊ လိပ်ပြာ လေးတွေ ရဲ့ နားခိုရာ လုပ်ပေးလိုက်မယ်ဆိုရင် AQI အနေအထား ပြောင်းလဲ လာဖွယ်ရှိပါတယ်။

 

 

Source From The Hill

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)