-->
×

Warning

JUser: :_load: Unable to load user with ID: 29


Billboard မှာ ကြော်ငြာမယ်ဆိုရင် ဘာတွေ ဆောင်သင့်၊ ရှောင်သင့်လဲ

ကြော်ငြာဆိုင်းဘုတ် ( Billboard ) ဆိုတာ ၁၈၉၄ ခုနှစ်ကတည်းက စတင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်း ရှိနေပါပြီ။

 

ကြော်ငြာဆိုင်းဘုတ် ( သို့ ) Billboard Advertising ( သို့ ) OOH ( Out of Home ) Advertising ( သို့ ) Outdoor Advertising စသဖြင့် အမျိုးမျိုး သုံးနှုန်း ခေါ်ဝေါ်ကြပါတယ်။

 

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းတွေကို လူအများ သိရှိအောင် ကြော်ငြာတော့မယ်ဆိုရင် ဘယ်ချန်နယ်ကို အသုံးပြုပြီး ကြော်ငြာရင် ထိရောက်မလဲဆိုတာ သေချာ စဉ်းစားဖို့ အရေးကြီးပါတယ်။

 

တီဗွီမှာ ကြော်ငြာမှာလား၊ ရေဒီယိုကနေ ကြော်ငြာမလား၊ သတင်းစာနဲ့ ဂျာနယ်တွေမှာ ကြော်ငြာထည့်မှာလား၊ ဆိုင်းဘုတ်ထောင်ပြီး ကြော်ငြာမှာလား၊ အခုဆိုရင် Social Media တွေလည်း အရမ်းကို ခေတ်ထနေလေတော့ ဖေ့စ်ဘုတ်၊ မက်ဆင်ဂျာ စတာတွေကနေတစ်ဆင့် ကြော်ငြာမလား။ ကြော်ငြာလို့ ရတဲ့ နည်းလမ်းတွေကတော့ အများကြီးပါ။

 

ဒီထဲမှာမှ Billboard Advertising ဟာ ဘာကြောင့် နှစ်ပေါင်း ၁၀၀ ကျော်နေသည့်တိုင်အောင် အောင်မြင်နေတုန်းလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ အောက်က အချက်လေးတွေကို ဖတ်ကြည့်လိုက်မယ်ဆိုရင်တော့ ဘာကြောင့်ဆိုတာ သေချာ ရှင်းရှင်းလင်းလင်း သိသွားမယ့်အပြင် Billboard မှာ ကြော်ငြာမယ်ဆိုရင် ဆောင်သင့်၊ ရှောင်သင့်တဲ့ အရာတွေကိုလည်း နားလည်သွားမှာ ဖြစ်ပါတယ်။

 

ဒေဝါလီ ခံပြီးနောက်ပိုင်း e-commerce အဖြစ် ပြန်လည်ခေါင်းထောင်လာတော့မယ့် Forever 21

 

ကြော်ငြာဆိုင်းဘုတ်တွေကို များသောအားဖြင့် လမ်းဆုံ၊ လမ်းခွတွေ၊ ကားလမ်းမဘေးတွေနဲ့ လူစည်ကားရာ နေရာတွေမှာ ထောင်ထားတာ ဖြစ်လို့ သင့်ရဲ့ ကြော်ငြာကို ကားပိတ်နေတဲ့အခါ၊ မီးပွိုင့်မိနေတဲ့အခါ၊ သွားရင်းလာရင်း မမြင်ချင်ရင်တောင် မြင်နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ Billboard ကို ဘာကြောင့် နာမည်ကြီး ကုမ္ပဏီတွေက စရိတ်များများသုံးပြီး ကြော်ငြာနေသလဲဆိုတဲ့ အကြောင်းရင်းပါ။

 

ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်တဲ့အခါ၊ သီချင်းအသစ်တွေ ထွက်တဲ့အခါ၊ ရှိုးပွဲတွေ လုပ်တဲ့အခါ၊ ပွဲတော်တွေ ကျင်းပတဲ့အခါမှာလည်း Billboard ကိုပဲ အသုံးပြုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံးက လူတွေ သိအောင်ဆိုရင် Billboard က အသင့်တော်ဆုံး ကြော်ငြာချန်နယ်တစ်ခု ဖြစ်နေတာကြောင့်ပါ။ အခုနောက်ပိုင်း ကုမ္ပဏီကြီးတွေသာမကပဲ အသေးစားလုပ်ငန်းလေးတွေကအစ ကြော်ငြာလာကြပြီ ဖြစ်ပါတယ်။

 

တစ်ခု သတိထားရမှာကတော့ သင့်ရဲ့ ကြော်ငြာကို အနည်းဆုံး ၃ လလောက် ထားသင့်ပါတယ်။ ကိုယ့်ရဲ့ ကြော်ငြာဆိုင်းဘုတ်ခ်က အရမ်းရှုပ်ထွေးနေတာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ပါ။ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှု ရှိနိုင်တဲ့ ပုံမျိုးကို သုံးပါ။ ဥပမာ - ဘာပဲလိုလို ရန်ကုန်လမ်းညွှန် ဆိုပြီး Question Mark လေး တစ်ခုနဲ့ ကြော်ငြာပြတာမျိုးပါ။

 

နောက်တစ်ခုက ပုံတွေ၊ စာတွေနဲ့ ဒီဇိုင်းတွေကို ခဏခဏ ချိန်းပစ်တာမျိုး မလုပ်သင့်ပါဘူး။ လူတွေက သင့်ရဲ့ ကြော်ငြာကို ကြည့်ချိန်က ခဏလေးပါ။ ကြော်ငြာကိုသာ ခဏခဏ ပြောင်းလဲနေတယ်ဆိုရင် ဘယ်လိုမှ မှတ်မိမှာ မဟုတ်ပါဘူး။ တူညီတဲ့ ကြော်ငြာတစ်ခုထဲကိုပဲ အမြဲတမ်း မကြာခဏ ကြည့်မိမယ်ဆိုရင်တော့ စက္ကန့်ပိုင်းလေး ဖြစ်ရင်တောင် သင့်ကြော်ငြာကို ကြာရင် မှတ်မိသွားမှာ ဖြစ်ပါတယ်။

 

<<< Zaw gyi >>>

 

ေၾကာ္ျငာဆိုင္းဘုတ္ ( Billboard ) ဆိုတာ ၁၈၉၄ ခုႏွစ္ကတည္းက စတင္ ေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ ႏွစ္ေပါင္း ၁၂၅ ႏွစ္ သက္တမ္း ရွိေနပါၿပီ။

 

ေၾကာ္ျငာဆိုင္းဘုတ္ ( သို႔ ) Billboard Advertising ( သို႔ ) OOH ( Out of Home ) Advertising ( သို႔ ) Outdoor Advertising စသျဖင့္ အမ်ိဳးမ်ိဳး သုံးႏႈန္း ေခၚေဝၚၾကပါတယ္။

 

စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ မိမိတို႔ရဲ႕ ထုတ္ကုန္ပစၥည္း ဒါမွမဟုတ္ ဝန္ေဆာင္မႈလုပ္ငန္းေတြကို လူအမ်ား သိရွိေအာင္ ေၾကာ္ျငာေတာ့မယ္ဆိုရင္ ဘယ္ခ်န္နယ္ကို အသုံးျပဳၿပီး ေၾကာ္ျငာရင္ ထိေရာက္မလဲဆိုတာ ေသခ်ာ စဥ္းစားဖို႔ အေရးႀကီးပါတယ္။

 

တီဗြီမွာ ေၾကာ္ျငာမွာလား၊ ေရဒီယိုကေန ေၾကာ္ျငာမလား၊ သတင္းစာနဲ႔ ဂ်ာနယ္ေတြမွာ ေၾကာ္ျငာထည့္မွာလား၊ ဆိုင္းဘုတ္ေထာင္ၿပီး ေၾကာ္ျငာမွာလား၊ အခုဆိုရင္ Social Media ေတြလည္း အရမ္းကို ေခတ္ထေနေလေတာ့ ေဖ့စ္ဘုတ္၊ မက္ဆင္ဂ်ာ စတာေတြကေနတစ္ဆင့္ ေၾကာ္ျငာမလား။ ေၾကာ္ျငာလို႔ ရတဲ့ နည္းလမ္းေတြကေတာ့ အမ်ားႀကီးပါ။

 

ဒီထဲမွာမွ Billboard Advertising ဟာ ဘာေၾကာင့္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ေနသည့္တိုင္ေအာင္ ေအာင္ျမင္ေနတုန္းလဲ ဆိုတာ စိတ္ဝင္စားစရာပါ။ ေအာက္က အခ်က္ေလးေတြကို ဖတ္ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ဘာေၾကာင့္ဆိုတာ ေသခ်ာ ရွင္းရွင္းလင္းလင္း သိသြားမယ့္အျပင္ Billboard မွာ ေၾကာ္ျငာမယ္ဆိုရင္ ေဆာင္သင့္၊ ေရွာင္သင့္တဲ့ အရာေတြကိုလည္း နားလည္သြားမွာ ျဖစ္ပါတယ္။

 

ေၾကာ္ျငာဆိုင္းဘုတ္ေတြကို မ်ားေသာအားျဖင့္ လမ္းဆုံ၊ လမ္းခြေတြ၊ ကားလမ္းမေဘးေတြနဲ႔ လူစည္ကားရာ ေနရာေတြမွာ ေထာင္ထားတာ ျဖစ္လို႔ သင့္ရဲ႕ ေၾကာ္ျငာကို ကားပိတ္ေနတဲ့အခါ၊ မီးပြိဳင့္မိေနတဲ့အခါ၊ သြားရင္းလာရင္း မျမင္ခ်င္ရင္ေတာင္ ျမင္ေနရမွာ ျဖစ္ပါတယ္။ ဒါကေတာ့ Billboard ကို ဘာေၾကာင့္ နာမည္ႀကီး ကုမၸဏီေတြက စရိတ္မ်ားမ်ားသုံးၿပီး ေၾကာ္ျငာေနသလဲဆိုတဲ့ အေၾကာင္းရင္းပါ။

 

ဒေဝါလီ ခံပြီးနောက်ပိုင်း e-commerce အဖြစ် ပြန်လည်ခေါင်းထောင်လာတော့မယ့် Forever 21

 

႐ုပ္ရွင္ဇာတ္ကားေတြ ႐ုံတင္တဲ့အခါ၊ သီခ်င္းအသစ္ေတြ ထြက္တဲ့အခါ၊ ရႈိးပြဲေတြ လုပ္တဲ့အခါ၊ ပြဲေတာ္ေတြ က်င္းပတဲ့အခါမွာလည္း Billboard ကိုပဲ အသုံးျပဳၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာတစ္ႏိုင္ငံလုံးက လူေတြ သိေအာင္ဆိုရင္ Billboard က အသင့္ေတာ္ဆုံး ေၾကာ္ျငာခ်န္နယ္တစ္ခု ျဖစ္ေနတာေၾကာင့္ပါ။ အခုေနာက္ပိုင္း ကုမၸဏီႀကီးေတြသာမကပဲ အေသးစားလုပ္ငန္းေလးေတြကအစ ေၾကာ္ျငာလာၾကၿပီ ျဖစ္ပါတယ္။

 

တစ္ခု သတိထားရမွာကေတာ့ သင့္ရဲ႕ ေၾကာ္ျငာကို အနည္းဆုံး ၃ လေလာက္ ထားသင့္ပါတယ္။ ကိုယ့္ရဲ႕ ေၾကာ္ျငာဆိုင္းဘုတ္ခ္က အရမ္းရႈပ္ေထြးေနတာမ်ိဳး မျဖစ္ေအာင္လည္း ဂ႐ုစိုက္ပါ။ ႐ိုး႐ိုးရွင္းရွင္းနဲ႔ ဆြဲေဆာင္မႈ ရွိႏိုင္တဲ့ ပုံမ်ိဳးကို သုံးပါ။ ဥပမာ - ဘာပဲလိုလို ရန္ကုန္လမ္းၫႊန္ ဆိုၿပီး Question Mark ေလး တစ္ခုနဲ႔ ေၾကာ္ျငာျပတာမ်ိဳးပါ။

 

ေနာက္တစ္ခုက ပုံေတြ၊ စာေတြနဲ႔ ဒီဇိုင္းေတြကို ခဏခဏ ခ်ိန္းပစ္တာမ်ိဳး မလုပ္သင့္ပါဘူး။ လူေတြက သင့္ရဲ႕ ေၾကာ္ျငာကို ၾကည့္ခ်ိန္က ခဏေလးပါ။ ေၾကာ္ျငာကိုသာ ခဏခဏ ေျပာင္းလဲေနတယ္ဆိုရင္ ဘယ္လိုမွ မွတ္မိမွာ မဟုတ္ပါဘူး။ တူညီတဲ့ ေၾကာ္ျငာတစ္ခုထဲကိုပဲ အၿမဲတမ္း မၾကာခဏ ၾကည့္မိမယ္ဆိုရင္ေတာ့ စကၠန႔္ပိုင္းေလး ျဖစ္ရင္ေတာင္ သင့္ေၾကာ္ျငာကို ၾကာရင္ မွတ္မိသြားမွာ ျဖစ္ပါတယ္။

 

Ma Su Mon 

 

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)