-->
×

Warning

JUser: :_load: Unable to load user with ID: 29


မီနီကူးပါးကား ဈေးကွက်ဖော်ဆောင်ခြင်း

ဘီးတဲလ် တီးဝိုင်း၊ နာမည်ကျော် မော်ဒယ် တွင်ဂျီနဲ့ အဲလစ်စဘက် ဘုရင်မကြီးတို့ဟာ ၁၉၆၀ ပြည့်နှစ်လွန်ကာလရဲ့ မီနီကူးပါး မော်တော်ကား

အမာခံ ပရိတ်သတ်တွေပါ။ မီနီဟာ နာမည်ကျော်တို့ရဲ့ တစ်ခဲနက် အားပေး ထောက်ခံမှုကို ရရှိခဲ့တယ်။ ဒီဇိုင်းကလည်း လှပတယ်။ ဒါကြောင့်ပဲ မူလထုတ် မီနီကားတွေ ဟာ နှစ်လေးဆယ်လောက်အတွင်း အရေ အတွက် စီးရေ ၅ သန်းလောက် ရောင်းလိုက် ရတယ်။
ဗြိတိသျှ ကားထုတ်လုပ်သူတို့ရဲ့ ရှေ့ ဆောင် မီနီဟာ ၁၉၆၇ ခုနှစ်နောက်ပိုင်းမှာတော့ မီးခိုးထုတ်လွှတ်မှုဆိုင်ရာမူဝါဒ ပြောင်းလဲလာတဲ့ အမေရိကန်ဈေးကွက်ကနေ တစ်စထက် တစ်စ ပျောက်ကွယ်လာပါတော့တယ်။ ဒါပေမဲ့ မူလ ထုတ်ထားတဲ့ မီနီကားတွေက ကမ္ဘာတစ်လွှားမှာ အားပေးမှု အပြည့်အဝရခဲ့ပြီး ရလည်း ရနေဆဲ ပါပဲ။ ကားထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်းအတွက် သီးသန့်ကောက်ယူတဲ့ စစ်တမ်းအရ မီနီက ရာစုနှစ်ရဲ့ ဒုတိယအကောင်းဆုံး ဒီဇိုင်းဖြစ်ပါ တယ်။ ပထမကတော့ Ford ရဲ့ Model T ပေါ့။
၁၉၉၄ မှာ မီနီရဲ့ ပိုင်ရှင်ကုမ္ပဏီ အသစ် ဖြစ်လာတဲ့ BMW က လုပ်ထုံးလုပ်နည်းအတိုင်း အကျိုးအမြတ်ရရှိဖို့ စစဉ်းစားတယ်။ မီနီရဲ့ အလားအလာအတွက် ဒေါ်လာသန်း ၅၀၀ လောက်ကို ၆ နှစ်အတွက်မှာ ပုံအောပြီး ရင်း လိုက်ပါတယ်။ ဇိမ်ခံကားတစ်ခုရဲ့ စံနှုန်းတွေနဲ့ အညီ ဘေးကင်းလုံခြုံရေး၊ စွမ်းဆောင်ရည်ပိုင်းနဲ့ ရုပ်ထွက်လှဖို့အတွက်ပါ ရည်ရွယ်ပါတယ်။
၂၀၀၂ မတ်လမှာတော့ မီနီအသစ်တွေ အမေရိကန်ဈေးကွက်မှာ ရောင်းနေရပါပြီ။ မီနီရဲ့ အမေရိကန်နိုင်ငံ ဈေးကွက်ဖန်တီးမှုဆိုင် ရာ ဒါရိုက်တာဖြစ်တဲ့ Kerri Martin က ပြင်ဆင် ဖြည့်စွက်လိုက်တဲ့ ခေတ်ဟောင်းက မီနီကို ကမ္ဘာ့အကြီးဆုံးကားဈေးကွက်တစ်ခု ဖြစ်တဲ့ မြောက်အမေရိက ဈေးကွက်ထဲမှာ ဘယ်လို နည်လးမ်းနဲ့ အကောင်းဆုံး ပွဲထုတ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ လိုလာတယ်။
အဆင်ပြေမယ့် အေဂျင်စီကို ၄ လ လောက် မွှေနှောက်ရှာပြီးတဲ့နောက်မှာ ဖွဲ့စည်းပုံ ကောင်းတဲ့ မီယာမီအခြေစိုက် Crispin Porter + Bogusky ဆိုတဲ့ ကန့်သတ်အထူးပြုအေဂျင်စီ၁ တစ်ခုကို ပွဲထုတ်လိုက်ပါတယ်။ "Crispin က ကျွန်တော်တို့ ဈေးကွက်အတွက် ရင်းနှီးလိုက်တဲ့ ငွေပင်ငွေရင်းနဲ့အမျှ ဖန်တီးမှု အသစ်အဆန်း တွေ ကြော်ငြာပြနိုင်မယ်၊ လူထုနဲ့ ထိတွေ့ဖို့ အတွက်၊ ရောင်းချဖို့အတွက်နဲ့ တခြားသော ကုန်အမှတ်တံဆိပ်ကို နားလည်လာစေခြင်း အတွက်ပါ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ကို ယုံကြည်စေတယ်" ဆိုတဲ့အကြောင်း Martin က ပြောပါတယ်။
CP + B က တစ်မူဆန်းသစ်ထူးခြားတဲ့ မိတ်ဆက်ခြင်းအစီစဉ်ကို ၂၀၀၁ ခုနှစ်မှာ စတင် ခဲ့တယ်။ ပုံနှိပ် ကြော်ငြာတွေ၊ ရုပ်မြင်သံကြား ကြော်ငြာတွေနဲ့ Outdoor ကြော်ငြာတွေတင် မက အင်တာနက်ကနေပါ ဦးတည်ထားတဲ့ စား သုံးသူအုပ်စုတွေထံ ကြော်ငြာတယ်။
စိတ်ဝင်စားတဲ့ လူအများတို့က တစ်ဆင့် စကား တစ်ဆင့်နားပုံစံနဲ့ တွင်တွင်ကျယ်ကျယ် ဖြန့်ကျက်အားဖြည့်တယ်။ "အချက်အလက်တွေ အရတော့ မီနီက သိပ်မမိုက်သလိုပဲ၊ ဒါပေမဲ့ ခင်ဗျားအတွေးကို ပြင်ယူလို့ရပါတယ်" ဆိုတာ လေးက လူတွေကို မီနီကားတွေ ဝယ်ချင်လာ အောင် အားပေးတယ်လို့ Martin က ဆိုတယ်။ ဒီလူတွေက ဒီဇိုင်းနဲ့ စတိုင်ကို တန်ဖိုးထား မြတ် နိုးတဲ့သူတွေပါ၊ သူတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ ဒါပေမဲ့ မထောင်လွှားဘူး၊ ကိုယ့်စံနှုန်းထားနဲ့ကိုယ် အောင်မြင်နေသူတွေ ဖြစ်ကြပါတယ်။ ဝယ်သူတွေက ဈေးကွက်ဖော် ဆောင်သူတွေ အတင်းကာရော သွတ်သွင်းလာ တဲ့ သတင်းအချက်အလက်တွေထက် ကိုယ့် ဘာသာကိုယ် ရှာဖွေရွေးချယ်ရတာကို နှစ်သက် တဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့် ဈေးကွက်ဖော်ဆောင်ခြင်းတွေ အားလုံးက လူသစ်တွေရဲ့ အနည်းငယ်သော အရည်အချင်း အစစ်အမှန်နဲ့ အခြားလူတွေရဲ့ ခမ်းနားခြင်းကို အာရုံစိုက်ပါတယ်။ မီနီကားတွေ က Ford Excursion အထက်ကနေ မြို့ပြ အချက်အချာ ဈေးကွက်မှာ ဦးဆောင်နေပါ တယ်။ ဘေ့စ်ဘောနဲ့ ဘောလုံးအားကစားကွင်း ဘေးက ယာဉ်ရပ်နားကွင်းမှာ မီနီကို ရပ်ထားရင် လည်း ရုပ်သံလိုင်းတွေက ရိုက်ပြီးပြကြတာ ကြောင့် ငွေမကုန်ဘဲ ရုပ်မြင်သံကြားမှာ ကြော် ငြာပြီးသား ဖြစ်သွားပါတယ်။ မီနီရဲ့ မြင့်မား လာတဲ့ အနေအထားကြောင့် မဂ္ဂဇင်းတွေက လည်း အချပ်ပိုတွေ ထည့်ညှပ်ပြီး စာဖတ်သူ တွေကို ရင်းနှီးမြင်သာနေအောင် ဆွဲခေါ်နေကြ တယ်။ Driving ဆိုတဲ့ စကားလုံးကနေ Motoring လို့ ပြောင်းသုံးကြတဲ့အထိပါပဲ။ ဘေဘုတ်မှာဆိုရင် အနက်ရောင်ပြင်ကြီးပေါ် စာလေးနည်းနည်းပဲ ရေးထားပါတယ်၊ "SUV တွေကို နှိပ်ကွပ်မှု ခုပဲ တရားဝင်စပြီ"
လူတွေက စိတ်ဝင်စားလာရော။ ဒီတော့ အောက်ဖက်နားမှာ ဖော်ပြပေးထားတဲ့
www.miniusa.com
လင့်ခ်ကို ဝင်ကြည့်ဖြစ်သွားပါတော့တယ်။
ထောင့်စေ့အကွက်ကျပြီး တီထွင်ဉာဏ် ကွန့်မြူးတဲ့ ကြော်ငြာဖြန့်ကျက်ခြင်း အစီအစဉ် media planning က ဘတ်ဂျက်ငွေ ကန်ဒေါ် လာ သန်း ၂၀ တည်းနဲ့ အကောင်းဆုံး လုပ်ပြ သွားပါတယ်။ (Chrysler ရဲ့ သူ့ကိုယ်ပိုင် ဒီဇိုင်း ဟောင်း PT Cruiser ကို မိတ်ဆက်ဖို့ သုံးတဲ့ ငွေ ပမာဏရဲ့ ၅ ပုံ ၁ ပုံတည်းပါ)။ အဲ့ဒီအချိန်တုန်းက CP + B ရဲ့ Creative Content ဖြန့်ဝေရေး ဒါရိုက်တာ Jim Poh က ပြောပြခဲ့ပါတယ်။ "ကြော်ငြာသမားတော်တော်များများက အကြိမ် ရေများများ ပြချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကတော့ အဲ့လိုလုပ်တာများလို့ ပျင်းခြောက် ခြောက်ဖြစ်နေတဲ့ သူတွေကို အံ့သြသွားအောင် လုပ်ဖို့ပဲ ငွေကိုသုံးပါတယ်။"
Jim Poh က ကြော်ငြာနေကျမဟုတ်တဲ့ နေရာတွေမှာ လုပ်ခဲ့တယ်။ မဂ္ဂဇင်းစာအုပ် အနားစွန်းတွေမှာ ကြော်ငြာတယ်။ ဆူပါမား ကတ် က လက်ကမ်းစာစောင်တင်တဲ့ စင်ရှေ့မှာ ကြော်ငြာတယ်။ တခြားဆန်းဆန်းပြားပြားအနေ နဲ့က ကြော်ငြာကန်ပိန်း တစ်ခုလုံးမှာ ရုပ်မြင် သံကြားက မကြော်ငြာဘူး။ အဲ့ဒီအစား နိုင်ငံ့ အဝန်းက ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်မပြသေးခင် ပြတဲ့အချိန် ကြော်ငြာထိုးပြလိုက်ပါတယ်။
ကုန်အမှတ်တံဆိပ် ထင်သာမြင်သာရှိမှု Brand Awareness မရှိတဲ့နေရာမှာ ကုန်ပစ္စည်း ဂုဏ်ဒြပ် Product Personality လည်း ရှိမှာ မဟုတ်ဘူး။ အခွင့်အလမ်းကလွဲပြီး ဘာမှ မရှိခဲ့ တဲ့ အရင်နှစ်ကနေပြီး အခုဆိုရင် တစ်ခုခု ဖြစ် လာခဲ့ပါပြီ။ အမေရိကန်နိုင်ငံရဲ့ လူ ၂၀,၀၀၀ တိုင်းမှာ တစ်ယောက်တော့ မီနီရှိလာခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့ ၂၀၀၂ ခုနှစ်ရဲ့ အချိန် ၉ လပဲ ကြာခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ အသင့်စောင့် ဆိုင်းမှာယူမှုတွေလည်း စာရင်းအပြည့်ရှိနေခဲ့ ပါပြီ။

ပီတာစိုးမိုး

၁။ Boutique Agency, လုပ်ငန်းငယ်အသွင်ဖြင့် လုပ်ကိုင်သော အေဂျင်စီမျိုး ဖြစ်ပြီး များသောအား ဖြင့် အလွန်အထူးပြု လုပ်ကိုင်သော ကုန်စည် သို့မဟုတ် ၀န်ဆောင်မှုကိုသာ လုပ်ကိုင်ပေးသည်။ ဥပမာအားဖြင့် ကြံဆဖန်တီးချက်နှင့် ဈေးကွက်သုတေသန နှစ်ခုအနက် တစ်ခုကိုသာ လုပ်ကိုင်ပေး မည်ဟု ကန့်သတ်ထားသည်။ နှစ်မျိုးစလုံးကို လုပ်ကိုင်ခြင်း မပြုချေ။

 

 

Read times
Rate this item
(1 Vote)