-->
×

Warning

JUser: :_load: Unable to load user with ID: 29


Influencer ဖြစ်ချင်သူများအနေဖြင့် စင်ကြောက်တဲ့စိတ်ကို ဘယ်လိုပြင်မလဲ

Communication ဟာလူတစ်ယောက်ကို အမြင့်ရောက်အောင် ပို့ပေးမယ့် အပိုတန်ဖိုးပါ။ အောင်မြင်သူတွေဟာ လူအများနဲ့ဆက်သွယ်မှုကို ကောင်းကောင်း အသုံးချတတ်သူတွေ ဖြစ်ပါတယ်။ ဒီလိုဆက်သွယ်ဖို့အတွက် ကြောက်နေမယ်ဆိုရင် ကိုယ်မျှော်မှန်းသလောက် အထက်တန်းရောက်မှာ မဟုတ်ပါဘူး။

 

တစ်ချို့သူတွေဟာ ပင်ကိုယ်စွမ်းရည်အားကောင်းပေမယ့် လူအများရှေ့စကားပြောရမှာ ကြောက်တဲ့ စိတ်ကြောင့် ဖြစ်မြောက်သင့်သလောက် ဖြစ်မလာတာတွေ ရှိပါတယ်။ဒါမျိုးကို Stage Fright လို့ခေါ်ပြီး ကုစားဖို့လိုပါတယ်။ Stage Fright ကို ကုစားဖို့နည်းလမ်းများစွာ ရှိပြီး ဒီထဲမှာ ကျွန်တော်တို့နေ့စဉ်လုပ်နိုင်တာ တစ်ချို့လည်း ရှိပါတယ်။

 

(၁) လေ့ကျင့်ပါ

==========

တစ်ချပ်နဲ့လုံခြုံတဲ့ အခန်းတစ်ခန်း ရှိတယ်ဆိုရင် ဖြစ်ပါပြီ။ မှန်ရှေ့လေ့ကျင့်မှု အစမှာ အခန်းထဲ ကိုယ်တစ်ယောက်တည်း ရှိနေရင် အကောင်းဆုံးပါ။ မှန်ကို ကြည့်ပြီး ကိုယ်လိုချင်တဲ့ စကားပြောဆက်သွယ်မှု ပုံစံကို လေ့ကျင့်ယူပါ။ လိုအပ်ရင်အဝတ်အစားအပြည့်အစုံဝတ်ပြီး လေ့ကျင့်ပါ။

နောက်တစ်ဆင့်ကတော့ YouTube Channel တွေကနေ နာမည်ကျော် Speakers တွေ စကားပြောတဲ့ ဟန်ကို လေ့လာတုပပြီး ကိုယ်ပိုင် ပြောဟန် ဖြစ်အောင်လေ့ကျင့်ယူရမှာပါ။ ဒီထက်တစ်ဆင့်မြင့်ပြီး လေ့ကျင့်ရမှာက ကိုယ်နဲ့ရင်းနှီးတဲ့သူ တစ်စုကို အကြောင်းအရာတစ်ခု ခေါင်းစဉ်တစ်ခု တည်ပြီး ဆွေးနွေးဟောပြောမှု လုပ်ခြင်းဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ ပွဲသေးသေးလေးတွေကစပြီး စင်ပေါ်တက် ဟောပြောသင့်ပါတယ်။

 

(၂) စိန်ခေါ်မှုကို လက်ခံပါ

=================

အခြေအနေအရ စင်ပေါ်တက်ပြီး Speaker အနေနဲ့ပြောရမယ့် အချိန်ရောက်လာမယ်ဆိုရင် ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချလိုက်ပါ။ ကျွန်တော်တို့ကြောက်တဲ့ အရာတွေဟာ ရင်ဆိုင်ဖို့ဖြစ်ပြီး ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အရာတွေကို ကြိုဆိုရမယ်ဆိုတဲ့ စိတ်မွေးသင့်ပါတယ်။

 

(၃) တစ်ချို့အရာတွေကို ဂရုမစိုက်တာကောင်းပါတယ်

============================

နာမည်ကျော် Speaker တွေရဲ့ ပထမဆုံး Stage Experience ကို ပြန်ကြည့်မယ်ဆိုရင် တကယ့်ကို တလွဲတချော်တွေနဲ့ပြည့်နေတာ တွေ့ရမှာပါ။ စင်ပေါ်ကနေ စကားပြောနေသူတစ်ယောက်အတွက် လက်ခုပ်သံနဲ့ဆဲရေးသံ နှစ်ခုကို မလွဲမသေ ကြုံရမှာပါ။ ကျွန်တော်တို့ယုံယုံကြည်ကြည် ပြောနေတဲ့ အရာတွေအတွက် တစ်ချို့အသံတွေကို နားထဲမှာ ထည့်ထားစရာမလိုပါဘူး။

 

(၄) အပြောင်းအလဲ လုပ်ပါ

==================

ကျွန်တော်တို့ရဲ့ ပုံစံ ၊ စကားပြောမှုနဲ့အပြုအမှုတွေကို ပြောင်းလဲရမယ့် အချိန်တွေရှိပါတယ်။ အဲသလိုအချိန်တွေမှာ အပြောင်းအလဲ လုပ်ဖို့မတွန့်ပါနဲ့။ စင်ကြောက်တဲ့ စိတ်ကို ဖျောက်ဖို့အကောင်းဆုံး နည်းလမ်းတစ်ချို့ထဲမှာ ကိုယ့်ကိုယ်ကို ပြင်ဆင်ပြီး လေ့ကျင့်သား ပြည့်နေခြင်းဟာ အဓိကပဲဆိုတာ မမေ့သင့်ပါဘူး။

 

Myanmar Advertising Guide 

Read times
Rate this item
(1 Vote)