ကြော်ငြာတစ်ခုကို စတင် campaign အဖြစ် ရိုက်ကူးမယ်ဆိုပါက creative director ဖြစ်သူနဲ့ brand ပိုင်ရှင် ဖြစ်သူ သင်နဲ့ သာလျှင် ဆုံးဖြတ်တွေးတောရမှာပါ။ဒီတစ်ခါမှတော့ သင့် brand ကြော်ငြာအတွက် လိုက်ဖက်တဲ့ influencer ကို ဘယ်လိုရွေးချယ်မလဲ ဆိုတာကို ပြောပြပေးလိုက်ပါတယ်။
၁ - သင့် Brand ရဲ့ ဇစ်မြစ်ကို နားလည်နေပါစေ။
သင်ဘာကိုစျေးကွက်ထဲ ထိုးဖောက်ချင်တာလဲ သင့် brand က နာမည်ကျော်လား သာမန် လား
၂ - သင့် Brand ကို ရည်ညွှန်းသုံးစွဲစေမဲ့ သင့် ကာစတန်မာရဲ့ အသက်အရွယ်အပိုင်းအခြားကိုသိရှိနားလည်ပါစေ။
အသက်ငယ် ကာစတန်မာ များ လျှင် လူငယ် Influencer များကို အသုံးပြုသင့်ပါတယ်။
၃ - သင့် brand က ဘယ်နေရာဒေသအတွက်ကို ရည်ရွယ်နေသလဲ ။
သင့် brand က တောင်သူတွေ အကြိုက် ပိုးသတ်ဆေး ကြော်ငြာဆိုပါတော့ တောင်သူများအကြိုက် ဇာတ်သဘင်ပိုင်းမှ influrencer များ အသုံးပြုသင့်ပါသည်။
၄ - Social Media မှ Influrencer များအားမည်သို့ မည်ဖုံ နာမည်ကျော်ကြားသည်ကို သိရှိနားလည် ထားရမည်။
ဥပမာ - အချို့ Influrencer တွေက ဟာသ video ဖြင့် နာမည်ကျော်သည် ၊ တချို့ Influrencer များမှာခွန်အား ဖြစ်သော စကားများ မျှ ဝေ ခြင်းကြောင့် နာမည်ကျော်သလားသိထားရပါမယ်။
၅ - Trend လိုက်နိုင်မှသာလျှင် Influencer နဲ့ အလုပ်တွဲလုပ်လို့ ပိုကောင်းမှာပါ။
ဥပမာ - အလှအပရေးရာ ဆိုပါတော့ beauty blogger နဲ့ သင် trend လိုက်ဖို့ ဆုံးဖြတ်ရင် သင့် brand ကို လူသိပိုများမှာပါ။
ထိုအချက်တွေကို ကြည့်ပြီးမှ သင့် စိတ်တိုင်းကျမဲ့ သူကိုရွေးချယ်ပါ အရာရာတိုင်းက သင့် brand ကိုအားပေးတဲ့ ပရိသတ်တွေ အတွက် ဖြစ်နေပါစေ