-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့လူငယ်တွေမှာ ဒါတွေရှိသင့်တယ်!

စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့လူငယ်တွေမှာ ဒါတွေရှိသင့်တယ်! google.com

-စိတ်ကူးစိတ်သန်းကောင်းတွေ ရှိရမယ်...တီထွင်တတ်ရမယ်...ဖန်တီးတတ်ရမယ်

 

-စီးပွားရေးစီမံကိန်းဆွဲတတ်ရမယ်(Business Plan OR Business Model)

ဒါမှမဟုတ် လုပ်ရင်းကိုင်ရင်း ရေရှည်ကြိုတွက်တတ်ရမယ်...

-ဈေးကွက် ထိုးဖောက်တတ်ရမယ်...ကိုယ့်ထုတ်ကုန်/ဝန်ဆောင်မှုကို လူသိအောင် လုပ်တတ်ရမယ်...

-ကိုယ့်ထုတ်ကုန်/ဝန်ဆောင်မှုအကြောင်းကို သေချာပြောပြနိုင်ရမယ်...တစ်နည်းအားဖြင့်ပြောရရင် ရောင်းတတ်ရမယ်...

-စီမံခန့်ခွဲနိုင်ရမယ်(လူ/အချိန်/ငွေ/အရင်းအမြစ် စတာတွေကို)

လူနဲ့ပတ်သတ်လို့ အသင်းအဖွဲ့စိတ်ဓာတ်ရှိရမယ်...ခေါင်းဆောင်နိုင်မှ ရမယ်...

-ဇွဲရှိရမယ်...အရှုံးက သင်ခန်းစာယူပြီး ပြန်ထတတ်ရမယ်

-စိတ်ရှည်ရမယ်... တစ်ချိန်တည်းမှာပဲ လိုအပ်ရင် စိတ်မြန်ရမယ်...(လိုအပ်တာကို သွက်သွက်လက်လက် ထလုပ်နိုင်ရမယ်)

-အနာဂတ်ကို လှမ်းမျှော်ကြည့်နိုင်တဲ့ အမြင် ဒါမှမဟုတ် အနာဂတ်ကို ဖန်တီးချင်တဲ့ အမြင်ရှိရမယ်...

-ဘာကြောင့်စီးပွားရေး လုပ်ချင်တာလဲဆိုတဲ့ အကြောင်းပြချက် ခိုင်ခိုင်မာမာရှိရမယ်...

အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် အဖြစ်ကို ရောက်ဖို့ ဘာတွေ ပေးဆပ်နိုင်မလဲဆိုတာ ကြိုတင်တွေးထားရမယ်...

-ကိုယ်က အထက်ပါ အချက်တွေကို မလုပ်နိုင်ရင် လုပ်နိုင်သူတွေကို ရှာဖွေစည်းရုံးနိုင်ရမယ်...

သူတို့နဲ့ ကိုယ့်ကြားမှာ သူလည်းအဆင်ပြေ၊ ကိုယ်လည်းအဆင်ပြေတဲ့ အခြေအနေတစ်ခု တည်ဆောက်နိုင်ရမယ်...

ဒီအချက်တွေဟာ ကျွန်တော်ဖတ်ခဲ့ သမျှ စိမ့်ဝင်နေတဲ့ စာတွေ၊ ရှိစုမဲ့စု အတွေ့အကြုံတွေကနေ တွေးထုတ်လိုက်မိတဲ့ အချက်တွေပါ...

ကျွန်တော်ကိုယ်တိုင်တွေးခေါ်တဲ့ အတွေးမဟုတ်ပါဘူး...

ကျွန်တော် စုစည်းပေးလိုက်တဲ့ အတွေးအခေါ်သာ ဖြစ်ပါလိမ့်မယ်...

လူငယ်တွေအတွက် (စိတ်ကို ဖွင့်ထားဆဲ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းအချို့အတွက်)

ရည်ရွယ်ပြီး ဒီစာစုကို ရေးဖြစ်ပါတယ်ခင်ဗျာ...

တိကျသေချာတဲ့ အကျိုးကျေးဇူး တစ်ခုခု ရဖို့ မျှော်လင့်မိပါတယ်...

အားလုံးပဲ ပန်းတိုင်တွေ့ပြီး တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ...

Recommended for you-ခံယူထားသည့် တာဝန်

Credit; kozinzzay

Read times
Rate this item
(1 Vote)