-->
×

Warning

JUser: :_load: Unable to load user with ID: 29


ေအာင္ျမင္တဲ႔ စီးပြားေရးသမားျဖစ္ဖုိ႔ မရွိမျဖစ္လုိအပ္တဲ႔ အရည္အေသြး ၁၀ခု

ေအာင္ျမင္တဲ႔ စီးပြားေရးသမားျဖစ္ဖုိ႔ မရွိမျဖစ္လုိအပ္တဲ႔ အရည္အေသြး ၁၀ခု google.com

သင္ဟာ လုပ္ငန္းရွင္ေပါက္စျဖစ္ေစ၊ လုပ္ငန္းႀကီးတစ္ခုကို ဦးေဆာင္ေနသူျဖစ္ေစ သင့္အေနနဲ႔ ကိုယ့္ အဖြဲ႔အစည္းကို ဘယ္လုိဦးေဆာင္ရမလဲဆိုတာေတာ့ သိဖို႔လုိပါတယ္။ သူေးႀကီးတစ္ေယာက္ျဖစ္မွာလား၊

ဒါမွမဟုတ္ သူေဌးတစ္ေယာက္စီကို အစီရင္ခံစာတင္ရတဲ႔သူ ျဖစ္မလားဆုိတာကို ေအာက္ပါအရည္အေသြး ၁၀ခုနဲ႔ တုိက္စစ္လုိက္ရေအာင္

၁။ ဇြဲလံု႔လရွိမွဳ

၁၈၉၀ ခုႏွစ္မွာ ဟင္နရီဖိုဒ္႔က စက္ဘီးရဲ႕ ဘီး၄ဘီးေပၚမွာ ကိုယ္ထည္တခု တပ္ဆင္ထားၿပီး အီသေနာအင္ဂ်င္နဲ႔ ေမာင္းႏွင္ႏုိင္တဲ႔ ဖို႔ဒ္ကြာဒရာ ဆုိင္ကယ္ဆုိတဲ႔ ယာဥ္တစ္ခုကို စတင္တီထြင္ခဲ႔တယ္။ မေအာင္ျမင္ခဲ႔ဘူး။ ေနာက္ ၄နွစ္ၾကာတဲ႔အခါေတာ့ သူဟာ ဖို႔ဒ္ေမာ္ေတာ္ကားကုမၸဏီကို တည္ေထာင္ၿပီး Model T ကားအမ်ိဳးအစားကို စတင္ထုတ္လုပ္ႏုိင္ခဲ႔ပါတယ္။

အဲ႔ဒီအခ်ိန္က သူဟာ ကမၻာ႔အခ်မ္းသာဆံုးစာရင္း၀င္ ျဖစ္ခဲ့တယ္။ သင့္အေနနဲ႔ ႀကိဳးစားပမ္းစား လုပ္တဲ႔ကိစၥတခု သဲထဲေရသြန္ျဖစ္ခဲ႔ ဖူးသလား။

၂။ ေ၀ဖန္ရွဳတ္ခ်မွဳေတြကို လ်စ္လ်ဴရွဴႏုိင္ေလာက္တဲ႔ အေရထူမွဳ

ကန္းဆက္စီးတီးစတားက အယ္ဒီတာတစ္ဦးက ေ၀ါ့ဒစၥနီကို စိတ္ကူးသစ္၊ အေတြးသစ္မရွိဘူးလို႔ ေျပာဖူးတယ္။ ဒါေပမယ့္ သူဟာ အဲဒိစကားလံုးေတြကို နား၀င္မခံခဲ႔ဘူး။ ဒီလိုနဲ႔ သူဟာ မီကီေမာက္စ္လို ဇာတ္ရုပ္ေတြကုိ တီထြင္ခဲ႔တဲ႔အျပင္ အကယ္ဒမီဆု ၂၂ဆုရခဲ႔ၿပီး ကာတြန္းရုပ္ရွင္ေလာကရဲ႕ အေအာင္ျမင္ဆံုးေသာ ဒါရိုက္တာျဖစ္ခဲ႔တယ္။

ဒီေန႔ဒီအခ်ိန္မွာေတာ့ ေ၀ါ႔ဒစၥနီလုိ႔ေျပာလိုက္ရင္ ဘာဆုိတာ တကမၻာလံုးက မသိသူမရွိသေလာက္ျဖစ္ၿပီး စိတ္ကူးသစ္၊ အေတြးသစ္၊ ဆန္းသစ္မွဳရဲ႕ ျပယုဂ္တစ္ခုလုိ ျဖစ္ပါၿပီ။

၃။အစြမ္းအစရွိသူကို ျမင္ႏုိင္စြမ္း

ကိုယ့္လုပ္ငန္းကို သူမ်ားေတြနဲ႔ မတူေအာင္ လုပ္ခ်င္ရင္ ကိုယ့္အနီးအပါးမွာ စိတ္ကူးစိတ္သန္းေကာင္းၿပီး၊ အစြမ္းအစရွိသူေတြနဲ႔ ၀န္းရံထားႏုိင္ဖုိ႔လုိပါတယ္။ နာမည္ေက်ာ္ Appleကုမၸဏီရဲ႕ CEOျဖစ္သူ Steve Jobs  ဟာအခါမလပ္ ၀န္ထမ္းေကာင္းရွာတတ္တယ္လို႔ ဆုိပါတယ္။

သူ႔တသက္မွာ အလုပ္ေလွ်ာက္သူ ၅၀၀၀ေလာက္ကို ကိုယ္တုိင္အင္တာဗ်ဴးလုပ္ခဲ့ၿပီး သူ႔အဖြဲ႔ထဲမွာ ပါတဲ႔သူမွန္သမွ်ကို ကိုယ္တုိင္ကိုယ္က် ေရြးခ်ယ္ခဲ႔သူျဖစ္တယ္။

၄။ အလုပ္နဲ႔ ပတ္သက္လို႔ မတင္းတိမ္တဲ႔စိတ္

Google၊ Yahoo၊ Facebook တို႔အားလံုးမွာ ဘံုတူညီတာ ဘာရွိသလဲ။ သူတို႔ ၃ခုစလံုးဟာ တကၠသိုလ္ ေက်ာင္းေဆာင္ေလးထဲကေန အစျပဳခဲ႔တာျဖစ္တယ္။ အမ်ားက ေလးစားေလာက္တဲ႔ စီးပြားေရး လုပ္ငန္းရွင္ႀကီးမ်ားဟာ အလုပ္နဲ႔ပါတ္သက္ရင္ ေက်နပ္တင္းတိမ္ႏိုင္စြမ္းနည္းပါးသူမ်ား ျဖစ္ၾကၿပီး လုပ္ငန္းတိုးတက္ေအာင္ ဘာလုပ္ရမလဲဆုိတာကို အၿမဲလို ေတြးေတာလုပ္ေဆာင္  တတ္ၾကတယ္။

အိမ္သံုးပစၥည္း အေရာင္းကုမၸဏီ IKEA တည္ေထာင္သူ Ingvar Kamprad ေျပာတာက “ဟုတ္ၿပီကြလုိ႔ ေက်နပ္တတ္တဲ႔စိတ္ဟာ အႏၱရာယ္ အႀကီးဆံုး အဆိပ္ျဖစ္တယ္။ ေျဖေဆးကေတာ့ မနက္ျဖန္ ပိုေကာင္း လာေအာင္ ဘာလုပ္ရမလဲဆုိတာကို ညေနတိုင္း ေတြးပါ။”

၅။ ေၾကာက္စိတ္ကင္းျခင္း

ကုမၸဏီေပါင္း ၄၀၀ေက်ာ္စုစည္ထားတဲ႔ Virginအုပ္စု တည္ေထာင္သူ ရစ္ခ်တ္ဘရြန္ဆန္ ငယ္စဥ္ မိသားစု အေပ်ာ္ခရီးတခုမွာ အေဒၚျဖစ္သူက သူနဲ႔ အေလာင္းအစားတခုလုပ္တယ္။ သူဟာ အဲဒီခရီးစဥ္မၿပီးဆံုးမီ ေရးကူးတတ္ရမွာ ျဖစ္တယ္။

အိမ္အျပန္လမ္းမွာ ျမစ္တခုနား အေရာက္မွာ သူ႔အေဖကို ရုတ္တရတ္ကားရပ္ခိုင္းၿပီး ျမစ္ထဲခုန္ခ်၊ စြတ္ရြတ္ကူးၿပီးေတာ့ အဲဒီပြဲကို အႏိုင္ယူခဲ့တယ္။ အိမ္ျပန္ေရာက္ရင္ သူရွံဳးေတာ့မွာ ျဖစ္တဲ႔အတြက္ အေၾကာက္တရားကို ေဘးဖယ္ၿပီး ျမစ္ထဲ ခုန္ခ်ခဲ႔တယ္။

သူဟာ စီးပြားေရးမွာ စြန္႔စားလုပ္ကုိင္ျခင္းကို ယံုၾကည္သူ၊ ကိုယ္နဲ႔ယဥ္ပါးၿပီးသား ဧရိယာထဲမွာပဲ က်င္လည္ရတာကို မႏွစ္သက္တဲ႔သူ တေယာက္ ျဖစ္တယ္။

“လမ္းေလွ်ာက္တတ္လာတာ လဲက်လိုက္ ျပန္ထလိုက္နဲ႔ သင္ယူရင္း တတ္လာတာဗ်၊ စည္းကမ္းေတြကို လိုက္နာၿပီး တတ္လာတာ မဟုတ္ဘူး” လို႔သူကေျပာပါတယ္။

Source; News Watch

က်န္သည့္အခ်က္အလက္မ်ားကုိ ဆက္လက္ေဖာ္ျပပါမည္။

Unicode Version

သင်ဟာ လုပ်ငန်းရှင်ပေါက်စဖြစ်စေ၊ လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေသူဖြစ်စေ သင့်အနေနဲ့ ကိုယ့် အဖွဲ့အစည်းကို ဘယ်လိုဦးဆောင်ရမလဲဆိုတာတော့ သိဖို့လိုပါတယ်။ သူဌေးကြီးတစ်ယောက်ဖြစ်မှာလား၊ ဒါမှမဟုတ် သူဌေးတစ်ယောက်စီကို အစီရင်ခံစာတင်ရတဲ့သူ ဖြစ်မလားဆိုတာကို အောက်ပါအရည်အသွေး ၁၀ခုနဲ့ တိုက်စစ်လိုက်ရအောင်
၁။ ဇွဲလုံ့လရှိမှု
၁၈၉၀ ခုနှစ်မှာ ဟင်နရီဖိုဒ့်က စက်ဘီးရဲ့ ဘီး၄ဘီးပေါ်မှာ ကိုယ်ထည်တခု တပ်ဆင်ထားပြီး အီသနောအင်ဂျင်နဲ့ မောင်းနှင်နိုင်တဲ့ ဖို့ဒ်ကွာဒရာ ဆိုင်ကယ်ဆိုတဲ့ ယာဉ်တစ်ခုကို စတင်တီထွင်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ နောက် ၄နှစ်ကြာတဲ့အခါတော့ သူဟာ ဖို့ဒ်မော်တော်ကားကုမ္ပဏီကို တည်ထောင်ပြီး Model T ကားအမျိုးအစားကို စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဲ့ဒီအချိန်က သူဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဖြစ်ခဲ့တယ်။ သင့်အနေနဲ့ ကြိုးစားပမ်းစား လုပ်တဲ့ကိစ္စတခု သဲထဲရေသွန်ဖြစ်ခဲ့ ဖူးသလား။
၂။ ဝေဖန်ရှုတ်ချမှုတွေကို လျစ်လျူရှူနိုင်လောက်တဲ့ အရေထူမှု
ကန်းဆက်စီးတီးစတားက အယ်ဒီတာတစ်ဦးက ဝေါ့ဒစ္စနီကို စိတ်ကူးသစ်၊ အတွေးသစ်မရှိဘူးလို့ ပြောဖူးတယ်။ ဒါပေမယ့် သူဟာ အဲဒိစကားလုံးတွေကို နားဝင်မခံခဲ့ဘူး။ ဒီလိုနဲ့ သူဟာ မီကီမောက်စ်လို ဇာတ်ရုပ်တွေကို တီထွင်ခဲ့တဲ့အပြင် အကယ်ဒမီဆု ၂၂ဆုရခဲ့ပြီး ကာတွန်းရုပ်ရှင်လောကရဲ့ အအောင်မြင်ဆုံးသော ဒါရိုက်တာဖြစ်ခဲ့တယ်။
ဒီနေ့ဒီအချိန်မှာတော့ ဝေါ့ဒစ္စနီလို့ပြောလိုက်ရင် ဘာဆိုတာ တကမ္ဘာလုံးက မသိသူမရှိသလောက်ဖြစ်ပြီး စိတ်ကူးသစ်၊ အတွေးသစ်၊ ဆန်းသစ်မှုရဲ့ ပြယုဂ်တစ်ခုလို ဖြစ်ပါပြီ။
၃။အစွမ်းအစရှိသူကို မြင်နိုင်စွမ်း
ကိုယ့်လုပ်ငန်းကို သူများတွေနဲ့ မတူအောင် လုပ်ချင်ရင် ကိုယ့်အနီးအပါးမှာ စိတ်ကူးစိတ်သန်းကောင်းပြီး၊ အစွမ်းအစရှိသူတွေနဲ့ ၀န်းရံထားနိုင်ဖို့လိုပါတယ်။ နာမည်ကျော် Appleကုမ္ပဏီရဲ့ CEOဖြစ်သူ Steve Jobs ဟာအခါမလပ် ၀န်ထမ်းကောင်းရှာတတ်တယ်လို့ ဆိုပါတယ်။
သူ့တသက်မှာ အလုပ်လျှောက်သူ ၅၀၀၀လောက်ကို ကိုယ်တိုင်အင်တာဗျူးလုပ်ခဲ့ပြီး သူ့အဖွဲ့ထဲမှာ ပါတဲ့သူမှန်သမျှကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့သူဖြစ်တယ်။

၄။ အလုပ်နဲ့ ပတ်သက်လို့ မတင်းတိမ်တဲ့စိတ်
Google၊ Yahoo၊ Facebook တို့အားလုံးမှာ ဘုံတူညီတာ ဘာရှိသလဲ။ သူတို့ ၃ခုစလုံးဟာ တက္ကသိုလ် ကျောင်းဆောင်လေးထဲကနေ အစပြုခဲ့တာဖြစ်တယ်။ အများက လေးစားလောက်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးများဟာ အလုပ်နဲ့ပါတ်သက်ရင် ကျေနပ်တင်းတိမ်နိုင်စွမ်းနည်းပါးသူများ ဖြစ်ကြပြီး လုပ်ငန်းတိုးတက်အောင် ဘာလုပ်ရမလဲဆိုတာကို အမြဲလို တွေးတောလုပ်ဆောင် တတ်ကြတယ်။
အိမ်သုံးပစ္စည်း အရောင်းကုမ္ပဏီ IKEA တည်ထောင်သူ Ingvar Kamprad ပြောတာက “ဟုတ်ပြီကွလို့ ကျေနပ်တတ်တဲ့စိတ်ဟာ အန္တရာယ် အကြီးဆုံး အဆိပ်ဖြစ်တယ်။ ဖြေဆေးကတော့ မနက်ဖြန် ပိုကောင်း လာအောင် ဘာလုပ်ရမလဲဆိုတာကို ညနေတိုင်း တွေးပါ။”
၅။ ကြောက်စိတ်ကင်းခြင်း
ကုမ္ပဏီပေါင်း ၄၀၀ကျော်စုစည်ထားတဲ့ Virginအုပ်စု တည်ထောင်သူ ရစ်ချတ်ဘရွန်ဆန် ငယ်စဉ် မိသားစု အပျော်ခရီးတခုမှာ အဒေါ်ဖြစ်သူက သူနဲ့ အလောင်းအစားတခုလုပ်တယ်။ သူဟာ အဲဒီခရီးစဉ်မပြီးဆုံးမီ ရေးကူးတတ်ရမှာ ဖြစ်တယ်။
အိမ်အပြန်လမ်းမှာ မြစ်တခုနား အရောက်မှာ သူ့အဖေကို ရုတ်တရတ်ကားရပ်ခိုင်းပြီး မြစ်ထဲခုန်ချ၊ စွတ်ရွတ်ကူးပြီးတော့ အဲဒီပွဲကို အနိုင်ယူခဲ့တယ်။ အိမ်ပြန်ရောက်ရင် သူရှုံးတော့မှာ ဖြစ်တဲ့အတွက် အကြောက်တရားကို ဘေးဖယ်ပြီး မြစ်ထဲ ခုန်ချခဲ့တယ်။
သူဟာ စီးပွားရေးမှာ စွန့်စားလုပ်ကိုင်ခြင်းကို ယုံကြည်သူ၊ ကိုယ်နဲ့ယဉ်ပါးပြီးသား ဧရိယာထဲမှာပဲ ကျင်လည်ရတာကို မနှစ်သက်တဲ့သူ တယောက် ဖြစ်တယ်။
“လမ်းလျှောက်တတ်လာတာ လဲကျလိုက် ပြန်ထလိုက်နဲ့ သင်ယူရင်း တတ်လာတာဗျ၊ စည်းကမ်းတွေကို လိုက်နာပြီး တတ်လာတာ မဟုတ်ဘူး” လို့သူကပြောပါတယ်။
Source; News Watch
ကျန်သည့်အချက်အလက်များကို ဆက်လက်ဖော်ပြပါမည်။

Read times
Rate this item
(0 votes)