-->
×

Warning

JUser: :_load: Unable to load user with ID: 29


အံ့သြစရာကောင်းလောက်အောင် မိတ်ဆက်ခဲ့တဲ့ KFC ရဲ့ ဘီစကွတ်ကြော်ငြာ

အံ့သြစရာကောင်းလောက်အောင် မိတ်ဆက်ခဲ့တဲ့ KFC ရဲ့ ဘီစကွတ်ကြော်ငြာ Google

ကမ္ဘာကျော် KFC ကုမ္ပဏီမှ ဘီစကွတ်ကြော်ငြာ Video တစ်ခုကို သူများနဲ့မတူပဲ ထူးခြားတဲ့ပုံစံအသစ်နဲ့ မိတ်ဆက်လိုက်ပါတယ်။

ဒီ ကြော်ငြာ video ဟာ အပေါ်ပိုင်ဗလာကျင်းနဲ့ ခန္ဓာကိုယ်တောင့်တင်းတဲ့ ယောကျာင်္းများစွာပါဝင်ခဲ့ကပြခဲ့ပြီး ၁မိနစ်စာ Video ပဲဖြစ်ပါတယ်။

ဒီဗီဒီယိုကိုတော့ KFC သူဌေး Colonel Sanders ပုံနဲ့ လူသိများတဲ့ Chippendales အကကိုရောနှောထားပြီး ဗီဒီယိုရဲ့နာမည်ကိုတော့ Chickendales လို့ပေးထားပါတယ်။

ဒါဟာ အံသြလောက်စရာကောင်းတဲ့ ကြော်ငြာဗီဒီယိုတစ်ခုဖြစ်ပြီး ကြည့်ရှုသူများစွာရှိခဲ့ပါတယ်။

ဒီကြော်ငြာ Video ကို မေလ ၁၂ ရက်နေ့ အမေများနေ့အတွက် ကြိုတင်ရည်ရွယ်ပြီး မိတ်ဆက်လိုက်တဲ့ video ဖြစ်ပါတယ်။

ရင်းနှီးမြှပ်နှံမှုပြုလုပ်မယ့် လုပ်ငန်းရှင်တွေ သိထားသင့်တဲ့ စတော့အမျိုးအစားများ

ဗီဒီယိုရဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုနေ့မျိုးမှာ သင့်အမေကို ဘီစကစ်လက်ဆောင် ၀ယ်ပေးလိုက်ပါဆိုတဲ့ အဓိပ္ပါတယ်ရပါတယ်။

Chickendales ဗီဒီယိုဟာ KFC ရဲ့ Facebook page မှာ အရင်ဆုံးတင်ခဲ့တာဖြစ်ပြီး အားပေးမှုတွေရှိခဲ့သလို ဝေဖန်မှုများစွာလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် KFC facebook page ရဲ့ profile ကိုလည်း KFC သူဌေး Colonel Sanders ပုံစံဖမ်းထားတဲ့ Chickendales အကအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူရဲ့ ပုံကို ပြောင်းထားခဲ့တာကြောင့် ပရိတ်အများအံသြခဲ့ရပါတယ်။

KFC ကို ၁၉၃၀ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ Harland Sanders က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် KFC တည်ထောင်ခဲ့တဲ့ သက်တမ်းဟာ ၈၉ နှစ်ရှိပြီဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ KFC ရောင်းတဲ့ဆိုင်နေရာပေါင်းဟာ နိုင်ငံပေါင်း ၁၃၁ နိုင်ငံမှာ ၂၀၅၀၀ ဆိုင်တောင်ရှိပါတယ်။

Htet Htet Naing (Myanmar Advertising Directory)

Read times
Rate this item
(1 Vote)