-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆွဲဆောင်မှုရှိတဲ့ မဂ္ဂဇင်းမျက်နှာဖုံးတစ်ခုရရှိအောင် ဘယ်လိုဖန်တီးမလဲ

ဒီနေ့ခေတ်လူအများစုက ကြောြ်ငာလောကမှာ Printing ခောတ်က ကုန်ပြီလို့ ထင်ကောင်းထင်နေကြပါလိမ့်မယ်။လူတွေအကုန်လုံးရဲ့ အာရုံကလည်း ပုံမှန်ဆက်သွယ်တဲ့ ပုံစံကနေ digital ပိုင်းကို ပြောင်းလဲလာတဲ့အတွက် Printing ပိုင်းကို ခေတ်ကုန်ပီထင်နေကြတာပါ။ ဒါပေမယ့် supermarket တွေမှာ ရှိတဲ့ magazine တွေ၊ poster တွေ လမ်းမှာမျက်မှန်းတန်းမိစေတဲ့ အရာတွေကိုကြည့်ရင် Printing ခေတ်က မကုန်သေးဘူးဆိုတာ သင်သတိထားမိမှာဖြစ်ပါတယ်။

 

အထူးသဖြင့် ဓာတ်ပုံအရောင်အသွေးစုံလင်စွာနဲ့ သတင်းနဲ့ကြော်ငြာများကို ဝေဝေဆာဆာဖော်ပြတတ်တဲ့ မဂ္ဂဇင်းများကတော့ လူတွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတုန်းပါပဲ။ မဂ္ဂဇင်းတစ်ခုကိုမြင်တဲ့အခါမှာ မဂ္ဂဇင်းမျက်နှာဖုံးရဲ့ဆွဲဆောင်မှုက အရေးကြီးဆုံးဖြစ်တာကြောင့် မဂ္ဂဇင်းရဲ့အသက်ဖြစ်တဲ့မျက်နှာဖုံးကောင်းတစ်ခုကို ဘယ်လိုဖန်တီးသင့်တယ်ဆိုတဲ့အချက်လေးများကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

(၁) ရှင်းလင်းပြတ်သားပြီး ဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံကိုရွေးချယ်အသုံးပြုပါ။

မဂ္ဂဇင်းမျက်နှာဖုံးရှင်မော်ဒယ်များရဲ့ ဆွဲအားကောင်းတဲ့အကြည့်တစ်ချက်၊ အပြုံးတစ်ချက်နဲ့ ဖက်ရှင်ဒီဇိုင်းကာလာအနေအထားများက မဂ္ဂဇင်းတစ်အုပ်ကိုဆွဲယူဖတ်မိစေဖို့ အဓိကဆွဲဆောင်မှုဖြစ်တာကြောင့် ရှင်းလင်းပြတ်သားပြီး မိမိုက်တဲ့ဓာတ်ပုံကို မဂ္ဂဇင်းမျက်နှာဖုံးမှာအသုံးပြုဖို့က အင်မတန်အရေးကြီးလှပါတယ်။

 

(၂) မှန်ကန်တဲ့အရောင်ရွေးချယ်မှုဖြစ်ပါစေ။`

နောက်ခံအရောင်ပေါ်မှာ ထင်ရှားပြတ်သားတဲ့ စကားလုံးများပေါ်နေဖို့ဆိုရင်တော့ လိုက်ဖက်မှန်ကန်တဲ့ အရောင်ရွေးချယ်မှုဖြစ်နေဖို့ လိုအပ်ပါတယ်။

 

(၃) လမ်းဟောင်းကိုလိုက်ပါ... သို့သော် မရိုးအီပါစေနဲ့။

မဂ္ဂဇင်းမျက်နှာဖုံးမှာ ရှိနေရမယ့် သတင်း၊ အင်တာဗျူးတစ်ခုစီရဲ့ခေါင်းစဉ်များကို မဖြစ်မနေထည့်ရမှာဖြစ်ပေမယ့် သမားရိုးကျစတိုင်မှခွဲထွက်ပြီး စာဖတ်သူတို့အတွက် မရိုးအီနေစေပဲ ဆန်းသစ်မှုရှိတဲ့ ခေါင်းစဉ်နေရာချမှုကိုဖန်တီးပါ။

 

(၄) စာလုံးအကြီးအသေး အဆင့်ဆင့်နေရာချမှု မှန်ကန်ပါစေ။

မဂ္ဂဇင်းကိုမြင်လိုက်တာနဲ့ အထဲမှာပါဝင်မယ့် အကြောင်းအရာတွေကို အဓိကဖော်ပြပေးနေတဲ့စကားလုံးအကြီးအသေးပုံနှိပ်မှုကလည်း ဆွဲဆောင်မှုရှိတဲ့ မဂ္ဂဇင်းအဖုံးဖြစ်လာဖို့ အရေးပါလှပါတယ်။

 

(၅) လမ်းသစ်ဖောက်ဖို့ မကြောက်ပါနဲ့။

ရှေးထုံးအစဉ်အလာများနဲ့မတူပဲ သာမန်နဲ့ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ မဂ္ဂဇင်းမျက်နှာဖုံးတစ်ခုက ဆွဲဆောင်မှုရှိနေမှာအသေအချာပဲပေ့ါ။ ဒီလိုခွဲထွက်တဲ့အခါမှာတော့ ရှိသင့်ရှိထိုက်တဲ့ကျင့်ဝတ်များကိုတော့ မပယ်ဖျက်သင့်ပါဘူး။အပေါ်မှာဖော်ပြခဲ့တာကတော့ ဆွဲဆောင်မှုရှိတဲ့ မဂ္ဂဇင်းမျက်နှာဖုံးတစ်ခုရရှိအောင် ဘယ်လိုဖန်တီးမလဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ 

 

Myanmar Advertising Directory

Read times
Rate this item
(0 votes)