-->
×

Warning

JUser: :_load: Unable to load user with ID: 29


တရုတ်နိုင်ငံတွင် ကြော်ငြာသုံးစွဲမှု ၂.၈ ရာခိုင်နှုန်းကျဆင်း

WPPရဲ့ မီဒီယာရင်းနှီးမြှုပ်နှံမှုအဖွဲ့ GroupMရဲ့ အဆိုအရ တရုတ်နိုင်ငံရဲ့ ကြော်ငြာအသုံးစရိတ်က ယခုနှစ်မှာဆုံးရှုံးမှု ၂.၈ ရာခိုင်နှုန်းကျဆင်းပြီး စုစုပေါင်းပမာဏမှာ ယွမ် ၆၆၆.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၉.၅ ဘီလီယံ)ရှိတယ်လို့ ခန့်မှန်းရပါတယ်။

 

နေ့စဉ်ဘ၀မှာ အင်တာနက်ကြော်ငြာတွေက ဒစ်ဂျစ်တယ်စီးပွားရေးရဲ့ အဓိကအခန်းကဏ္ဍမှ ၈၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ဆိုပါသည်။ သုံးစွဲမှုကို ယခုနှစ်က ၄.၂ ရာခိုင်နှုန်းမြင့်တက်မယ်လို့ ခန့်မှန်းထားပြီး နောက်နှစ်မှာ ၁၁ ရာခိုင်နှုန်းမြင့်တက်မယ်လို့ မျှော်လင့်ရပါတယ်။

 

သမားရိုးကျ ရုပ်မြင်သံကြားကြော်ငြာ အသုံးစရိတ်က ယခုနှစ်မှာ ၁၈.၄ ရာခိုင်နှုန်းကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါသည်။ လာမည့် နှစ်မှာ တိုကျိုအိုလံပစ်နှင့်ယူအီးအက်ဖ်အေ ဥရောပဘောလုံးချန်ပီယံ တီဗီကြော်ငြာတွေအတွက် အသုံးစရိတ် ပြန်လည် တိုးလာနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

5Gနည်းပညာက ပရိသတ်တွေနှင့်တီဗီအကြောင်းအရာတွေ အကြား အပြန်အလှန်ဆက်သွယ်မှုပုံစံ အသစ်တွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ COVID-19ဖြစ်ပွားပြီးနောက် ခရီးသွားလာခွင့်ကန့်သတ်မှုများကြောင့် outdoorကြော်ငြာများ ပြီးခဲ့တဲ့နှစ်ကထက် စွမ်းဆောင်ရည်နိမ့်ကျခဲ့ပြီးနောက် outdoorကြော်ငြာဈေးကွက်မှာ အကြီးအကျယ်ထိခိုက်သွားနိုင်ပြီး ရပ်ရွာလူထုရဲ့ outdoorကြော်ငြာတွေက တန်ဖိုးထားရတဲ့ ကြော်ငြာလမ်းကြောင်းတစ်ခုဖြစ်သော်လည်း ဝန်ဆောင်မှုပေးသူများနှင့်အင်တာနက်ကုမ္ပဏီတွေရဲ့ စုစုပေါင်းအသုံးစရိတ်က ၂၇.၄ ရာခိုင်နှုန်းနိမ့်ကျလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

၂၀၂၁ ခုနှစ်မှာ out-of-homeကြော်ငြာဈေးကွက်က ၄.၄ ရာခိုင်နှုန်းတိုးတက်လာတာကို တွေ့ရပါတယ်။ သမားရိုးကျ outdoor မီဒီယာပုံစံတွေက outdoorကြော်ငြာတွေ အွန်လိုင်းနှင့်အော့ဖ်လိုင်းစျေးကွက်ရှာဖွေရေးအတွက် နည်းပညာတိုးတက်မှုတွေရဲ့ အကောင်းဆုံးသောအောင်မြင်မှုများ ဖြစ်လာနိုင်ပါတယ်။

 

"ကြော်ငြာသူတွေက စွမ်းဆောင်ရည်မြင့်မားတဲ့ကြော်ငြာတွေကို ပိုအာရုံစိုက်ကြမှာဖြစ်ပြီး နည်းပညာကို အခြေခံတဲ့ တိကျမှန်ကန်မှုကို ပေးတဲ့ကြော်ငြာက အချိန်အတော်အတန်ကြာအောင် အကျိုးဖြစ်ထွန်းစေလိမ့်မယ်"

 

" TV channels နှင့် brandsအစား သုံးစွဲသူတွေက contentအပေါ် ပိုမိုစိတ်ဝင်စားကြကြောင်း သိသာနေပါတယ်။ ကုန်အမှတ်တံဆိပ်တွေက မြို့ကြီးတွေရဲ့ ပြင်ပစျေးကွက်တွေဆီကို သာမက အခြားစျေးကွက်တွေဆီကိုပါ ပါ၀င်နိုင်ရန်လိုအပ်ပါတယ်။ ဒီလိုအပ်မှုက ၎င်းတို့ရဲ့ စျေးကွက်တည်ရှိမှုကို တိုးချဲ့ဖို့လည်းဖြစ်တယ်"လို့ GroupM Knowledge မှအကြီးအကဲ Zod Fang ကပြောကြားခဲ့ပါတယ်။

 

Source: Shine

Read times
Rate this item
(0 votes)