-->
×

Warning

JUser: :_load: Unable to load user with ID: 29


သိထားသင့်တဲ့ Disney + ရဲ့ ကိန်းဂဏန်းပေါက်ကွဲထွက်မှု အချက် ( ၅ ) ချက်

Disney + ရဲ့ လူစိတ်ဝင်စားမှု အများဆုံးအချိန်ကာလကြီး ဖြစ်တဲ့ ယခုကာလမှာ Disney ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ Bob Chapek ဟောပြောပွဲတစ်ခုမှာ ပြောကြားချက် အရ ၎င်းတို့ Platform အနေနဲ့ ၈၆. ၈ သန်းကျော် အသုံးပြုသူရှိတယ်သိရပါတယ်။

 

ဒါဟာ Streaming Service လောကမှာ Disney က အင်မတန်မှ တိုးပေါက်တာဖြစ်ပြီး Brand ရှိနေပြီးသား ဟိတ်ကြီးဟန်ကြီး Brand မို့သာ အချိန် အနည်းငယ်အတွင်းမှာ ယခုခဲ့သို့အောင်မြင်မှု ရရှိတယ်ဆိုရပေမယ် တကယ့် Disney ရဲ့ Branding ကို မီးမောင်းထိုးပြနေသလိုပါပဲ။လောလောဆယ်မှာ Disney + ဟာ အရာရာ perfect ဖြစ်မနေပါဘူး တဖြည်းဖြည်းကောင်းလာဖို့ကို တစ်ပတ်တစ်ခါ အချိန်ယူလုပ်ဆောင်နေတယ်သိရပါတယ်။အခုဆိုရင်တော့ Disney အနေနဲ့စျေးကွက်ရှာဖွေရေးဆိုင်ရာနှင့် Brand နာမည်ကို တည်ဆောက်ရေးဆိုင်ရာများကို တဖြည်းဖြည်း မြင်သာလာအောင် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

 

၁ . Disney + အနေနဲ့ အခုဆိုရင် အသစ်တည်ဆောက်ထားတဲ့ ရည်ရွယ်ချက် အနေအထားအတိုင်းရောက်ရှိလို့နေပါပြီ

ဒီဇင်ဘာ ၂ ရက်နေ့မှာ Disney + Streaming Service ကိုကမ္ဘာနှင့် တစ်ဝှမ်း အသုံးပြုသူ ၈၆. ၈ သန်း ရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ နှစ်က သူတို့ Disney + ကို Streaming Service တစ်ခုအဖြစ်စတင် မိတ်ဆက်စဉ် နောက်နှစ်သုံးနှစ်မှာ သန်း ၉၀ အထက် အသုံးပြုသူရှိစေရင်ရည်ရွယ်ချက်ထားရှိခဲ့ပါတယ်တဲ့။

ထိုအချိန်တုန်းက Bob Chapek မှ '' မမျှော်မှန်းသင့်သည်ကို အစိမ်းသက်သက် မျှော်မှန်းခဲ့တာ လို့ဆိုပေမယ့် '' လက်ရှိမှာ တကယ် ရလာတော့မှာပါပဲ ။ Streaming Service တွေရဲ့ ထိပ်ခေါင် Netflix က ၂၀၁၆ ခုနှစ် မှာ အသုံးပြုသူ ၁၉၅ သန်းရရှိခဲ့ပါတယ်။

 

၂ အခုလို တန်လို့ ကြည့်ရှုသူများပြားတယ်ဆိုပါဆို့ စျေးက တက်ဦးမှာပါ

Disney က သူ့ကို အားပေးသူ ကြည့်ရှုသောသူများတာမို့ ယခုဆိုရင် Profile တစ်ခုကို ၆.၉၉ ပေါင်စတာလင် ( ၁၂၆၂၅ မြန်မာကျပ်ငွေ ) မှ ပေါင်စတာလင် ( ၁၆၂၀၀ မြန်မာကျပ်ငွေ ) သို့ ၂၀၂၁ မှာကျသင့်ကောက်ခံတော့မှာပါ။သို့ပေမယ့် ကြိုတင်ဝယ်ယူ ပြီးသား အသုံးပြုသူတွေကိုတော့ နဂို နှုန်းထားနှင့်ပဲကောက်ခံမယ်သိရပါတယ်။

 

၃ Disney အနေနဲ့ နောက်ထပ် အပြည်ပြည်ဆိုင်ရာ ကြည့်ရှုနိုင်တဲ့ အင်တာနက် ရုပ်သံကို ထုတ်လွှင့်မည်

Disney အနေနဲ့ Star entertainment ဆိုကာ ဖေဖော်ဝါရီ ၂၃ မတိုင်ခင် ရွေးချယ်ထားတဲ့ ဥရောပနိုင်ငံများနှင့် ကနေဒါ ၊ နယူးဇီလန် တို့တွင် စတင်မိတ်ဆက်တော့မှာပါ။အဆိုပါ Star ရုပ်သံမှာ ကြော်ငြာများထည့်သွင်းထားမှာ မဟုတ်သလို ပြသမှာ တွေကတော့ Star Wars ဇာတ်ကားစီးရီးများ , Marvel ရုပ်ရှင်စီးရီးများ , National Geographic စီးရီးအပိုင်းများ , Disney Animation စီးရီးများနှင့် Pixar မှ စီးရီးများ စတဲ့ ၆ ခုကိုသာ အဓိကထား ပြသမှာဖြစ်ပါတယ်။သည့်အပြင် Star တွင် တစ်ခါတစ်ရံ 20th Century ရဲ့ ရုပ်ရှင်များ ပြသမယ်သိရပါတယ်။

 

၄ အကုန်လုံးကို ချုံပြောရရင် Disney ဟာအိမ်မက်ကြီးကြီးမားမားထားပြီး သူ့ အင်တာနက် ရုပ်သံကို တည်ဆောက်ထားတာပါ၂၀၂၄ မရောက် ခင်မှာ ကြည့်ရှုသူ ၂၃၀ သန်းမှ ၂၆၀ သန်းထိ ရည်ရွယ်ထားပုံပါ။

အခုအချိန်မှာတော့ စီးပွားရေးလုပ်ငန်းတိုင်းက အတော်လေး အားစိုက်နေရပါတယ် သို့ပေမယ့် Disney ရဲ့ စီးပွားရေးကတော့ ကောင်းမွန်တဲ့အနေအထားမှာရှိပြီး ကိုဗစ်မဖြစ်ခင်မှာ အမေရိကန်ဒေါ်လာ ၁၆.၉ သန်း ရထားတာတွေ့ရပြီး ကိုဗစ်မဖြစ်ခင် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၁.၁ သန်းရရှိထားတယ်သိရပါတယ်။သည့်အပြင် Disney မှ ပြဇာတ်များကို ရုပ်သံပြန်ရိုက်ဖို့ ပီတာ ပန် ၊ ဝမ်ဒီ အပါအဝင် မင်းသားကြီး တွန်ဟန့်ခ် နှင့် အမ်နီမေးရှင်း သစ်သားရုပ်လေး ပီနိုချီယို တို့ကို Disney+ မှာ ရိုက်ကူးပြသအုံးမှာပါ။Disney တစ်ခု ထဲ ပြဇာတ်တွေကို ရုပ်သံ ပြန် ရိုက်တာမဟုတ်ပေဘူး Warner Bros မှလည်း HBO Max မှာ ၂၀၂၁ ခုနှစ်အတွင်း ရုပ်သံပြသဖို့ ရှိတယ်သိရပါတယ်။

 

၅ Disney ကတော့ အသုံးပြုသူရော ကြော်ငြာ ဝင်ငွေပါ တိုးမည့်ပုံပါ
Disney ဟာ လူအများကြီးကို အသုံးပြုလာဖို့ မျှော်လင့်နေယုံ မကပဲကြော်ငြာများကို နည်းနည်းနှင့်ထိထိရောက်ရောက်ပြသပြီး ကြော်ငြာ မှ ဝင်ငွေရှာချင်ပုံပါ။

 

Ref : The Drum 

 

 

Read times
Rate this item
(0 votes)