-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ပိုင်အစွမ်းအစဖြင့် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့ Kylie Jenner

ကိုယ်ပိုင်အစွမ်းအစဖြင့် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့  Kylie Jenner google

အမေရိကန်မော်ဒယ်နဲ့ Reality TV စတား ခိုင်လီဂျန်နာဟာ Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့စာရင်းအရ ကိုယ်ပိုင်အစွမ်းအစဖြင့် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာခဲ့ပါတယ်။

နာမည်ကြီး ကာဒက်ရှီယန်မိသားစုမှာ အငယ်ဆုံးဖြစ်တဲ့ ခိုင်လီက သူမရဲ့ ရောင်းအားအကောင်းဆုံး အလှပြင်ပစ္စည်းလုပ်ငန်းကနေ ဝင်ငွေများစွာရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ခိုင်လီက Kylie Cosmetics လုပ်ငန်းကို တည်ထောင်ပိုင်ဆိုင်ထားပါတယ်။ သုံးနှစ်သက်တမ်းရှိပြီဖြစ်တဲ့ Kylie Cosmetics အလှပြင်ပစ္စည်းလုပ်ငန်းကနေ ယမန်နှစ်အတွင်း ခန့်မှန်းခြေ                                                                                                                                    အမေရိကန်ဒေါ်လာ သန်း ၃၆၀ ဝင်ငွေရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ခိုင်လီက အသက် ၂၃ နှစ်အရွယ်မှာ ကိုယ်ပိုင်အစွမ်းအစဖြင့် ဘီလျံနာဖြစ်ခဲ့တဲ့ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်ထက်စောပြီး အသက် ၂၁ နှစ်အရွယ်မှာပင် ဘီလျံနာတစ်ဦး ဖြစ်လာခဲ့တာပါ။

Webpage Design Services (ဝက်ဘ်ဆိုက်ဒီဇိုင်းဝန်ဆောင်မှုများ(၉၆)ခုကိုရှာရန်နှိပ်ပါ။)

"ကျွန်မ ဘာမှ မမျှော်လင့်ပါဘူး၊ အနာဂတ်ကို ကြိုမသိနိုင်ဘူးလေ၊ ဒါပေမဲ့ ဒီလို အသိအမှတ်ပြုခံရတာ တစ်ကယ့်ကို ကောင်းတယ်လို့ခံစားရပါတယ်၊
ဒါက အောင်မြင်မှုအတွက် အရမ်းကောင်းတဲ့ ချီးကျူးဂုဏ်ပြုမှုတစ်ခုပါပဲ" လို့ ခိုင်လီက Forbes ကို ပြောခဲ့ပါတယ်။

ခိုင်လီနဲ့ သူမရဲ့လက်တွေဲဖော် ရက်ပ်အဆိုတော် ထရာဗစ်စတော့တ်တို့မှာ Stormi လို့ အမည်ပေးထားတဲ့ သမီးလေးတစ်ဦး ပိုင်ဆိုင်ထားကြပြီး
ယခုအခါ အသက်တစ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။

Forbes က ယခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ စာရင်းမှာ Amazon ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျက်ဖ်ဘီဇော့က ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ ဂျက်ဖ်ဘီဇော့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၃၁ ဘီလီယံဖြစ်ပြီး                                                                                  ၂၀၁၈ ခုနှစ်ကထက် ၁၉ ဘီလီယံ ပိုများလာခဲ့တယ်လို့ Forbes က ပြောထားပါတယ်။

ကမ္ဘာ့ နာမည်အကြီးဆုံးနဲ့ ရောင်းအားအများဆုံး Brand (၆) ခု

Credit - Duwun

Read times
Rate this item
(0 votes)