-->
×

Warning

JUser: :_load: Unable to load user with ID: 29


Messenger roomဆိုတဲ့ feature ကိုမိတ်ဆက်ပေးလိုက်တဲ့ Facebook

လက်ရှိ Coronavirus ကာလမှာ ကျွန်တော်တို့အားလုံးဟာ အခက်ခဲတွေနဲ့ရင်ဆိုင်လာရပါတယ်။Lockdownအတွင်း မိသားစု၊သူငယ်ချင်းတွေ တွေ့ဆုံဖို့ သို့မဟုတ် လုပ်ငန်းအစည်းအဝေးတွေအတွက် Video Conferencing Service အသုံးပြုမှုနှုန်းက သိသိသာသာကို မြင့်တက်လာ‌ခဲ့ပါတယ်။

 

ဒါ့ကြောင့် Facebookက သူတို့ရဲ့ Video-conferencing service ခြေလှမ်းအသစ်တစ်ခုအနေနဲ့ Messenger Roomကို သုံးစွဲသူ ပရိသတ်တွေအတွက် ဖန်တီးပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

 

Facebookမိတ်ဆက်ပေးလိုက်တဲ့ Messenger Room ကတော့ အသုံးပြုချိန် အကန့်အသတ် မရှိဘဲ Live broadcastတစ်ခုကို လူဦးရေ ၅၀အထိ ပါဝင်ဆင်နွှဲနိုင်ပြီး ၎င်းroomကိုထောင်ထားတဲ့ သူက profile၊ Page သို့မဟုတ် Groupတွေကို inviteလုပ်နိုင်မှာ ဖြစ်ပါတယ်။

 

၇လပိုင်း ၂၄ရက်နေ့ကတည်းက တချို့နိုင်ငံတွေက ၎င်းfeatureကို Facebookနှင့် Messenger webတွေမှာ စတင် အသုံးပြုလို့ရနေတာဖြစ်ပြီး ယခုအခါ mobile app(ios နှင့် android)အတွက် သာမက Desktop appအတွက်ပါ ရရှိတော့မှာဖြစ်ပါတယ်။

 

Facebook သို့မဟုတ် Messenger ဝက်ဘ်ဆိုက်များမှ Live Roomကို ဖန်တီးနိုင်ပြီး Facebook accountရှိတဲ့ သူတိုင်း ပါဝင်နိုင်ပါတယ်။

 

Roomဖန်တီးသူက Facebook ပေါ်မှာ Roomကို တခြားသူတွေထံ မျှဝေနိုင်ပြီး Live broadcastတွင် ပါ၀င်ရန် Inviteလုပ်ခြင်းများနှင့်အတူ Liveကိုထိန်းချုပ်နိုင်ပါတယ်။



ပါဝင်သူတွေကို Roomမှ ထုတ်နိုင်သလို Roomသို့ ထည့်သွင်းခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။

 

Room အသုံးပြုသူတွေက Facebookရဲ့ community standardကို ချိုး‌ဖောက်‌‌နေပါက ဘယ်သူမဆို Facebookကို reportတင်နိုင်မှာလည်း ဖြစ်ပါတယ်။

 

Facebook Roomဟာ work from home meetingများ၊ Familyများ၊ Friendship များ၊ online teachingများကို Zoom(Video Conferencing Service)မှာ အသုံးပြုသလို စိတ်ချ လက်ချအသုံးပြုလို့ရမှာပဲ ဖြစ်ပါတယ်။

 

Source:IndiaTV News

Read times
Rate this item
(0 votes)