-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာ့ နာမည်အကြီးဆုံးနဲ့ ရောင်းအားအများဆုံး Brand (၆) ခု

ကမ္ဘာ့ နာမည်အကြီးဆုံးနဲ့ ရောင်းအားအများဆုံး Brand (၆) ခု google


ဒီBrand တွေက ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးနဲ့ ရောင်းအားအများဆုံး ကုန်အမှတ်တံဆိပ်တွေပဲ ဖြစ်ပါတယ်။

(၁) Louis Vuitton

ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဖက်ရှင် Brand အဖြစ် သတ်မှတ်ခံရတဲ့ Louis Vuitton ဟာ လယ်သာသားရေတွေ၊ Trench Coats တွေ နဲ့ နာမည်ကျော်ပါတယ်။ မျက်မှန်၊ အိတ်၊ လက်ဝတ်ရတနာ အစရှိတဲ့ ဖက်ရှင်အသုံးအဆောင်တွေလည်း ထုတ်လုပ်ပါတယ်။                                                           Louis Vuitton ကနေ တစ်နှစ်ရောင်းအားဝင်ငွေဟာ ဒေါ်လာ ၁၀.၁ ဘီလျံလောက်ရှိပြီး Brand Value ကတော့ ဒေါ်လာ ၂၈.၁ ဘီလျံရှိတယ်လို့ ဆိုပါတယ်။

(၂) Gucci

ဂူစီယိုဂူစီဆိုသူက ၁၉၂၁ ခုနှစ်က စတင်တည်ထာင်ခဲ့တဲ့ Gucci ဟာ တန်ဖိုးကြီး Luxury အဝတ်အစား၊ လက်ကိုင်အိတ် စတာတွေနဲ့ နာမည်ကြီးပါတယ်။ဝင်ငွေ ဒေါ်လာ ၄.၅ ဘီလျံခန့် ရှိပြီး Brand Value ကတော့ ၁၂.၄ သန်း ဖြစ်ပါတယ်။

(၃) Hermes

လက်ကိုင်အိတ်တွေနဲ့ နာမည်ကြီးတဲ့ Hermes ကို ၁၈၃၇ ခုနှစ်မှာ ပြင်သစ်နိုင်ငံသား သီယာရီဟားမီးစ်ဆိုသူက တည်ထောင်ခဲ့တာပါ။ နှစ်ပေါင်း ၁၈၀ ကျော်အတွင်း အတွေ့ အကြုံတွေနဲ့ အတူ Hermesဟာ Brand Value ဒေါ်လာ ၁၀.၆ ဘီလျံ၊ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၅.၃ ဘီလျံနဲ့                                   ကမ္ဘာ့တတိယဈေးအကြီးဆုံး ဖက်ရှင် Brand အဖြစ် ရပ်တည်နေပါတယ်။

Costume & Fashion (ဝတ်စုံနှင့်ဖက်ရှင်လုပ်ငန်းများ(၃၈၇)ခုကိုရှာရန်နှိပ်ပါ။)

(၄) Prada

Prada ဟာ အီတလီကသားရေချုပ်လုပ်သူ မာရီယိုပရာဒါက ၁၉၁၃ မှာ တည်ထောင်ထားတဲ့ ဖက်ရှင်ကုမ္ပဏီပါ။ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄.၇ ဘီလျံပဲ ရှိပေမယ့် Brand Value ကတော့ ဒေါ်လာ ၇.၃ ဘီလျံခန့် ရှိပါတယ်။ Prada ဟာ အမျိုးသမီးဖက်ရှင်ဘက်ကို ပိုသွားတဲ့                                                  Brand ဖြစ်ပြီး ကမ္ဘာ့ရောင်းအား အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး အသုံးအဆောင်အမှတ်တံဆိပ်တွေထဲမှာ နံပါတ် ၄ နေရာက ရှိပါတယ်။

(၅) Chanel

ကိုကိုချာနဲလ်က တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ရေမွှေး၊ အမျိုးသမီးအဝတ်အစားတွေနဲ့ ထင်ရှားပါတယ်။ ကမ္ဘာပေါ်က ဈေးအကြီးဆုံး Brand တွေထဲက တစ်ခုဖြစ်ပြီး Brand Value ဒေါ်လာ ၆.၈ ဘီလျံ နဲ့ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၅.၄ ဘီလျံအထိ ရှိပါတယ်။

(၆) Ralph Lauren

နာမည်ကျော်ပုဂ္ဂိုလ်အများစု ဝတ်လေ့ရှိတဲ့ ဖက်ရှင်အမှတ်တံဆိပ်ဖြစ်ပြီး Brand Value ဒေါ်လာ ၆.၆ ဘီလျံလောက် ရှိပါတယ်။ တစ်နှစ်တစ်နှစ် Ralph Lauren ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၇.၁ ဘီလျံ ခန့် ရှိနေပါတယ်။Ralph Lauren အောက်မှာ Polo အမှတ်တံဆိပ်လည်း ရှိထားပါတယ်။

Social Media Marketing လွယ်ကူပါသလား?

Source; Kwee

Read times
Rate this item
(1 Vote)