-->
×

Warning

JUser: :_load: Unable to load user with ID: 29


အဖေများနေ့ အတွက် Cadbury မှ Dadbury နာမည်ပြောင်းခဲ့

နာမည်ကျော် ဗြိတိန်ချောကလက် Brand ဖြစ်တဲ့ Cadbury မှာ ကမ္ဘာ့ နေရပ်အသီးသီး မှာ ရှိတဲ့ အေဖေများနေ့ကို ဂုဏ်ပြုသော အားဖြင့် ၎င်းတို့ရဲ့ Brand Logo ကို Cadbury မှ Dadbury အဖြစ်ပြောင်းလဲခဲ့ပါတယ်။

 

ဖခင်ရဲ့ ချစ်ခြင်းမေတ္တာ ၊ အားကိုး အားထားရမှု့ ၊ ယုံကြည်လုံခြုံမှု့စသည်တို့ကို ပြသရန် အတွက် အဆိုပါ Dadbury ကို Logo အတွက် ပြောင်းလဲလိုက်ခြင်းပင်ဖြစ် ပါတယ်။

 

ယခုကုန်အမှတ်တံဆိပ်မှာ ပေါင်စတာလင် ၅၀၀၀ ကုန်ကျခံပြီး အဖေများနေ့အတွက် လိုဂို အသစ်တစ်ခုရေးဆွဲခဲ့ပါတယ် ၎င်းလိုဂိုမှာ နဂို ကုန်အမှတ်တံဆိပ်နေရာမှာ Dad ကို အစားသွင်းထားကာ စာလုံးရေးဆွဲပုံကတစ်ထေရာတည်းပါပဲ။

 

လူမှု့ဆက်ဆံရေးပိုင်းဆိုင်ရာ အရာရှိဖြစ်သူ Mark Borkowski မှ The Sun အား ပြောကြားချက်ကတော့ ထို Logo ပြုလုပ်ရခြင်းမှာ အဖေများနေ့အတွက် ပေါင်စတာလင် ၅ ထောင် ကုန်ကျပြီး သူတို့ Brand ကို ပြန်ပြီး အသက်သွင်းချင်လို့သိရပါတယ်။

 

၎င်းတို့ Cadbury နေရာမှာ Dadbury Logo ထည့်သွင်းပြီး သူတို့ရဲ့ လူ့မှု့ကွန်ယက်ပေါ်က Page တွေမှာ ၂၄ နာရီ အဖေ များနေ့တစ်ရက်တိတိ တင်ခဲ့ပါတယ် အဆိုပါ Campaign ကို VCCP မှ ဦးစီးပြီးလုပ်တယ်သိရပါတယ်။

 

ဒါ့ထက် သူတို့ရဲ့ အဆိုပါချောကလက်ကို စတင်တည်ထောင်သူ John Cadbury အငွေ့အသက်ကို ရှိစေချင်တာပါ နဂိုလက်မှု့ ပညာကလည်း တအားလှပါ့ ပါတယ်။

 

အစက Cadbury ချောကလက်တုံးတွေပေါ်မှာ ၎င်းရဲ့ ဒါရိုက်တာဖြစ်သူ William Cadbury ရဲ့ လက်မှတ်ကို ၁၉၂၁ ထိထည့်သွင်းခဲ့ပါတယ်။၁၉၆၀ မတိုင်ခင်မှာတော့ Cadbury ချောကလက်တွေမှာ တံဆိပ်တုန်း မရိုက်တော့ ပါဘူး။

 

Cadbury ချောကလက် လုပ်ငန်းစုကို အင်္ဂလန်နိုင်ငံ ဘာမင်ဟမ် အရပ်မှာ ၁၈၂၄ မှာ စတင်တည်ထောင်ခဲ့ပါတယ်။

 

 

<<< Zawgyi >>>

 


-----------------------------------------------------------------------------

 


 


 


 


 


 


 


 


 

 

Ref : The Drum 

Read times
Rate this item
(0 votes)