-->
×

Warning

JUser: :_load: Unable to load user with ID: 29


Apple နဲ့ McDonald တို့ ဘာကြောင့်အောင်မြင်တဲ့ တံဆိပ်တစ်ခုဖြစ်လာတာလဲ...?

Apple နဲ့ McDonald တို့ ဘာကြောင့်အောင်မြင်တဲ့ တံဆိပ်တစ်ခုဖြစ်လာတာလဲ...? Google

အောင်မြင်တဲ့ တံဆိပ်တစ်ခုဖန်တီးဖို့အတွက် ဆိုရင်အခြေခံအချက်အားဖြင့် ကုမ္ပဏီက ၀ယ်ယူသူကို ပေးချင်တဲ့အချက်တွေ၊ သုသေသနတွေ၊ တန်ဖိုး၊ educated ၊ အမြင်နှင့် အတွေ့အကြုံ တွေလိုအပ်ပါတယ်။

ကမ္ဘာမှာ အောင်မြင်တဲ့ ကုမ္ပဏီနှစ်ခုရဲ့ တံဆိပ် အောင်မြင်အောင်ဆောင်ရွက်ပုံက ဒီထက်ပိုပါတယ်။ သူတို့က တံဆိပ်ရဲ့ရှုပ်ထွေးမှုကို ၀ယ်ယူသူနားလည်အောင် ရှင်းထုတ်ပါတယ်။ ဒီနည်းလမ်းကိုတော့ ကိုယ့် ဘ၀၊ ကိုယ့်ကုမ္ပဏီမှာပါ အသုံးချနိုင်ပါတယ်။ ဒီတော့ အောင်မြင်တဲ့လုပ်ငန်းတွေဘယ်လို Brand value မြှင့် တင်လဲဆိုတာကို ဆက်လက်တင်ပြပေးပါမည်။


Apple ကဘယ်လိုဆောင်ရွက်သလဲ

Steve Jobs ဟာ သူရဲ့တံဆိပ်အောင်မြင်အောင် လုပ်တဲ့နေရာမှာ ထူးချွန်တယ်ဆိုတာ မြင်သာပါတယ်။ လေ့လာလို့ရတဲ့ အချက်သုံးချက်ကတော့

၁။ ၀ယ်ယူသူဟာ ကုန်ပစ္စည်းကိုသုံးစွဲတဲ့အခါမှာ ရှင်းလင်းပြီး၊ နားလည်လွယ်တာမျိုးဖြစ်ပါစေ။ ဥပမာအားဖြင့် Apple ဆိုင်ကိုသွားတဲ့အခါမှာ ကိုယ်လိုချင်တဲ့ပစ္စည်းကို အရမ်းရှာစရာမလိုပဲ တွေ့နိုင်ပါတယ်။ ဒီတော့ သူတို့ရဲ့ဆောင်ရွက်ပုံက ရှင်းလင်းပြီး၊ မြန်ဆန်မှုကိုအဓိကထားပြီး၊ ၀ယ်ယူပြီးတဲ့အခါမှာ စိတ်ကျေနပ်မှုရရှိအောင် အဓိက ထားတာဖြစ်ပါတယ်။

၂။ ၀ယ်ယူသူ မြင်လွယ်အောင် လုပ်ဆောင်ပါ။ ကိုယ့်ထုတ်ကုန်အတွက် ကြော်ငြာစာသားလေးပဲ ရေးမယ့်အစား၊ ဗွီဒီယို လေးတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ ပြီးတော့ ၀ယ်ယူသူတွေကို ဘယ်လိုအသုံးပြုသင့်တယ် ဆိုတာကို ပြသပေးပါ။ ပြီးတော့ ကိုယ့်ထုတ်ကုန်ကို အစမ်းသုံးဖို့ ပြသပေးပါ။

၃။ ထူးခြားတဲ့ story ရှိတဲ့ ကြော်ငြာကိုဖန်တီးပါ။ ၀ယ်ယူသူဘ၀မှာ ဘာတွေလိုအပ်နေလဲ။ ဒီထုတ်ကုန်က ဒီလိုလိုအပ်မှု၊ ခက်ခဲမှုကိုဘယ်လို ဖြေရှင်းပေးနိုင်မလဲ။

ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုးပြောင်းလဲလာတဲ့ ကြော်ငြာပုံစံများ

McDonald နဲ့ မဟာဗျူဟာ

McDonald ကုမ္ပဏီဟာ အောင်မြင်တဲ့ Brand ကို ဖန်တီးနိုင်တာကိုငြင်းဖွယ်မရှိပါဘူး။ မီဒီယာကနေ မကောင်းတဲ့သတင်းတွေ၊ အချက်တွေကို ဖန်တီးနေပေမယ့်လဲ ကုမ္ပဏီဟာအောင်မြင်မြဲဖြစ်ပြီး၊ နိုင်ငံတကာမှာ အင်အားကြီးမားတဲ့ တံဆိပ်အဖြစ်ရပ်တည်မြဲပါပဲ။

McDonald ရဲ့ထူးခြားတဲ့ မဟာဗျူဟာကတော့ ကြော်ငြာဖန်တီးမှုမှာ တူညီတဲ့လူတစ်စုကိုပဲ ပစ်မှတ်ထားပါတယ်။ ဒီနည်းကို အသုံးချခြင်းအားဖြင့် ကုမ္ပဏီဟာ လူတစ်စုအတွင်းမှာ အောင်မြင်နိုင်တဲ့ ထုတ်ကုန်ကို ကြော်ငြာနိုင်ပြီး၊ အခြား sector မှာမအောင်မြင်နိုင်တာကို မလိုအပ်ပဲ ကြော်ငြာစရာမလိုပါဘူး။

ဆိုလိုချင်တာက အမေရိကန်မှာအောင်မြင်တဲ့ မုန့်အမျိုးအစားဟာ၊ ဥရောပမှာပါ အောင်မြင်မယ်လို့ မဆိုလိုနိုင်ပါဘူး။ ဒီတော့ McDonald ဟာသူပေးချင်တဲ့ အချက်အလက်ကို ကိုယ့်ဝယ်ယူသူဘယ်သူလဲ အပေါ်မူတည်ပြီး ပေးပါတယ်။ စိတ်ထဲမှာထည့်ထားရမှာက ကြော်ငြာများဟာ မှတ်မိလွယ်တဲ့၊ ပျော်စရာကောင်းပြီး ထပ်ခါထပ်ခါ ကြော်ငြာပြီး ကုမ္ပဏီဆောင်ပုဒ်ဖြစ်တဲ့ “I’m lovin’ it” ကို အမြဲထည့်သွင်း ကြော်ငြာထားပါသည်။

ပြီးတော့ McDonalds ဟာ ဈေးကွက်အားလုံးနီးပါးကို သိမ်းထားပြီး၊ ၁၉၈၇ ကတည်းအသုံးပြုနေတဲ့ ဈေးကွက်နဲ့ ပတ်သက်တဲ့ နည်းပညာက တကယ်ကိုအဖိုးတန်ပါတယ်။ ဒီတော့ ကိုယ့်ကုန်ပစ္စည်းကို အရောင်းမြှင့်တင်တဲ့ အခါမှာ ရှေ့နောက်ဆီလျော်မှု ရှိဖို့လိုအပ်ပါသည်။


Myanmar Advertising Dircetory

Read times
Rate this item
(1 Vote)