-->
×

Warning

JUser: :_load: Unable to load user with ID: 29


Alibaba လုပ်ငန်းကြီးရဲ့တည်ထောင်သူ ဂျက်မားမဖြစ်လာခင်အချိန်များ

တရုတ်ဘီလျံနာသူဌေးကြီး ဂျက်မားဟာ မအောင်မြင်ခင်မှာ လူတော်တော်များများရဲ့ ငြင်းပယ်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသူပါ။ဂျက်မားက ကျွန်တော့်မှာ ကျရှုံးမှုတွေအများကြီးရှိတယ်။ ကျွန်တော်က ရယ်စရာဖြစ်ရပ်တွေမှာ အမြဲ ကျရှုံးတယ်။ မူလတန်းမှာ စာမေးပွဲနှစ်ခါကျတယ်။ အလယ်တန်းမှာ စာမေးပွဲ ၃ခါကျတယ်။ ၃ နှစ်လောက်ကို တက္ကသိုလ်တွေတက်ဖို့အတွက် ကျွန်တော်ကြိုးစားလိုက်ရတယ်။

 

ကျွန်တော် အလုပ်အကြိမ်ရေ ၃၀ လောက်လျှောက်ခဲ့တယ်။ အကြိမ်ရေ ၃၀ လုံးငြင်းပယ်ခံခဲ့ရပါတယ်။ ကျွန်တော်ကတော့ အားမလျှော့ပါဘူး။ ရဲဌာနမှာ ကျွန်တော်အလုပ်ထပ်လျှောက်တယ်။ ရဲဌာနမှာ ကျွန်တော်နဲ့အတူ အခြားသူ ၅ ယောက်လဲ လျှောက်ထားတာပေါ့။ အဲ့ဒီ ၅ယောက်မှာ ၄ယောက်ပဲရွေးပြီး ကျွန်တော်တစ်ယောက်တည်းကိုပဲ ပယ်ချထားခဲ့တယ်။ KFC တရုတ်ကိုရောက်ခါစက ကျွန်တော်တို့မြို့ကိုရောက်လာတော့ လူ၂၄ ယောက်အလုပ်လျှောက်ခဲ့တယ်။

 

၂၃ ယောက်ကတော့ အလုပ်ရပြီး ကျွန်တော်တစ်ယောက်တည်းအငြင်းခံရတယ်။ ကျွန်တော် Harvard တက်ဖို့တောင် လျှောက်ခဲ့တာ ၁၀ခါတောင်ပယ်ချခံရတယ်။ ကျွန်တော်ပယ်ချခံရမယ်ဆိုတာကို သိပေမဲ့ စမ်းသပ်ကြည့်လိုက်တာပါ။ ကျွန်တော်တို့ ကျရှုံးမှုတွေနဲ့ နေသားကျဖို့ လိုမယ်လို့ထင်လို့ပါ။ ကျွန်တော်တို့ အဲ့လောက်မတော်ပါဘူး။ ဒီနေ့ခေတ်မှာတောင်မှ လူအများအပြားက ကျွန်တော်တို့ကို ငြင်းပယ်နေဆဲပါ။

 

ဒီကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း အခေါက် ၃၀ ထက်ပိုပြီး အငြင်းခံရမယ်လို့ ကျွန်တော်မထင်ပါဘူး။ တစ်ခုတည်းသောအရာက ကျွန်တော်တို့ ရှုံးမပေးဖို့ပါပဲ။ ငြင်းပယ်မှုတွေကို ဆက်လက်ရင်ဆိုင်ပြီး မိမိကိုယ်ကိုယ် ပြောင်းလဲကြရအောင်ပါ။ ဘာတွေပဲရင်ဆိုင်နေရပါစေ မငြီးတွားပါနဲ့။ သင်အောင်မြင်သည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ ကျွန်တော်တို့ တွေ့ရှိတာက လူတွေကအလုပ်ပြီးမြောက်တဲ့အခါ အမှားပဲလုပ်လုပ်၊ ကျရှုံးမှုပဲလုပ်လုပ် တခြားသူတွေအပေါ် အမြဲညည်းညူအပြစ်တင်နေမယ်ဆိုရင် အဲ့ဒီလူက ပြန်ထနိုင်မှာမဟုတ်ပါဘူး။

 

တကယ်လို့ တစ်ခုခုတော့မှားနေပြီ၊ အဲ့ဒီမှာဒါလေးကတော့ မှားနေပြီလို့ ပြန်ပြီး ကိုယ့်ကိုယ်ကိုဆန်းစစ်မယ်ဆိုရင်တော့ သင့်မှာမျှော်လင့်ချက်ရှိပါသေးတယ်။ သင်လဲအောင်မြင်ဖို့အတွက် ကျရှုံးမှုတွေနဲ့နေသားကျအောင် ကြိုးစားလိုက်ပါ။

Read times
Rate this item
(0 votes)