-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်ကအခုမှ Online စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်မယ့်သူဆိုရင်

သင်ကအခုမှ Online စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်မယ့်သူဆိုရင် Google

Social Media တွေ ခေတ်စားလာတာကြလို့ လူအများစုကလဲ Online မှာ စီးပွားရေးလုပ်ငန်းတွေကို အများအပြားလုပ်ကိုင်နေကြပါပြီ။

Online ပေါ်ကနေ စီးပွားရေးလုပ်ကိုင်တယ်ဆိုတဲ့ နေရာမှာ အခုမှစတင်လုပ်ကိုင်မယ့်သူတွေအတွက် အခက်အခဲတွေရှိနေတာမျိုးတွေ၊ ဘာလိုစီးပွားရေးလုပ်ငန်းမျိုးကို လုပ်ကိုင်ရမှန်းမသိဖြစ်နေတာမျိုးတွေအတွက် Online Business တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။ အခုဖော်ပြပေးမယ့် Business Ideas တွေက သင်အတွက် အပိုဝင်ငွေ ဖြစ်လာစေမှာပါ။

 

၁။ Digital Marketing ကိုလေ့လာပါ

အရင်ဆုံး Digital Marketing ဆိုင်ရာအခြေခံ အကြောင်းအရာတွေကိုတော့ လေ့လာထားဖို့လိုပါမယ်။ ပြီးရင် စာရေးကောင်းတဲ့ လူငယ်တွေစုပြီး Social Media မှာ လူကြိုက်များမယ့် Content တွေဖန်တီးပြီး Content Writing Service ပုံစံမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။


၂။ ဈေးရောင်းကြည့်ပါ

ဈေးရောင်းရတာ ၀ါသနာပါရင် Online Shop တွေကို လုပ်ဆောင်နိုင်ပါတယ်။ တော်တော်များများက Personal Account မှာ ဈေးရောင်းကြတာများပါ။ Page တွေ Website တွေက ဈေးရောင်းချဖို့ အခက်အခဲရှိနေကြပါတယ်။


၃။ ဘာသာပြန်အလုပ်

ကိုယ်ပိုင်နိုင်ကျွမ်းကျင်တဲ့ ဘာသာစကားစွမ်းရည်ကို အကောင်းဆုံးအသုံးချလို့ရပါတယ်။ ဒါမှမဟုတ် ဘာသာစကားကျွမ်းကျင်သူတွေစုပြီး ဘာသာပြန်အလုပ်ကို Online ကလုပ်ဆောင်ကြည့်ပါ။ အချိန်အနည်းငယ်တော့ သီးသန့်ပေးနိုင်မှ အဆင်ပြေပါမယ်။


၎။ အွန်လိုင်းပွဲစား

ဒါကလည်း တော်တော်များများ အဆင်ပြေနိုင်တယ်။ ကိုယ့်မှာ ဘာProduct မှရှိစရာမလိုပါဘူး။ လူကြည့်များတဲ့ Online Platform တစ်ခုကို Create လုပ်ပြီး သူများရဲ့ Product တွေ၊ Service တွေကို ပြန်လည်ရောင်းချပေးတာပါ။ ကိုယ့်ကတော့ % အနေနဲ့ အကျိုးခံစားခွင်ရရှိနိုင်ပါတယ် ။

Google က ကုမ္ပဏီတွေအတွက် အဓိကထားထုတ်လုပ်လိုက်တဲ့ Google Currents
၅။ Ticket ရောင်းတာ

ကားလက်မှတ်ကစလို့ Events ပွဲတွေအထိ Online ကနေလက်မှတ်ရောင်းချပေးတဲ့ Service ကိုလည်း လုပ်ကိုင်နိုင်ပါတယ်။ အဓိကလိုအပ်တာက စပေါ်ငွေပုံစံမှတ်ပုံတင်ဖို့လိုအပ်ပြီး Online Payment System တွေကို သင်သိထားဖို့လိုပါတယ် ။


၆။ ဟာသ Video အတိုလေးတွေ

ဟာသ Video နဲ့ Prank လုပ်တဲ့ Video တွေကလူတွေစိတ်ဝင်စားမှုအရှိဆုံး အရာတွေပါ။ ဒါ့ကြောင့် ကိုယ်က ဟာသတွေ ပုံဖော်ချင်သူလား၊ သရုပ်ဆောင်ရတာ ၀ါသနာပါသလား၊ ဟာသအတိုလေးတွေ ဖန်တီးပြီး Online ပေါ်ကနေ ထိုးဖောက်နိုင်ပါတယ်။ အစပထမတော့ လူသိလာဖို့ Boost လုပ်ဖို့လိုပါမယ် ။


၇။ Online Education

သင်ကအပြင်မှာ ဆရာတစ်ယောက်ဆိုရင်တော့ သင်ပိုင်နိုင်ကျွမ်းကျင်တဲ့ဘာသာရပ်တစ်ခုကို Video File တွေအဖြစ်ဖန်တီးပြီး Online Course တစ်ခုရေးဆွဲကာ Online Education Group တစ်ခု စတင်နိုင်ပါတယ် ။ Member ကြေးသက်မှတ်ပြီး အလွယ်တကူစတင်နိုင်တဲ့ လုပ်ငန်းတစ်ခုပါ။ 

အခုပြောတဲ့လုပ်ငန်းတွေဟာ အလွယ်တကူစတင်နိုင်တယ်ဆိုပေမယ့် လုပ်ငန်းကျွမ်းကျင်မှု၊ အချိန်ပေးနိုင်မှု၊ ကိုယ့်ရဲ့ရင်းနှီးမြှပ်နှံ့မှုအပေါ်မူတည်ပြီး လုပ်ငန်းအကြီးအသေးဖြစ်ပေါ်လာနိုင်ပါတယ် ။ ကိုယ်က ဘယ်လောက်ထိမျှော်လင့်ထားသလဲ၊ ဘယ်လောက်လုပ်ကိုင်နိုင်သလဲ ဆိုတာတွက်ဆကြည့်ပါလို့ အကြံပေးတင်ပြချင်မိပါတယ်။

 Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)