-->
×

Warning

JUser: :_load: Unable to load user with ID: 29


Business Transformation အကြောင်းသိကောင်းစရာ အပိုင်း (၂)

Myanmar B2B Management Magazine ၏ ၆ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ UMFCCI ခန်းမမှာကျင်းပပြုလုပ်ခဲ့တဲ့ Business, Marketing & Digital Transformation ဟောပြောပွဲနှင့် စကားဝိုင်းမှ Business Transformation အကြောင်းကို ဟောပြောပေးခဲ့တဲ့ ပါမောက္ခဒေါက်တာ ဆရာကြီးဦးအောင်ထွန်းသက်၏ ယနေ့ခေတ်စီးပွားရေးအခြေအနေနှင့် စီးပွားရေးအသွင်ကူးပြောင်းမှုများအကြောင်း ဟောပြောချက် ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

 

Business Transformation မှာဘာတွေပါလဲ ကြည့်မယ်ဆိုရင် ..
ပထမအချက်က ကုမ္ပဏီတိုင်း Cost တွေထိန်းနေရတယ်၊ ဝန်ထမ်းလုပ်ခလစာတွေများလာတယ်၊ Marketing စရိတ်တွေကြီးလာတဲ့အတွက် Cost ကိုထိန်းဖို့လိုလာတယ်။
 
ဒုတိယအချက် ကိုယ်ပေးတဲ့ဝန်ဆောင်မှု၊ ကိုယ်ပေးတဲ့ပစ္စည်းဟာ Value Proposition ဆိုတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်း၊ တန်ဖိုးရှိတဲ့ဝန်ဆောင်မှုဖြစ်ဖို့လိုတယ်။
 
တတိယအချက် ကိုယ်တစ်ယောက်တည်းဦးဆောင်ပြီးလုပ်လို့ရတဲ့ စီးပွားရေးပုံစံတွေမဟုတ်တော့ဘဲ Key Activities, Key Partners တွေလိုလာတယ်။
 
အရေးကြီးဆုံးက Customer Realtion ပါ။
Revenue ဆိုတဲ့ ဝင်ငွေတွေရှိဖို့လည်းလိုလာတယ်။
 
Business Transformation အတွက် အခြေခံတွေပြောင်းလဲဖို့လိုပါတယ်၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အလုပ်လုပ်မှုတွေမြန်ဆန်လာအောင် မလိုအပ်တဲ့ Process တွေလျှော့ချသင့်ပါတယ်။
 
ဒီနေရာမှာ အဓိကပြောင်းလဲမှု (၂) မျိုးလုပ်ဖို့လိုအပ်ပါတယ်။
 
ပထမတစ်ခု (Internal) - ကုမ္ပဏီအတွင်း၊ အဖွဲ့အစည်းအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လိုသလို ကိုယ့်ကုမ္ပဏီ၊ အဖွဲ့အစည်းဟာလည်း ဥပေဒေနဲ့ညီညွတ်ဖို့လိုပါတယ်။
ဒုတိယတစ်ခု (Business Process Reengineering{BPI}) - ကိုယ့်မှာဝင်ငွေ Revenue or Market Share ရှိဖို့လိုတယ်၊ အရေးကြီးဆုံးကတော့ Customer Satisfaction ပဲ၊ ကိုယ့်ဆိုင်ဝင်ပြီးရင် တခြားဆိုင်မသွားချင်အောင် ဆွဲဆောင်နိုင်ရမယ်၊ Customer စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးဖို့လိုပါတယ်။
 
ဒါ့ကြောင့် ကုမ္ပဏီတွေအနေနဲ့ Business Transformation မှာ အခြေခံအချက် (၃) ချက်လုပ်ဖို့လိုပါတယ်။
 
Operational - ပိုကောင်း ပိုမြန် ဈေးပိုသက်သာအောင် လုပ်ကြမယ်။
Operational Model - လုပ်နေကျအလုပ်တွေကို ပုံစံပြောင်းပြီးလုပ်မယ် ဒါမှမဟုတ် လုပ်နေကျထက် ပိုကောင်းအောင်လုပ်မယ်။
Strategic: Changing essence of company - ဒီနေရာမှာ ဥပမာလေးတွေနဲ့ ပြောချင်ပါတယ်။
Apple > ကွန်ပြူတာရောင်းရာကနေ Consumer တွေအတွက်လိုအပ်တဲ့ Gadgets တွေရောင်းလာတယ်။
Google > Advertising ကနေ Driverless Cars တွေလုပ်လာနိုင်တယ်။
Amazon > Retail စာအုပ်ရောင်းရာကနေ Cloud Computing တွေလုပ်လာတယ်။
Walgreens > America ကုမ္ပဏီတစ်ခုဖြစ်ပြီး အရင်ကဆေးရောင်းရာကနေ ရောဂါတွေကုလာတယ်။
 
အဓိပ္ပာယ်က ကိုယ့်ကုမ္ပဏီရဲ့ အခြေခံတွေလုံးဝပြောင်းသွားအောင် စဉ်းစားပေးပါ။ ဒီလိုစဉ်းစားတဲ့နေရာမှာ အရင်ဆုံး ကိုယ့်ရဲ့ Business Model ဘာလဲပြန်စဉ်းစားမယ်၊ Products & Services ဘာတွေပေးမှာလဲ၊ ဘာကိုဦးတည်ပြီးလုပ်တာလဲဆိုတဲ့ Target ကိုသတ်မှတ်မယ် ပြီးရင် Technology အသစ်တွေနဲ့ရှေ့ဆက်မယ်။
 
The Stages of Business Transformation
Business Transformation လုပ်ဖို့ ဘယ်အဆင့်တွေကနေ စတင်မလဲ ?
Business Improvement - ကိုယ့်ရဲ့စီးပွားရေးကို တိုးတက်အောင်လုပ်ရမယ်။
Business Management – စီးပွားရေးကို စီမံခန့်ခွဲနိုင်ရမယ်။
Continuous Improvement - စီးပွားရေးကို ရေရှည်ဆက်လက်တိုးတက်အောင် ဆောင်ရွက်နိုင်ရမယ်။
Business Excellence - အရေးကြီးဆုံးဖြစ်တဲ့ ကိုယ်လုပ်ကိုင်တဲ့စီးပွားရေးနယ်ပယ်မှာ ကိုယ်ဟာ ဆရာတစ်ဆူဖြစ်နေရမယ်၊ အတော်ဆုံးအကျွမ်းကျင်ဆုံးဖြစ်နေရမယ်။
Business Improvement Stages (ကိုယ့်ရဲ့စီးပွားရေး၊ ကိုယ့်ရဲ့အရည်အချင်းတိုးတက်ဖို့လိုအပ်တဲ့အဆင့်များ)
Idea - အကြံဉာဏ်နဲ့ စမယ်။
Strategy - ဗျူဟာတွေ စဉ်းစားမယ်။
Defining Current State - လက်ရှိအခြေအနေကိုကြည့်မယ်။
Defining Future State - ကိုယ်လိုချင်တဲ့အနာဂတ်ကိုကြည့်ပြီး
Transition the future - အဲ့ဒီအနာဂတ်ရောက်အောင်လုပ်ပြီးတော့မှ
Benefit Realization - နောက်ဆုံး ကိုယ်လိုချင်တာကိုဖြစ်အောင်လုပ်ရမယ်။
အခုခေတ်လူငယ်တွေကို တွန်းအားပေးချင်ပါတယ်။ ဘာပဲလုပ်လုပ် Think Big ကြီးကြီးမားမားစဉ်းစားပါ။ နောက် ၅ နှစ်နေရင် ဘာလုပ်မလဲ ဘယ်နေရာမှာရောက်နေချင်လဲ စဉ်းစားပါ။ မနက်ဖြန်အတွက်ပဲမစဉ်းစားပါနဲ့။ ရည်ရွယ်ချက်ထားပါ။ Believe Big ယုံကြည်မှု ကြီးကြီးထားပါ။ Act Big ကြီးကြီးမားမားလုပ်ဆောင်ပါ၊ ရလဒ်ကလည်း ကိုယ်လိုချင်သလောက် ကြီးမားပါလိမ့်မယ်။
စီးပွားရေးအောင်မြင်ဖို့အတွက် အခြေခံအချက် (၆) ချက်
Strategy-informed ambition - လောဘထားရမယ်၊ ရည်ရွယ်ချက်ထားရမယ်။
Lead with capabilities - လုပ်ရည်ကိုင်ရည်ရှိရှိနဲ့ ဦးဆောင်နိုင်ရမယ်။
Drive to value - ကိုယ်ပေးတဲ့ဝန်ဆောင်မှုကို တိုင်းတာရမယ်၊ တန်ဖိုးရှိတဲ့ဝန်ဆောင်မှုပေးနိုင်ရမယ်။
Build in Sustainability - ရေရှည်တည်တံ့တဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်ရမယ်။
Be agile and flexible - သွက်လက်ဖျတ်လတ်တဲ့အရည်အသွေး၊ တီထွင်ကြံဆနိုင်တဲ့အတွေးအခေါ်၊ လိုက်လျောညီထွေနေနိုင်တဲ့ စိတ်ဓာတ်မျိုးရှိရမယ်။
Invest in talent - အရေးကြီးဆုံးက အရည်အချင်းရှိဖို့လိုပါတယ်။
Successful Business Transformation (ပြည့်စုံအောင်မြင်တဲ့ စီးပွားရေးအသွင်ပြောင်းလဲမှုမျိုးဖြစ်ဖို့)
Dream the impossible - မဖြစ်နိုင်တာတွေ အိပ်မက်မက်ကြရအောင်။
Seek the unknown - မသိတာတွေ ရှာဖွေကြရအောင်။
Achieve greatness - အဲ့ဒါမှ ကြီးမားတဲ့ အောင်မြင်မှုတွေရမယ်။
Steps to Successful Business Transformation (ပြည့်စုံအောင်မြင်တဲ့ စီးပွားရေးအသွင်ပြောင်းလဲမှုဖြစ်ဖို့ ပြုလုပ်ရမယ့်အဆင့်များ)
Step One: Getting right strategic vision critical - မှန်ကန်တဲ့ဗျူဟာ၊ အမြင်၊ အကဲဖြတ်နိုင်စွမ်းတွေရှိရမယ်။
Step Two: Execution hardest part of transformation - ပြောင်းလဲမှုရဲ့ အခက်ခဲဆုံးအပိုင်းကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ပါ။
Step Three: Biggest challenge to transformation leader wedded to past or current success - ပြောင်းလဲမှုရဲ့ဦးဆောင်သူတစ်ဦးဖြစ်ဖို့ အကြီးမားဆုံးစိန်ခေါ်မှုက အတိတ်နဲ့လက်ရှိရဲ့အောင်မြင်မှုတွေပါ။
Step Four: Take broad view of customer demand - ဖောက်သည်ရဲ့ လိုအပ်ချက်ကိုကြည့်ပါ။
 
ပါမောက္ခဆရာကြီး ဒေါက်တာဦးအောင်ထွန်းသက်၏ ထင်မြင်ယူဆ ဟောပြောချက်များကို အနီးစပ်ဆုံးနှင့် အရှင်းလင်းဆုံးဖြစ်အောင် ပြန်လည်ရေးသားဖော်ပြထားခြင်းဖြစ်ပြီး လွဲချော်မှုများရှိခဲ့ပါက ခွင့်လွှတ်ပေးပါရန် တောင်းဆိုအပ်ပါသည်။ ကျေးဇူးတင်ပါသည်။
Read times
Rate this item
(0 votes)