-->
×

Warning

JUser: :_load: Unable to load user with ID: 29


နာမကျန်းသောကာလတွင် အောင်မြင်နေသည့်လုပ်ငန်းများ

နာမကျန်းသောကာလတွင် အောင်မြင်နေသည့်လုပ်ငန်းများ google.com

စီးပွားရေးနှေးကွေးပြီး အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း မြင့်တက်လာမှုနှင့် အစိုးရ၏ မူဝါဒ အပြောင်းအလဲ များကြောင့် စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲ၍ ၂၀၁၇ ကို နာမကျန်းစီးပွားရေးနှစ်ဟုပင် သတ်မှတ် ခေါ်ဝေါ်ခဲ့ ကြသည်။ လုပ်ငန်းအများစု ငွေကျပ် ၍ လုပ်ငန်းအသစ် တိုးချဲ့လုပ်ကိုင် ရန် မသင့်ဟု သတ်မှတ်ခဲ့ကြသော် လည်း ယခုနှစ်ပိုင်းအတွင်း လုပ်ငန်းတိုးချဲ့ကာ ထူးထူးခြားခြား အောင်မြင်ခဲ့သည့် လုပ်ငန်းများ လည်း ရှိသည်။


ယခုနှစ်ပိုင်းအတွင်း အောင် မြင်သည့် လုပ်ငန်းအများစုသည် နည်းပညာအသုံးပြုသည့် လုပ်ငန်း နှင့် ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် အ ဆင့်မြှင့်တင်သည့် လုပ်ငန်းများ ဖြစ်လာသည်ကို တွေ့ရသည်။ ယခုနှစ်ပိုင်းအတွင်း အောင် မြင်သည့် စီးပွားရေးလုပ်ငန်းများ အနက်မှ လုပ်ငန်းလေးခုကို ရွေး ချယ်ဖော်ပြလိုက်ပါသည်။သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။

Grab နည်းပညာသုံး အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း

စင်ကာပူအခြေစိုက် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဆော့ဖ် ဝဲအသုံးပြု တက္ကစီအငှားဝန် ဆောင်မှု လုပ်ငန်းဖြစ်သည်။ လမ်းပေါ်တွင် လက်တားပြီး ကားငှားသည့် စနစ်နှင့် ယဉ်ပါးနေသည့် ရန်ကုန်သားများ အတွက် မိုဘိုင်းဖုန်းမှတစ်ဆင့် တက္ကစီငှား ခြင်းကို Grab က ယူဆောာင်လာ ခြင်းဖြစ်သည်။
သွားမည့်ခရီးစဉ် လမ်းကြောင်းအလိုက် ကျသင့်ငွေ တစ်ပါတည်း မြင်ရကာ Grab ဆော့ဖ်ဝဲကို မိုဘိုင်းဖုန်းတွင်ထည့်ကာ ငှားလိုသည့် ခရီးလမ်းကြောင်း ကို ညွှန်ပြသည်နှင့် ကျသင့်ငွေနှင့် ယာဉ်မောင်း အချက်အလက်များ မိုဘိုင်းဖုန်းတွင် ပေါ်လာမည်ဖြစ် သည်။ ထို့နောက် မိနစ်ပိုင်းအ တွင်း အိမ်ရှေ့ ရောက်လာမည့် Grab အငှားယာဉ်ပေါ် တက်ထိုင် ကာ ကျသင့်ငွေပေးချေပြီး စကား တစ်ခွန်းမျှ ပြောစရာမလိုဘဲ လိုရာ ခရီးရောက်နိုင်မည်ဖြစ်သည်။
အငှားယာဉ်နှင့် ပတ်သက် သည့် ရာဇဝတ်မှုများကြောင့် ယာဉ်မောင်းနှင့် ခရီးသည်ကြား သံသယ ကြီးထွားလာမှုကို Grab က ဝင်ရောက် ဖြေရှင်းပေး၍ ပြည် သူကြား ရေပန်းစားလာသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်လာသည်။
‘‘တက္ကစီ စီးသူတွေ လုံခြုံစိတ် ချမှုရှိအောင် စီးနိုင်ဖို့ ရည်ရွယ်ပါ တယ်။ ဒီလိုယုံကြည်မှုရအောင် ဆောင်ရွက်ရပါတယ်’’ ဟု Grab (မြန်မာ)၏ မြန်မာနိုင်ငံဆိုင်ရာ အ ကြီးအကဲ Amrt Sagar က ပြော ကြားသည်။
Grab တွင် ဝင်ရောက်ပြေးဆွဲသည့် တက္ကစီသမားအတွက် လမ်းပေါ်၌ ခရီးသည်များရှာဖွေပေး ခြင်းဖြစ်ပြီး ၎င်းတို့၏ အက်ပလီ ကေးရှင်းကြောင့် ခရီးသည်ပိုမိုရရှိ စေကြောင်း ၎င်းကဆက်ပြော သည်။

Grab ကားအငှားဝန်ဆောင် မှုလုပ်ငန်းသည် မြန်မာနိုင်ငံတွင် သုံးနှစ်အတွင်း ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဟု ဆိုသည်။ အဓိက အက်ပလီကေးရှင်းတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် အက်ပလီကေးရှင်းနှင့် မိုဘိုင်းငွေပေးချေမှုများတွင် ရင်းနှီးမြှုပ်နှံ မည်ဟု Grab (မြန်မာ) အကြီးအ ကဲက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့သာမက မန္တလေးမြို့အ ထိ လုပ်ငန်းများ ချဲ့ထွင်လာသည်။
Grab သည် နောင်တစ်ချိန် တွင် ၎င်းတို့ တက္ကစီမှတစ်ပါးအခြားကားများ ယှဉ်ပြိုင်နိုင်စွမ်းမရှိအောင် ဈေးကွက်ပြင်ဆင်လာ ကြောင်း Grab အသုံးမပြုသည့် အခြား တက္ကစီယာဉ်မောင်းများက ဆိုသည်။
Grab စနစ်တွင် အသုံးပြုနေ သည့် တက္ကစီသမားတစ်ဦးက ‘‘ခရီးသည်တွေ လမ်းကြိုလမ်း ကြားထိ ခေါ်ရတာ အဆင်မပြေ ဘူး’’ ဟု ဆိုသည်။
Grab ကား အငှားယာဉ်ဝန် ဆောင်မှုလုပ်ငန်းကို ၂၀၁၇ တွင် ယာဉ်အစီးရေ ၅,၀၀၀ ကျော်ဖြင့် စတင်ဆောင်ရွက်ပြီး ၂၀၁၇ အ ကုန်၌ တက္ကစီအစီးရေ ၁၀,၀၀၀ ကျော် ရှိလာကြောင်း Grab က ဆိုသည်။ လက်ရှိတွင် အကျိုး အမြတ်ထက် ဝန်ဆောင်မှုကောင်း မွန်ရေးကိုသာ အာရုံစိုက်သည့် ရင်းနှီးမြှုပ်နှံမှု ကာလသာရှိသေး သည်ဟု Grab မြန်မာအကြီးအ ကဲက ပြောသည်။
Grab သည် မြန်မာနိုင်ငံသို့ ပြိုင်တူ ဝင်ရောက်လာသည့် အမေရိကန် Uber နှင့် ပြည်တွင်းမှ ဈေးကွက်လက်ဦးမှုယူထားသည့် တက္ကစီအငှားကုမ္ပဏီများကို အ ချိန်တိုအတွင်း ကျော်ဖြတ်နိုင်ခဲ့ သည်။

Grab

Genius ကော်ဖီ

ကော်ဖီသောက်သုံးသည့် ဓလေ့ များစွာထွန်းကားခြင်းမရှိ သည့် နိုင်ငံတစ်ခုတွင် ကော်ဖီဈေးကွက် အကောင်အထည်ဖော်ခြင်း သည် စိတ်ကူးတစ်ခုသာဖြစ်သည်။
Instant Coffee ဟုခေါ် သည့် အသင့်သောက်ကော်ဖီမစ် ထုတ်များကလည်း ဈေးသက်သက်သာသာ ဖြင့် ဈေးကွက်အသာ စီးရထားချိန်တွင် ရှမ်းပြည်နယ်ရွာငံအရပ်ဒေသမှ ကော်ဖီများကို ပြည်တွင်းနှင့် ပြည်ပသို့ ထိုးဖောက် နေသည့် လုပ်ငန်းတစ်ခုရှိနေ သည်။ ထိုလုပ်ငန်းသည် ၂၀၁၇ အတွင်းကစတင်ပြီး ဈေးကွက် အားကောင်းလာခဲ့သည်။ ယင်းကော်ဖီသည် ဉာဏ်ကြီးရှင်ကော်ဖီ ဟုခေါ်သည့် Genius ကော်ဖီဖြစ် သည်။
မြန်မာနိုင်ငံသို့ နှစ်စဉ်လာ ရောက်သည့် နိုင်ငံခြားသားအရေ အတွက်ကိန်းဂဏန်းများကိုကြည့် ၍ ၎င်းနိုင်ငံခြားသားများ သောက်သုံးနိုင်ရန် ကော်ဖီဈေးကွက်ကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ရာမှ နာမည်ရကော်ဖီအမှတ် တံဆိပ်ကို စတင်လာနိုင်ခြင်းဖြစ် သည်။

Genius ကော်ဖီကို ပြည် တွင်း၊ ပြည်ပတွင် အမျိုးအစား ၁၀ မျိုးခန့်ထုတ်လုပ်နေပြီး နိုင်ငံ ပေါင်း ၂၀ ကျော်သို့တင်ပို့ရောင်း ချနေသည်ဟုဆိုသည်။ ရွာငံဒေသ မှ ကော်ဖီစိုက်ပျိုးသူများသည် အရည်အသွေး ကောင်း ကော်ဖီများ စိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း ကော်ဖီဈေးကွက်မရှိခြင်း၊ ထုတ်လုပ်မှုနည်းပညာ မရှိခြင်းတို့ ကြောင့် ဈေးကွက်ပျက်နေချိန် တွင် Genius ကော်ဖီကိုစတင်ခဲ့ ခြင်းဖြစ်သည်။ စတင်ချိန်တွင် မိသားစုလုပ်ငန်းမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါကော်ဖီလုပ် ငန်းပိုင်ရှင်ဦးငွေထွန်းက ဆိုသည်။
‘‘၂၀၁၇ မှာဆိုရင် ကမ္ဘောဒီးယားနှင့် ကနေဒါမှာ ကုမ္ပဏီတွေ ဖွင့်ပြီး ကိုယ်တိုင်ရောင်းလာနိုင် တယ်’’ ဟု Genius ကော်ဖီလုပ် ငန်းပိုင်ရှင်က ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက်သည့်နိုင်ငံခြားသား များသည် Genius ကော်ဖီ၏အမာ ခံပရိသတ်များဖြစ်သည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် Genius ကော်ဖီ က ပြည်တွင်းကော်ဖီဈေးကွက်၏ ၆၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထား သည်ဟုဆိုသည်။ ၂၀၁၇ အတွင်း ပြည်တွင်းတွင် ကော်ဖီတန်ချိန် ၈၀ ရောင်းချခဲ့ပြီး ပြည်ပသို့တန် ချိန် ၂၀ ကျော်တင်ပို့နိုင်ခဲ့သည်ဟု ဦးငွေထွန်းကဆိုသည်။ ၂၀၁၈ တွင် ကော်ဖီတန်ချိန် ၂၀၀ ထုတ် လုပ်ရန်လည်း စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။၂၀၁၇ အတွင်း ပြည်တွင်း ဈေးကွက်မှ အမြတ်ငွေ ကျပ်သိန်း ၆၀၀ ကျော်ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၆ ထက်သုံးဆခန့်ပိုမိုရောင်းချနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။
Genius သည် နိုင်ငံခြားမှ တင်သွင်းလာသည့် ကော်ဖီများကို ယှဉ်ပြိုင်နိုင်ပြီး ပြည်တွင်း ကော်ဖီ ဈေးကွက်၌ အသာစီးရနေသည်။

genius coffee


Amara Digital Marketing Agency ဒစ်ဂျစ်တယ်အွန်လိုင်း ကြော်ငြာလုပ်ငန်း

Digital Marketing ဟုခေါ်သည့် အွန်လိုင်းကြော်ငြာလုပ်ငန်း သည် ခေတ်နှင့်အညီပြောင်းလဲလာသော လူနေမှုပုံစံအရ ပေါ် ပေါက်လာသည့် လုပ်ငန်းဖြစ် သည်။ အွန်လိုင်းကြော်ငြာလုပ် ငန်းသည် မြန်မာနိုင်ငံတွင် အချိန်တိုအတွင်း အောင်မြင်လာသည်။
စင်ကာပူတွင် အလုပ်လုပ် ကိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွင် ပါဝင်နိုင်ရန် မချမ်းမြေ့ခိုင်သည် အမရာဒစ်ဂျစ်တယ် အွန်လိုင်း ကြော်ငြာကို ၂၀၁၅ နှစ်ကုန်ပိုင်းတွင် စတင် တည်ထောင်ခဲ့သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းကြီးများ ၀င်ရောက်လာချိန်တွင် နိုင်ငံနှင့်လူထု အကြောင်းကို သိရှိပြီးလုပ်ငန်း ကျွမ်းကျင်သည့် ကြော်ငြာအေ ဂျင်စီများကို ရှာဖွေလာကြသည်။ သို့သော်မြန်မာနိုင်ငံတွင် ဘေလ် ဘုတ်ကြော်ငြာ၊ တီဗီကြော်ငြာ စ သည့်မိရိုးဖလာကြော်ငြာလုပ်ငန်း ကိုသာ လုပ်ကိုင်တတ်ပြီး အွန် လိုင်းကြော်ငြာလုပ်ငန်း ကျွမ်းကျင် သူ အနည်းငယ်သာရှိသည်။ ထို ကွက်လပ်ကို ဖြည့်တင်းရန် မချမ်း မြေ့ခိုင်တို့ ကြိုးစားခဲ့သည်။
‘‘Oppo F3 အတွက်လုပ်ပေးတယ်။ ဈေးကွက်ဖြန့်ချိလုပ်ပေးရ တယ်။ တော်တော်လေးအောင် မြင်ခဲ့တယ်’’ဟု အမရာဒစ်ဂျစ် တယ် လုပ်ငန်းတည်ထောင်သူ မချမ်းမြေ့ခိုင်ကပြောသည်။ ဆိုရှယ်မီဒီယာကြော်ငြာလုပ် ငန်း၊ အွန်လိုင်းကြော်ငြာ ကမ်ပိန်း၊ စီးပွားဖြစ် ဘလော့ဂါလုပ်ငန်းများ ကိုဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၁၆ တွင် ကန်ဒေါ်လာ သုံးသိန်းမှ လေး သိန်းကြား ၀င်ငွေရှိခဲ့သည်ဟု ဆို သည်။ ၂၀၁၇တွင် ထိုပမာဏ ထက် ပိုမိုအောင်မြင်ပြီး ၀င်ငွေနှစ် ဆ တိုးတက်လာသည်ဟု မချမ်း မြေ့ခိုင်ကဆိုသည်။
ယခုအခါသူတို့၏ ကြော်ငြာ လုပ်ငန်းကို လုပ်ငန်းရှင်များက သဘောကျ၍ ကြော်ငြာအပ်လာ ကြသည်ဟု ဆိုသည်။ ၂၀၁၇ တွင် ကုမ္ပဏီကြော်ငြာအခု ၃၀ခန့် တာ ၀န်ယူ လုပ်ကိုင်ပေးခဲ့ပြီး ၂၀၁၆ ထက် နှစ်ဆမြင့်တက်ခဲ့သည်ဟု မချမ်းမြေ့ခိုင်ကပြောသည်။
လက်ရှိ Amara Digital ၏ မိတ်ဖက်လုပ်ငန်းရှင်များသည် Philips, NokAir, Oppo, Microsoft, ILO, VietJet, CP, BEKO, Alpine, Diabetasol, MIXAGRIP, Singapore Tourism Aboard စသည့်တို့ ဖြစ်သည်။

amara digital marketing

Yangoods မြန်မာလက်မှု ဒီဇိုင်း အရောင်းဆိုင်

Yangoods သည်ဖက်ရှင်ပစ္စည်း အမှတ်တရလက်ဆောင် ပစ္စည်းများကို မြန်မာမှု ပုံရိပ်များ ဖြင့် အဓိက ထုတ်လုပ်ထားသည့် ဖက်ရှင်ဆိုင်ဖြစ်သည်။ အမျိုးသမီး လက်ကိုင်အိတ်များအပါအ၀င် အမှတ်တရ လက်ဆောင်ပစ္စည်းအမျိုး ၁,၀၀၀ ကျော် ထုတ်လုပ်ရောင်းချသည်။
မြန်မာ့ ယဉ်ကျေးမှုလက်ရာ များကို ကမ္ဘာက သိစေချင်သည့် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း Yangoods မှတာဝန် ရှိသူတစ်ဦီးကပြောသည်။
‘‘မြန်မာနိုင်ငံမှာရှိနေတဲ့ ဒီ ဇိုင်းတွေအားလုံးကို မြန်မာအနုပညာအငွေ့အသက်နဲ့ ပြည့်နှက် နေတဲ့ ပုံစံလေးတွေကို အခု ၂၁ ရာစု စတိုင်လေးတွေနဲ့ ပြန်ပြီး ဆန်းသစ် ထုတ်ချင်တာတွေ ကြောင့်လည်းပါတယ်။ နိုင်ငံခြားကသူတွေကိုလည်း အမှတ်တရ လက်ဆောင်ပေးချင်တယ်။ ဒီမှာ ရွှေးချယ်စရာနည်းနေသေးတာကို လည်းသတိထားမိသွားတယ်။ အဲ ဒါကြောင့် ထုတ်ဖြစ်တာပါ’’ ဟု ၎င်းကဆိုသည်။
၂၀၁၅တွင် ဗိုလ်ချုပ်ဈေး၌ Yangoods ပထမဆုံးအရောင်း ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၇ တွင်ဆိုင်ခွဲ ခြောက် ဆိုင်ထပ်မံတိုးချဲ့ ဖွင့်လှစ်ထားနိုင် သည်။ ဆွစ်ဇာလန်၊ ပြင်သစ်၊ ထိုင်းနိုင်ငံတို့မှ လက်တွဲဖော်များ ဖြင့် ထုတ်ကုန်များကို ပြည်ပတင်ပို့ ရောင်းချနေသည်။
Yangoods တွင်ရှေးမြန်မာ့ ဟန်ထုတ်ကုန်များ၊ ၂၁ရာစုနှင့် သက်ဝင်သည့် မြန်မာအလှထုတ် ကုန်နှင့် တိုင်းရင်းသားယဉ်ကျေးမှု ထုတ်ကုန်များဟူ၍ သုံးမျိုးထုတ် လုပ်ထားသည်။ နောက်ပိုင်းတွင် တိုင်းရင်းသားယဉ်ကျေးမှုများကို အဓိကထားသည် ထုတ်ကုန်များ ထုတ်လုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ လုပ်ငန်းစတင်ချိန်တွင် နိုင်ငံ ခြားသားများနှင့် ပြည်တွင်း၏ ဈေးကွက်ဝယ်လိုအား တစ်ဝက်စီ ရှိ ရမည်ဟု သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်း ၀ယ်လို အားသည် ၈၀ရာခိုင်နှုန်းကျော်ထိ ရှိလာသည်။ Yangoodsကိုအသက်(၂၅) နှစ်မှ (၃၅) နှစ်အရွယ် မိန်းကလေးများက အများဆုံး အားပေးကြသည်။

yangoods 01
Source; 7daydaily

 

Read times
Rate this item
(3 votes)