-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့္ေၾကာ္ျငာေတြကိုလူေတြမုန္းတီးေစတဲ့ အခ်က္ ၇ ခ်က္

သင့္ေၾကာ္ျငာေတြကိုလူေတြမုန္းတီးေစတဲ့ အခ်က္ ၇ ခ်က္ Google

ေၾကာ္ျငာလုပ္ငန္းပိုင္းဆိုင္ရာေတြ တိုးတက္ေျပာင္းလဲ လာတာႏွင့္အမွ် လူေတြအေနႏွင့္ သင့္ ေၾကာ္ျငာကို သေဘာက်တဲ့ သူရွိသလို သေဘာမက်တဲ့သူလဲ ရွိလာႏိုင္ပါတယ္။

ဒီအတြက္ေတာ့ သင့္ အေနနဲ႔ သင့္ေၾကာ္ျငာကိုလူေတြမုန္းတီးမႈ႕မရွိေအာင္ ေရွာင္ရွားႏိုင္ဖို႔ ေၾကာ္ျငာမ်ားကို လူေတြ မုန္းတီးေစတဲ့ အဓိကအခ်က္ ၇ ခ်က္ ကိုသိရွိထားႏိုင္မွ ပိုအဆင္ေျပမွာပါ။

အဆိုပါ အခ်က္ ( ၇ ) ခ်က္မွာ -

၁ ။ ယုံၾကည္မႈ႕မရွိေစျခင္း

လူေတြကို ေၾကာ္ျငာမ်ားတြင္ ( သင့္ Brand မွ သိပ္ေကာင္းပါသည္ ) ဟု ေျပာလွ်င္ ၎ တို႔ ခ်က္ခ်င္းယုံၾကည္မႈ႕မရွိေသးပါ။သူတို႔ အေနျဖင့္ သင့္ Brand ကို ေၾကာ္ျငာျမင္ၿပီး စိတ္ဝင္စား႐ုံမွ်သာ
ရွိေသးၿပီး ၎တို႔ အေနႏွင့္ သင့္ပစၥည္းကိုစမ္းသုံးၾကည့္ ၿပီးမွ သာ လွ်င္ သင့္ေၾကာ္ျငာကို ယုံၾကည္မႈ႕ရွိလာမွာပါ။

၂ ။ ေၾကာ္ျငာေၾကာင့္စိတ္ပင္ပန္းရျခင္း

တစ္ခါတစ္ရံမွာေၾကာ္ျငာမ်ားတြင္ ဆူညံေသာ တီးလုံး မ်ားထည့္ သြင္းအသုံးျပဳျခင္း ၊ အေရာင္ေတာက္ေတာက္ မ်ားသုံးျခင္း ၊ အကသမားမ်ားလိုတာထက္ပိုအသုံးျပဳျခင္း ကလည္းေၾကာ္ျငာၾကည့္ေသာသူမ်ားကိုစိတ္အေႏွာက္အယွက္ျဖစ္ေစပါသည္။

၃ ။ ေၾကာ္ျငာဖန္တီးႏိုင္မႈ႕စြမ္းအားနည္းျခင္း

ဖန္တီးႏိုင္မႈ႕စြမ္းအားက အခ်ိန္ၾကာျမင္သြားတာေတာင္သင့္ ေၾကာ္ျငာကို တန္ဖိုးရွိေစတဲ့ တစ္ခုထဲေသာအရာပါ။ေၾကာ ္ျငာ လုပ္ငန္းမွာ အေရးအႀကီးဆုံး က တီထြင္ဖန္တီးႏိုင္မႈ႕ စြမ္းအားပါ။
၁၉၆၀ ကေန ၁၉၈၀ ထိကို ကမာၻ႔ေၾကာ္ျငာေ႐ႊေခတ္ လို႔ တင္စားလို႔ရပါသည္ထိုေခတ္အခါက ေၾကာ္ျငာ ေတြက
တီထြင္ဖန္တီးႏိုင္တဲ့ စြမ္းအားသိပ္ေကာင္းခဲ့လို႕ပါ။DDB ရဲ႕ “Think Small” Wieden+Kennedy ရဲ႕ “Just do it”, McCann ရဲ႕ “Buy the World a Coke” စတဲ့ေၾကာ္ျငာ campaign ေတြကိုၾကည့္ပါအခ်ိန္ၾကာခဲ့ေပမဲ့

တီထြင္ဖန္တီးမႈ႕ ေကာင္းလြန္းတာေၾကာင့္ တစ္ကမာၻလုံးက ယေန႔ အခ်ိန္ထိအသိအမွတ္ျပဳစဲပါ။တခ်ိဳ႕တီထြင္ဖန္တီးမႈ႕အားနည္းတဲ့ေၾကာ္ျငာမ်ားကိုေတာ့ လူေတြေမ့လိုက္ၾကပါၿပီ။

 

ဂိမ္းေဆာ့ရင္း ဗိုက္ဆာလာလ်ွင္ အလိုအေလွ်ာက္ အာလူးေၾကာ္ ေကြ်းေပးမည့္ Pringles မွ အသစ္ထုတ္လုပ္ထားတဲ့ နားၾကပ္ ေၾကာ္ျငာ

 

၄ ။ လူေတြရဲ႕ အစြဲ ရရွိထားျခင္းမရွိမႈ႕

လူေတြဟာ Brand အစြဲ ထားရွိတတ္ပါတယ္သို႔ျဖစ္ပါေသာေၾကာင့္ သင့္အေနျဖင့္ ေၾကာ္ျငာတြင္ သင့္ Brand ကို စြဲလမ္းေနေစမဲ့ စာသားေလးတစ္ခုခု ထည့္ကို ထည့္ရပါမည္။
ဥပမာ - ရန္ကုန္လမ္းၫႊန္ ဆိုလွ်င္ ( ဘာပဲလိုလို ရန္ကုန္လမ္းၫႊန္ ႏွင့္ မႏၲေလး လမ္းၫႊန္ရွိတယ္ )
Kit Kat ဆိုလွ်င္ ( Have a break have a Kitkat ) , Mc Donalds ဆိုလွ်င္ ( I’m lovin’ it ) စတဲ့ စကားစုေလးမ်ားျဖင့္ ပရိသတ္ကိုဆြဲေဆာင္ႏိုင္ပါသည္။

၅ ။ ေၾကာ္ျငာ၏ လိမ္လည္မႈ႕ႀကီးျခင္း

ေၾကာ္ျငာမွ သင့္ Product ကိုအရမ္းသားနားျပထားတယ္ ။ အျပင္မွ ေၾကာ္ျငာထဲ ကလိုမဟုတ္ပဲ စုတ္ျခာလြန္းလွ်င္ လူေတြက သိပါတယ္ ဒီေတာ့ သင့္ေၾကာ္ျငာႀကီးက ၾကည့္ရသူအဖို႔ စိတ္ပ်က္စရာ
ျဖစ္ေစမွာပါ။ဆပ္ကပ္ပိုင္ရွင္္သူေဌးႀကီး PT Burnum ရဲ႕ အဆိုအရဆို ေၾကာ္ျငာတြင္လိမ္လည္မႈ႕ က ေကာင္းပါသည္ သို႔ေသာ္ အရွိကိုသာ ပိုသာလြန္ေၾကာင္းမသိမသာေလး လိမ္လည္သင့္ပါသည္။

၆ ။ ေၾကာ္ျငာေၾကာင့္ ဘာခံစားခ်က္မွ မက်န္ေစျခင္း

ေၾကာ္ျငာႀကီးကို ႐ုပ္ရွင္ဇာတ္လမ္းသဖြယ္ ပ်င္းစရာေကာင္းေအာင္႐ိုက္ျပထားတာမ်ိဳးေတြရ်ိပါတယ္။ကိုယ့္ Product ကိုပဲ အဓိက ျပထားၿပီး လူေတြ ႏွလုံးသားထဲ တစ္ခုခုမက်န္လွ်င္ သင့္ ေၾကာ္ျငာႀကီးက အလုပ္မျဖစ္ပါ
ဒါေၾကာင့္သင့္အေနႏွင့္ ဟာသ ဆန္ဆန္ ႐ိုက္ကူးလို႔ရပါတယ္။ အခ်စ္ဆန္ဆန္ Drama ႐ိုက္ႏိုင္ပါေသးတယ္။
ဒါဆိုရင္ေတာ့ သင့္ ေၾကာ္ျငာကို လူေတြအေနႏွင့္ ခံစားခ်က္ တစ္ခုခုက်န္ခဲ့ မွာပါ။

၇ ။ သင့္ေၾကာ္ျငာေတြမွာ ကံစမ္းမဲ သိပ္မေတြ႕ရျခင္း

လူေတြ အေတာ္မ်ားမ်ား စိတ္ ထဲတြင္ ကံစမ္းမဲ ဆိုလွ်င္ အၿမဲ စိတ္လႈပ္ရွားေနတတ္ပါတယ္။
ယခု Pepsi ဆို Christmas အတြက္ Campaign လုပ္ကာ ၎ Pepsi ဗူးကို Scan ဖတ္လွ်င္
ေငြသားကံစမ္းမဲ ပါတဲ့ေၾကာ္ျငာကို လူငယ္ေတြ အႀကိဳက္ Rap ဂီတ အဆိုေတာ္ Cardi B ႏွင့္ေၾကာ္ျငာခဲ့ ပါတယ္ထိုေၾကာ္ျငာမွာ အေတာ္ေလးနာမည္ႀကီးေနပါတယ္။

ထိုအခ်က္ေတြကိုသိရွိမွတ္သားထားၿပီး သင္ေၾကာ္ျငာလုပ္ငန္းကိုလုပ္ေဆာင္ပါက
သင့္ ေၾကာ္ျငာမ်ားအားလူအမ်ားမုန္းတီးမူ႔ ေလွ်ာ့နည္းမည္ျဖစ္သည္။

 

Unicode >>> 

 


ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာတွေ တိုးတက်ပြောင်းလဲ လာတာနှင့်အမျှ လူတွေအနေနှင့် သင့် ကြော်ငြာကို သဘောကျတဲ့ သူရှိသလို သဘောမကျတဲ့သူလဲ ရှိလာနိုင်ပါတယ်။

ဒီအတွက်တော့ သင့် အနေနဲ့ သင့်ကြော်ငြာကိုလူတွေမုန်းတီးမှု့မရှိအောင် ရှောင်ရှားနိုင်ဖို့ ကြော်ငြာများကို လူတွေ မုန်းတီးစေတဲ့ အဓိကအချက် ၇ ချက် ကိုသိရှိထားနိုင်မှ ပိုအဆင်ပြေမှာပါ။

အဆိုပါ အချက် ( ၇ ) ချက်မှာ -

၁ ။ ယုံကြည်မှု့မရှိစေခြင်း

လူတွေကို ကြော်ငြာများတွင် ( သင့် Brand မှ သိပ်ကောင်းပါသည် ) ဟု ပြောလျှင် ၎င်း တို့ ချက်ချင်းယုံကြည်မှု့မရှိသေးပါ။သူတို့ အနေဖြင့် သင့် Brand ကို ကြော်ငြာမြင်ပြီး စိတ်ဝင်စားရုံမျှသာ
ရှိသေးပြီး ၎င်းတို့ အနေနှင့် သင့်ပစ္စည်းကိုစမ်းသုံးကြည့် ပြီးမှ သာ လျှင် သင့်ကြော်ငြာကို ယုံကြည်မှု့ရှိလာမှာပါ။

၂ ။ ကြော်ငြာကြောင့်စိတ်ပင်ပန်းရခြင်း

တစ်ခါတစ်ရံမှာကြော်ငြာများတွင် ဆူညံသော တီးလုံး များထည့် သွင်းအသုံးပြုခြင်း ၊ အရောင်တောက်တောက် များသုံးခြင်း ၊ အကသမားများလိုတာထက်ပိုအသုံးပြုခြင်း ကလည်းကြော်ငြာကြည့်သောသူများကိုစိတ်အနှောက်အယှက်ဖြစ်စေပါသည်။

၃ ။ ကြော်ငြာဖန်တီးနိုင်မှု့စွမ်းအားနည်းခြင်း

ဖန်တီးနိုင်မှု့စွမ်းအားက အချိန်ကြာမြင်သွားတာတောင်သင့် ကြော်ငြာကို တန်ဖိုးရှိစေတဲ့ တစ်ခုထဲသောအရာပါ။ကြော ်ငြာ လုပ်ငန်းမှာ အရေးအကြီးဆုံး က တီထွင်ဖန်တီးနိုင်မှု့ စွမ်းအားပါ။
၁၉၆၀ ကနေ ၁၉၈၀ ထိကို ကမ္ဘာ့ကြော်ငြာရွှေခေတ် လို့ တင်စားလို့ရပါသည်ထိုခေတ်အခါက ကြော်ငြာ တွေက
တီထွင်ဖန်တီးနိုင်တဲ့ စွမ်းအားသိပ်ကောင်းခဲ့လို့ပါ။DDB ရဲ့ “Think Small” Wieden+Kennedy ရဲ့ “Just do it”, McCann ရဲ့ “Buy the World a Coke” စတဲ့ကြော်ငြာ campaign တွေကိုကြည့်ပါအချိန်ကြာခဲ့ပေမဲ့

တီထွင်ဖန်တီးမှု့ ကောင်းလွန်းတာကြောင့် တစ်ကမ္ဘာလုံးက ယနေ့ အချိန်ထိအသိအမှတ်ပြုစဲပါ။တချို့တီထွင်ဖန်တီးမှု့အားနည်းတဲ့ကြော်ငြာများကိုတော့ လူတွေမေ့လိုက်ကြပါပြီ။

 

ဂိမ်းဆော့ရင်း ဗိုက်ဆာလာလျှင် အလိုအလျှောက် အာလူးကြော် ကျွေးပေးမည့် Pringles မှ အသစ်ထုတ်လုပ်ထားတဲ့ နားကြပ် ကြော်ငြာ

 

၄ ။ လူတွေရဲ့ အစွဲ ရရှိထားခြင်းမရှိမှု့

လူတွေဟာ Brand အစွဲ ထားရှိတတ်ပါတယ်သို့ဖြစ်ပါသောကြောင့် သင့်အနေဖြင့် ကြော်ငြာတွင် သင့် Brand ကို စွဲလမ်းနေစေမဲ့ စာသားလေးတစ်ခုခု ထည့်ကို ထည့်ရပါမည်။
ဥပမာ - ရန်ကုန်လမ်းညွှန် ဆိုလျှင် ( ဘာပဲလိုလို ရန်ကုန်လမ်းညွှန် နှင့် မန္တလေး လမ်းညွှန်ရှိတယ် )
Kit Kat ဆိုလျှင် ( Have a break have a Kitkat ) , Mc Donalds ဆိုလျှင် ( I’m lovin’ it ) စတဲ့ စကားစုလေးများဖြင့် ပရိသတ်ကိုဆွဲဆောင်နိုင်ပါသည်။

၅ ။ ကြော်ငြာ၏ လိမ်လည်မှု့ကြီးခြင်း

ကြော်ငြာမှ သင့် Product ကိုအရမ်းသားနားပြထားတယ် ။ အပြင်မှ ကြော်ငြာထဲ ကလိုမဟုတ်ပဲ စုတ်ခြာလွန်းလျှင် လူတွေက သိပါတယ် ဒီတော့ သင့်ကြော်ငြာကြီးက ကြည့်ရသူအဖို့ စိတ်ပျက်စရာ
ဖြစ်စေမှာပါ။ဆပ်ကပ်ပိုင်ရှင်သူဌေးကြီး PT Burnum ရဲ့ အဆိုအရဆို ကြော်ငြာတွင်လိမ်လည်မှု့ က ကောင်းပါသည် သို့သော် အရှိကိုသာ ပိုသာလွန်ကြောင်းမသိမသာလေး လိမ်လည်သင့်ပါသည်။

၆ ။ ကြော်ငြာကြောင့် ဘာခံစားချက်မှ မကျန်စေခြင်း

ကြော်ငြာကြီးကို ရုပ်ရှင်ဇာတ်လမ်းသဖွယ် ပျင်းစရာကောင်းအောင်ရိုက်ပြထားတာမျိုးတွေရျိပါတယ်။ကိုယ့် Product ကိုပဲ အဓိက ပြထားပြီး လူတွေ နှလုံးသားထဲ တစ်ခုခုမကျန်လျှင် သင့် ကြော်ငြာကြီးက အလုပ်မဖြစ်ပါ
ဒါကြောင့်သင့်အနေနှင့် ဟာသ ဆန်ဆန် ရိုက်ကူးလို့ရပါတယ်။ အချစ်ဆန်ဆန် Drama ရိုက်နိုင်ပါသေးတယ်။
ဒါဆိုရင်တော့ သင့် ကြော်ငြာကို လူတွေအနေနှင့် ခံစားချက် တစ်ခုခုကျန်ခဲ့ မှာပါ။

၇ ။ သင့်ကြော်ငြာတွေမှာ ကံစမ်းမဲ သိပ်မတွေ့ရခြင်း

လူတွေ အတော်များများ စိတ် ထဲတွင် ကံစမ်းမဲ ဆိုလျှင် အမြဲ စိတ်လှုပ်ရှားနေတတ်ပါတယ်။
ယခု Pepsi ဆို Christmas အတွက် Campaign လုပ်ကာ ၎င်း Pepsi ဗူးကို Scan ဖတ်လျှင်
ငွေသားကံစမ်းမဲ ပါတဲ့ကြော်ငြာကို လူငယ်တွေ အကြိုက် Rap ဂီတ အဆိုတော် Cardi B နှင့်ကြော်ငြာခဲ့ ပါတယ်ထိုကြော်ငြာမှာ အတော်လေးနာမည်ကြီးနေပါတယ်။

ထိုအချက်တွေကိုသိရှိမှတ်သားထားပြီး သင်ကြော်ငြာလုပ်ငန်းကိုလုပ်ဆောင်ပါက
သင့် ကြော်ငြာများအားလူအများမုန်းတီးမူ့ လျှော့နည်းမည်ဖြစ်သည်။

 

Myanmar Advertising Directory 

 

Source From Entrepreneur

Read times
Rate this item
(0 votes)