-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူငယ်တွေအကြိုက်များကြတဲ့ Adidas YEEZY Brand အကြောင်း

လူငယ်တွေအကြိုက်များကြတဲ့ Adidas YEEZY Brand အကြောင်း Google

လူငယ်တွေအကြိုက်များကြတဲ့ adidas YEEZY ဆိုတာ adidas Originals နဲ့ နာမည်ကြီး ဂရမ်မီ (၂၁)ဆုပိုင်ရှင် အဆိုတော်၊ ပရိုဂျူဆာ၊ ဒီဇိုင်နာ စူပါ celebrity Kanye West တို့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ collaborative ဖိနပ်လိုင်းပဲဖြစ်ပါတယ်။ Kanye West နဲ့ adidas တို့ရဲ့ ပူးပေါင်းမှုက YEEZY ဖိနပ်လိုင်းအပြင် YEEZY SEASON ဆိုတဲ့ Seasonal အဝတ်အစား Brand တစ်ခုလည်းရှိပါသေးတယ်။

Kanye West က တကယ်တော့ ဖိနပ်လောကနဲ့ စိမ်းတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး Kanye West နဲ့ adidas Originals နဲ့ ၂၀၁၆ ခုနှစ်လက်မတွဲခင်မှာကတည်းက Kanye West ဟာ ဖိနပ်ဖန်တီးခြင်း၊ ဒီဇိုင်း ဖန်တီးခြင်းတို့နဲ့ပက်သက်ပြီး အောင်မြင်ခဲ့တဲ့သမိုင်းရှိခဲ့တာလည်းဖြစ်ပါတယ်။ Kanye West ရဲ့  ဖိနပ် collaboration သမိုင်းကို ပြန်လည်တူးဆွမယ်ဆိုရင် လွန်ခဲ့တဲ့ (၁၃)နှစ်ဖြစ်တဲ့ ၂၀၀၆ ခုနှစ်ကို ပြန်သွားရမှာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ၂၀၀၄ ခုနှစ် College Dropout Album ထွက်ရှိထားပြီး အောင်မြင်နေပြီဖြစ်တဲ့ Kanye ဟာ အဲ့ဒီအချိန်က တစ်ကမ္ဘာလုံးကလူငယ်တွေကြားမှာ အလွန်အမင်းအောင်မြင်နေတဲ့ ဂျပန် Bramd "A Bathing Ape" နဲ့ပူးပေါင်းပြီး သူတို့ရဲ့ နာမည်ကျော်ဖိနပ်ဖြစ်တဲ့ Bapesta ဖိနပ်ကို ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။

ဒီကြားထဲမှာ official မဖြစ်ခဲ့တဲ့တခြားဖိနပ် Brand တွေနဲ့ Collaboration တွေလည်းရှိခဲ့ပါတယ်။ နောက်ထပ်(၃)နှစ်အကြာမှာတော့ ပြင်သစ် luxury brand တစ်ခုဖြစ်တဲ့ အဲ့ဒီခေတ်က နာမည်ကျော်ဒီဇိုင်နာ Marc Jacobs ဦးစီးနေတဲ့ Louis Vuitton နဲ့ ပူးပေါင်းပြီး ဖိနပ်မော်ဒယ်(၃)မျိုး၊ အရောင် (၁၀)မျိုးကို ထပ်မံဖန်တီးခဲ့ပါတယ်။ ဒီ Louis Vuitton နဲ့ ပူးပေါင်းဖန်တီးတဲ့ ဖိနပ် (၁၀)ရံဟာ အနာဂတ် Yeezy ခေတ်အတွက် အစပျိုးခဲ့တဲ့ ဖိနပ် (၁၀)ရံလို့ ဖိနပ်ချစ်သူတွေက သတ်မှတ်ကြပါတယ်။ ဒီဖိနပ်တွေဟာ ထွက်ထွက်ချင်းမှာပဲ အကုန်ရောင်းကုန်ခဲ့ပြီး (၁၀)နှစ်အကြာ ၂၀၁၉ မှာတော့ သိန်း(၄၀) ကနေ (၁၀၀) ဝန်းကျင်အထိ ပြန်လည်ရောင်းချနေကြပါတယ်။

Louis Vuitton နဲ့ပူးပေါင်းပြီး ဖိနပ် (၃)ရံ ထုတ်လုပ့်တဲ့နှစ်မှာပဲ Kanye West ဟာ နာမည်ကျော်အားကစား Brand ဖြစ်တဲ့ Nike နဲ့ ပူးပေါင်းပြီး “YEEZY” ဆိုတဲ့ ခေတ်ကိုစတင်ထူထောင်ပါတယ်။ YEEZY ဆိုတာ Kanye West ရဲ့  nickname တွေဖြစ်တဲ့ Ye, Yeezus, Yeezy, LV Don စတဲ့ နာမည်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ *LV Don ဆိုတာ Louis Vuitton ကို ခေါင်းအစခြေအဆုံးတင်မကပဲ အသုံးအဆောင်များကအစ အလွန်ဝယ်ယူသူမလို့ တစ်ခေတ်တစ်ခါက ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။

Kanye နဲ့ Nike ဟာ ပထမဦးဆုံးအနေနဲ့ Nike Air Yeezy 1 လို့ခေါ်တဲ့ ဖိနပ်ကိုအရောင် (၃)ရောင်နဲ့ စတင်ဖန်တီးထုတ်လုပ်ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖိနပ်(၃)ရံရဲ့ မူရင်းဈေးဟာ မြန်မာငွေ (၂)သိန်း (၈) သောင်းဝန်းကျင်နဲ့ Online မှာ ရောင်းချခဲ့ပြီး ဖိနပ်တွေဟာမိနစ်ပိုင်းမှာတင် အကုန်လုံးရောင်းကုန်သွားခဲ့ပါတယ်။ ဒီဖိနပ်တွေရောင်းကုန်သွားချိန်မှာတော့ ဝယ်ယူထားသူတွေရဲ့ ပြန်လည်ရောင်းချတဲ့ဈေးဟာ သိန်း (၄၀)ဝန်းကျင် အထိရောက်ရှိသွားခဲ့ပါတယ်။ Kanye West ဟာ Nike Air Yeezy 1 ကို ထုတ်လုပ်ပြီး အောင်မြင်မှုတွေရရှိခဲ့ပေမဲ့ အပြည့်အ၀ စိတ်တိုင်းကျခြင်းမရှိခဲ့ပါဘူး။

Read More>>>စရိတ်နည်းနည်းနဲ့ထိရောက်တဲ့ကြော်ငြာကို လူသိများလာအောင်ဖန်တီးချင်ပါသလား

ဒီအတွက် Kanye ကိုယ်တိုင် Nike Designer တွေနဲ့ကော အထက် အရာရှိတွေနဲ့ပါ ငြင်းခုန်ဆွေးနွေးပြီး အသစ်ထွက်မဲ့ Air Yeezy 2 အတွက် လုပ်ပိုင်ခွင့်တွေကို ရရှိဖို့ကြိုးစားရာကနေ Nike နဲ့ အဖုအထစ်တွေဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် အားကစားသမားတွေနဲ့ သူတို့ရဲ့  Classic ဖြစ်တဲ့အရာတွေကိုဆိုတန်ဖိုးထားပြီး အလွန်တင်းကျပ်တဲ့ Nike နဲ့ Creative Freedom လို့ခေါ်တဲ့ အပြည့်အဝလုပ်ပိုင်ခွင့်လိုချင်တဲ့ အနုပညာရှင်နဲ့ထိပ်တိုက်တွေ့တဲ့အခါမှာ တော်တော်လေးငြင်းခုံဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Nike Air Yeezy ထွက်ရှိပြီး ၃ နှစ်အကြာ ၂၀၁၂ ခုနှစ်အရောက်မှာတော့ Nike Air Yeezy 2 ရဲ့  ပထမဆုံးအရောင် (၂)မျိုးကို စတင်ရောင်းချခဲ့ပါတော့တယ်။

Nike Air Yeezy 1 ရဲ့  အဓိကအပိုင်းတွေပါဝင်သေးပေမယ့် ပိုမိုထူးခြားပြီးကောင်းမွန်တဲ့ Air Yeezy 2 ဟာ 1 ထက် အများကြီးအောင်မြင်မှုရရှိခဲ့ရုံတင်မကပဲ ပြန်လည်ရောင်းချတဲ့ ဈေးတွေမှာ (၄၈)သိန်းကနေ သိန်း(၆၀) ကျော်တဲ့အထိဖြစ်ခဲ့ပါတယ်။ မူရင်းရောင်းဈေးဟာ(၃)သိန်းဝန်းကျင်ပဲရှိခဲ့ပါတယ်။ Nike နဲ့ Kanye ကြားက အဖုအထစ်ဟာ တဖြည်းဖြည်းကြီးမာလာနေတဲ့ အချိန်အတွင်းမှာ Nike Air Yeezy 2 ဟာ နောက်ထပ် တစ်ရံထွက်ရှိဖို့ နဲ့လည်း အချိန်ကိုက်ဖြစ်နေခဲ့ပါတယ်။

Sneakers ချစ်သူတွေရဲ့ အဆိုအရ Kanye နဲ့ Nike ရဲ့  ပူးပေါင်းမှုဟာ ရပ်လိုက်တော့မယ် Kanye ဟာ Nike က ထွက်တော့မယ်ဆိုတဲ့ ကောလဟာလတွေထွက်နေချိန်ကို အကြောင်းပြုပြီး Nike ဟာ နောက်ထပ်ထွက်မဲ့အရံကို ရက်မျိုးစုံရွှေ့နေခဲ့တယ်လို့သိရပါတယ်။ အကြောင်းအရင်းက အောင်မြင်မှုပိုရဖို့လို့ ဝေဖန်ကြပါတယ်။ တကယ်လည်း Nike ဟာ ၂၀၁၂ ခုနှစ် Air Yeezy 2 ရဲ့  နောက်ဆက်တွဲကျန်ရှိနေတဲ့ တစ်ရံဖြစ်တဲ့ Nike Air Yeezy လိုင်းမှာ အအောင်မြင်ဆုံးဖိနပ် “Red Octobers” ကို ၂ နှစ်အကြာ Kanye West Nike ကနေ ထွက်ခွာပြီးတော့မှ ရောင်းချခဲ့ပါတယ်။ (၃)သိန်းဝန်းကျင်နဲ့ ရောင်းချခဲ့တဲ့ ဒီဖိနပ်ဟာယခုအချိန်မှာတော့ သိန်း (၁၀၀)အထိ ပေါက်ဈေးတွေရှိနေခဲ့ပြီပဲဖြစ်ပါတယ်။

Nike ကနေ ထွက်ခွာခဲ့တဲ့ Kanye ဟာ ထွက်ခွာပြီးပြီးချင်းမှာပဲ ဖက်ရှင်အသိုင်းဝိုင်းတစ်ခုလုံးနဲ့ ပရိတ်သတ်တွေကို ကိုင်လှုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါကတော့ Nike ရဲ့  မဟာ ပြိုင်ဘက်ဖြစ်တဲ့ adidas ရဲ့  adidas Originals ခေါင်းစဉ်အောက်မှာ ပူးပေါင်းလိုက်တာပဲဖြစ်ပါတယ်။ Kanye ဟာ adidas Originals နဲ့ ဒေါ်လာ ၁၀ သန်းတန် စာချုပ်ကိုချုပ်ဆိုခဲ့ပြီး ဂီတလောကမှာ မှတ်တိုင်တစ်ခုစိုက်ထူခဲ့ပါတယ်။ adidas Originals ဘက်ကလည်း Kanye West ကို Creative Control ဖန်တီးခွင့်အပြည့်အဝပေးတယ်လို့ ကတိပေးခဲ့ပြီး Kanye West ရဲ့  ဖိနပ်လောကနဲ့ပက်သက်တဲ့အမြင်တွေ သီအိုရီတွေ၊ အနာဂတ်တွေကို အပြည့်အဝ ပုံဖော်ပေးဖို့ ကတိပေးခဲ့ပါတယ်။

တကယ်လည်း Kanye West ဟာ ဖိနပ်လောကမှာ adidas YEEZY ဆိုတဲ့နာမည်နဲ့ သမိုင်းတစ်ခုစိုက်ထူပေးခဲ့ပြီဖြစ်ပြီး သူအမြဲပြောတဲ့ “YEEZY FOR ALL” ဆိုတဲ့ ကတိစကားကိုလည်း တကယ်အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။ 

Credit; Taste

 

 

Read times
Rate this item
(1 Vote)