-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းဝက်ဘ်ဆိုက်ကို Update မလုပ်ရင်ရရှိလာနိုင်တဲ့ဆိုးကျိုးများ

သင့်လုပ်ငန်းဝက်ဘ်ဆိုက်ကို Update မလုပ်ရင်ရရှိလာနိုင်တဲ့ဆိုးကျိုးများ Google

Website ဆိုတာ လုပ်ငန်းအောင်မြင်ဖို့အတွက် အထောက်အကူပြုတဲ့ Online လုပ်ငန်းခွဲတစ်ခုပါ။ လူသိစေချင်တဲ့ Data တွေအကုန်လုံးကို Website ပေါ်မှာ ဖော်ပြပေးထားတဲ့အတွက် လုပ်ငန်းနဲ့ Customer အမြဲချိတ်ဆက်မှုရစေလို့လုပ်ငန်းအတွက် အထောက်အကူဖြစ်စေပါတယ်။

တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ ကိုယ့်ရဲ့လုပ်ငန်းလေး အောင်မြင်ဖြစ်ထွန်းလာတာနဲ့အမျှ Data အချက်အလက်တွေ ပိုမိုများပြားလာပြီး အရေးကြီးတဲ့ Data တွေကို ထိန်းသိမ်းဖို့အတွက် Website ကို ပုံမှန် Update ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်။ Website တစ်ခါတင်ထားပြီး Design တွေ၊ Data တွေ၊ Update မလုပ်ဘဲ ရေရှည်သုံးတာက အရမ်းကိုမှားပါတယ်။ ဘာလို့လဲဆိုတော့ Website ကို Update မလုပ်ရင် လုပ်ငန်းကိုပါထိခိုက်စေနိုင်တဲ့ အောက်ပါဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

(၁) Website ကို Update မလုပ်ပဲ ပစ်ထားမယ်ဆိုရင် Website Hack ခံရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Website update မလုပ်တဲ့အခါ အသစ်ထွက်တဲ့ software တွေကိုပါ update လုပ်ဖို့သတိမထားမိတော့ဘဲ website hack ခံရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လိုလုပ်ငန်းအမျိုးအစားပဲဖြစ်ဖြစ် Website Hack ခံရတဲ့အခါ မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့် Website အတွင်းမှ Data များ ခိုးယူဖျက်ဆီးခြင်း၊ မိမိ website ကိုဝင်လိုက်တဲ့အခါ တစ်ခြား website တွေကို ရောက်သွားအောင် redirect လုပ်ထားခြင်း၊ SEO လုပ်ထားတဲ့ website အတွက် SEO ချို့ယွင်းစေခြင်း၊ စတဲ့ မကောင်းတဲ့ ကိစ္စရပ်များကို ဖြစ်စေနိုင်လို့ Website လုံခြုံဖို့အတွက် ပုံမှန် Update လုပ်ခြင်းကို ဆောင်ရွက်သင့်ပါတယ်။

(၂) Website Update ပြုလုပ်ဖို့ ပျက်ကွက်နေဦးမယ်ဆိုရင် Website ဟာ တဖြေးဖြေး ယိုယွင်းလာပြီး Developer ထံပြန်အပ်တဲ့အခါ အချိန်တော်တော်ကြာ ပြုပြင်မွမ်းမံမှုများကြောင့် အချိန်ကုန်၊ ငွေကုန်စေမှာပါ။

(၃) Website ကို Update မလုပ်ရင် Version အသစ်ဘယ်လောက်ပေါ်ပေါ် အသုံးပြုခွင့်ရမှာမဟုတ်ပါဘူး။ သင့်ရဲ့ဖုန်းကို အမြဲ Update တင်နေသလို Website ကိုလဲ Security တွေ၊ Plugin တွေကို နောက်ဆုံးထွက် Version များနဲ့ မြှင့်တင်ထားသင့်ပါတယ်။

(၄) Website Update ပုံမှန်မလုပ်ရင် Wesite ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေ နှေးကွေးလာပြီးဝင်ကြည့်ရှုတဲ့ Customer များ စိတ်ပျက်ငြီးငွေ့စေနိုင်ပါတယ်။ သင်သာ Customer တစ်ယောက်အနေနဲ့ဆိုရင် Website တစ်ခုဝင်ဖို့ Loading ကြာနေမယ်ဆိုရင် စိတ်ရှည်နိုင်ပါ့မလား?

(၅) လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အချက်အလက်အသစ်တွေကို ပုံမှန် Update မလုပ်ဘူး၊ Design ပုံစံတွေကို မပြောင်းလဲဘူးဆိုရင်လဲ customer တွေဝင်ကြည့်တဲ့အခါ out of date လုပ်ငန်းတစ်ခုလို အထင်ရောက်စေပြီး ယုံကြည်မှု ကျဆင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် Website မှာ အချက်အလက်တွေ update မဖြစ်တာကလဲ Customer များကို ဆုံးရှုံးစေပါတယ်။

Read More>>> ကြော်ငြာပုံစံလွဲချော်မနေအောင် ရှောင်ရှားရမယ့်အချက်များ

လူတော်တော်များများရဲ့ ယူဆချက်က website တစ်ခါလုပ်ပြီးရင်ပြီးပြီလို့ ထင်ကြတာပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံက website တွေထဲမှာ-

(၁) mobile, tablet တွေနဲ့ ကိုက်ညီတဲ့ နည်းပညာတွေ မသုံးထားတဲ့ website တွေအများကြီး ရှိပါတယ်။
(၂) အချက်အလက်တွေ ဟောင်းနေတဲ့ website တွေ အများကြီးရှိပါတယ်။
(၃) နှေးနေ၊ လေးနေတဲ့ website တွေ အများကြီးရှိပါတယ်။

ဒီနေ့ခေတ်မှာ အင်တာနက်က လစ်လျှူရှုထားလို့မရတော့တဲ့ အရာတစ်ခုပါ။ ဒါကိုသိကြတဲ့အတွက် လုပ်ငန်းအတွက် website တွေလုပ်လာကြတာကောင်းပါတယ်။ ဒါပေမယ့် website လုပ်ပြီးတဲ့နောက် ဒီလိုတွေလုပ်သင့်တယ်ဆိုတာကတော့ လူတော်တော်များများက မသိသေးပါဘူး။ အခုသိသွားလို့ update တွေလုပ်တော့မယ်ဆိုရင်တော့ အောက်ပါအချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားပြီး လုပ်သင့်ပါတယ်။

Hologram (သုံးဖက်မြင်ဓာတ်ပုံရိုက်ကူးရေးလုပ်ငန်း(၁)ခုကိုရှာရန်နှိပ်ပါ။)

Website ပေါ်မှာရှိတဲ့ Content အဟောင်းတွေကို မသုံးတော့ပဲ ခေတ်နဲ့အညီ၊ လုပ်ငန်းနဲ့အညီ Customer များစိတ်ဝင်စားစေမယ့် ပုံများ၊ စာများအသုံးပြုရန် နောက်ဆုံးပေါ်နည်းပညာများနဲ့ phone, computer, tablet စတာတွေနဲ့ လိုက်လျောညီထွေရှိဖို့ကို သတိပြုစစ်ဆေးရန်ဒီဇိုင်းအနေအထားအရ ခေတ်ဟောင်းပုံစံကိုပယ်ဖျက်ပြီး ဆန်းသစ်လှပတဲ့ latest trend ဒီဇိုင်းကို ပြုလုပ်ရန် Search engine တွေအတွက် ထည့်သွင်းစဉ်းစားပြီး SEO ထိခိုက်ခြင်းမရှိအောင် upgrade လုပ်ရန် Company အသစ်လုပ်လိုက်တာမှမဟုတ်ရင် domain ရော website link တွေပါ ပြောင်းသွားခြင်းမရှိအောင် ဂရုစိုက်သင့်ပါတယ်။ ဒါမှလည်း တစ်ခြား website တွေမှာ ကိုယ့် website ကို ချိတ်ဆက်ဖော်ပြထားတာတွေရှိခဲ့ရင်လည်း အချိတ်အဆက်မပြတ်သွားမှာဖြစ်ပါတယ်။

Credit; MWD

 

Read times
Rate this item
(1 Vote)