-->
×

Warning

JUser: :_load: Unable to load user with ID: 29


Twitter ရဲ႕ပဲ႕ကိုင္ရွင္

Twitter ရဲ႕ပဲ႕ကိုင္ရွင္ google.com

Jack Dorsey ကို ၁၉၇၆ခုႏွစ္ ႏုိ၀င္ဘာလ ၁၉ရက္၊ မစ္ဇူရီျပည္နယ္ စိန္႔လူး၀စ္ၿမိဳ႕မွာ ေမြးဖြားခဲ႔ပါတယ္။ အေမရိကန္ႏုိင္ငံသား ကြန္ပ်ဴတာ ပရိုဂရမ္မာနဲ႔ အင္တာနက္ စြန္႔ဦးတီထြင္ စီးပြားေရး လုပ္ငန္းရွင္ တစ္ဦးျဖစ္ပါတယ္။

လက္ရွိမွာ Twitter အမွဳေဆာင္အရာရွိခ်ဳပ္အျဖစ္ လုပ္ကုိင္ေနၿပီး မိုဘိုင္းေငြေပးေခ်မွဳ ကုမၸဏီ Squard တည္ေထာင္သူနဲ႔ အမွဳေဆာင္ အရာရွိခ်ဳပ္လည္းျဖစ္ပါတယ္။

ဂ်က္ဒါးေဆးဟာ ကက္သလစ္ Bishop  Duborg အထက္တန္းေက်ာင္းကို တက္ေရာက္ခဲ႔ပါတယ္။ အသက္၁၄ႏွစ္အရြယ္မွာ သယ္ယူပို႔ေဆာင္ေရး ႀကီးႀကပ္မွဳ အလုပ္အကိုင္ကို စိတ္၀င္စားခဲ႔ပါတယ္။ Jack Dorsey က သယ္သူပို႔ေဆာင္ေရးႀကီးႀကပ္မွဳ က႑အတြင္း ဖန္တီးခဲ႔တဲ႔ open-source software တခ်ိဳ႕ကို တကၠစီ ကုမၸဏီေတြ အမ်ားစုက အသံုးျပဳေနဆဲျဖစ္ပါတယ္။

နယူးေယာက္တကၠသိုလ္ကုိ မေျပာင္းေရႊ႕ခင္မွာမစ္ဇူရီ သိပၸံနဲ႔နည္းပညာတကၠသိုလ္မွာ သံုးႏွစ္တက္ ေရာက္ခဲ႔ပါတယ္။ ၁၉၉၉ ခုႏွစ္မွာေတာ့ ဘြဲ႔မရခင္ semsterတစ္ခုမွာ နယူးေယာက္ တကၠသိုလ္မွ ထြက္လာခဲ႔ပါတယ္။ နယူးေယာက္တကၠသိုလ္မွာ ပညာသင္ၾကားေနစဥ္အတြင္း  Twitter ကုိ ဖန္တီးဖို႔ စိတ္ကူးကို Jack Dorsey စဥ္းစားမိပါတယ္။ Jack Dorsey ဟာေမာ္ဒယ္အျဖစ္လည္း လုပ္ကိုင္ခဲ႔ဖူးပါတယ္။

၀ီလီယံ၊ စတုန္းနဲ႔ ႏိုအာဂလက္စ္တို႔ Obvious Coporation ကို တြဲဖက္တည္ေထာင္ခဲ႔ပါတယ္။ ေနာက္ပုိင္းမွာ အမွဳေဆာင္ အရာရွိခ်ဳပ္ အျဖစ္ Jack Dorsey ကတာ၀န္ယူၿပီး Twitter Inc လို႔အမည္ေျပာင္းလဲ ခဲ႔ပါတယ္။ အမွဳေဆာင္အရာရွိခ်ဳပ္အေနနဲ႕ Jack Dorsey ဟာကုမၸဏီကို ေငြေၾကးေထာက္ပံံံ႕ေပးမယ္႔ venture capitalist ေတြဆီက ရန္ပံုေငြကို ႏွစ္ႀကိမ္အထိ စုေဆာင္းေပးခဲ႔ပါတယ္။ ဂ်က္ဒါးေဆးဟာ ေယာဂနဲ႔ ဖက္ရွင္ဒီဇိုင္းလိုမ်ိဳး တျခား၀ါသနာပါတာေတြ ျပဳလုပ္ႏုိင္ဖို႔ Twitter အမွဳေဆာင္အရာရွိခ်ဳပ္ ကုိ လက္လႊတ္ခဲ႔ပါေသးတယ္။

Twitter ဟာနာမည္ေက်ာ္ၾကားလာတာနဲ႔အမွ် Jack Dorsey ဟာ ဦးစားေပးအလုပ္ကိုင္အလုပ္အျဖစ္ တုိးတက္ေအာင္ လုပ္ခဲ႔ပါတယ္။ ဒါ့အ့ျပင္ ၂၀၀၈ခုႏွစ္မွာ ၀င္ေငြရရွိဖို႔ Twitter ကုိ အေျပာင္းအလဲ ျပဳလုပ္ခဲ႔ပါတယ္။

၂၀၀၈ခုႏွစ္ ေအာက္တိုဘာလ ၁၆ရက္မွာ ၀ီလီယံက Twitter အမွဳေဆာင္အရာရွိခ်ဳပ္ကို ရယူခဲ႔ၿပီး  ေဒါေဆးကေတာ႔ ဘုတ္အဖြဲ႔၀င္ဥကၠ႒ အျဖစ္ပါ၀င္ခဲ႔ပါတယ္။ ၂၀၁၁ခုႏွစ္မွာေတာ့ Twitter အမွဳေဆာင္အရာရွိခ်ဳပ္ေနရာမွာ  ၀ီလီယံအစား ဒစ္ကိုစဆိုလုိကို အစားထိုးအၿပီး ေဒါေဆးဟာ ဘုတ္အဖြဲ႔၀င္ ဥကၠ႒ အျဖစ္ ကုမၸဏီကို ျပန္လည္ေရာက္ရွိလာခဲ႔ပါတယ္။ ၂၀၁၅ခုႏွစ္ ဇြန္လ ၁၀ရက္မွာ ကုိစလိုလိုက Twitter အမွဳေဆာင္အရာရွိခ်ဳပ္အျဖစ္ ႏွဳတ္ထြက္ခဲ႔ပါတယ္။ ၂၀၀၅ ခုႏွစ္ ဇူလုိင္လ ၁ရက္မွာေတာ႔ ေဒါေဆးဟာ ၾကားျဖတ္အမွဳေဆာင္ အရာရွိခ်ဳပ္အျဖစ္ စတင္တာ၀န္ယူခဲ႕တယ္။ ၂၀၁၅ခုႏွစ္ ေအာက္တုိဘာလ ၅ရက္မွာေတာ့ Twitter ရဲ႕အၿမဲတမ္း အမွဳေဆာင္ အရာရွိခ်ဳပ္ ျဖစ္လာပါတယ္။

၂၀၀၈ခုႏွစ္မွာ  ဂ်က္ေဒါေဆးဟာ ၃၅ႏွစ္ေအာက္အရြယ္ရွိ ထိပ္တန္းဆန္းသစ္တီထြင္သူ ၃၅ဦးထဲက တစ္ဦး TR35 အျဖစ္ MIT Technology Review ကသတ္မွတ္တာ ခံခဲ႔ရပါတယ္။ ၂၀၁၂ ခုႏွစ္မွာ The Wall Street Journal ကလည္း နည္းပညာအတြက္ “တစ္ႏွစ္တာအတြင္း ဆန္းသစ္တီထြင္မွဳအရွိဆံုးဆု” ကုိေပးအပ္ခဲ႔ပါတယ္။

၂၀၁၂ ခုႏွစ္အတြင္း TechCruch ကဦးစီးတဲ႔ ႏွစ္စဥ္ျပဳလုပ္ေနက် (၅) ႀကိမ္ေျမာက္ Crunchies ဆုေပးအပ္ပြဲမွာ ေဒါေဆးဟာ တစ္ႏွစ္တာ အေကာင္းဆံုး တည္ေထာင္သူဆုကို ရရွိခဲ႔ပါတယ္။

Source; Internet Journal

(Unicode Version)

Jack Dorsey ကို ၁၉၇၆ခုနှစ် နို၀င်ဘာလ ၁၉ရက်၊ မစ်ဇူရီပြည်နယ် စိန့်လူးဝစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ကွန်ပျူတာ ပရိုဂရမ်မာနဲ့ အင်တာနက် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ Twitter အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်နေပြီး မိုဘိုင်းငွေပေးချေမှု ကုမ္ပဏီ Squard တည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ်လည်းဖြစ်ပါတယ်။
ဂျက်ဒါးဆေးဟာ ကက်သလစ် Bishop Duborg အထက်တန်းကျောင်းကို တက်ရောက်ခဲ့ပါတယ်။ အသက်၁၄နှစ်အရွယ်မှာ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အလုပ်အကိုင်ကို စိတ်ဝင်စားခဲ့ပါတယ်။ Jack Dorsey က သယ်သူပို့ဆောင်ရေးကြီးကြပ်မှု ကဏ္ဍအတွင်း ဖန်တီးခဲ့တဲ့ open-source software တချို့ကို တက္ကစီ ကုမ္ပဏီတွေ အများစုက အသုံးပြုနေဆဲဖြစ်ပါတယ်။
နယူးယောက်တက္ကသိုလ်ကို မပြောင်းရွှေ့ခင်မှာမစ်ဇူရီ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ သုံးနှစ်တက် ရောက်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ ဘွဲ့မရခင် semsterတစ်ခုမှာ နယူးယောက် တက္ကသိုလ်မှ ထွက်လာခဲ့ပါတယ်။ နယူးယောက်တက္ကသိုလ်မှာ ပညာသင်ကြားနေစဉ်အတွင်း Twitter ကို ဖန်တီးဖို့ စိတ်ကူးကို Jack Dorsey စဉ်းစားမိပါတယ်။ Jack Dorsey ဟာမော်ဒယ်အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။
၀ီလီယံ၊ စတုန်းနဲ့ နိုအာဂလက်စ်တို့ Obvious Coporation ကို တွဲဖက်တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အမှုဆောင် အရာရှိချုပ် အဖြစ် Jack Dorsey ကတာဝန်ယူပြီး Twitter Inc လို့အမည်ပြောင်းလဲ ခဲ့ပါတယ်။ အမှုဆောင်အရာရှိချုပ်အနေနဲ့ Jack Dorsey ဟာကုမ္ပဏီကို ငွေကြေးထောက်ပံံံ့ပေးမယ့် venture capitalist တွေဆီက ရန်ပုံငွေကို နှစ်ကြိမ်အထိ စုဆောင်းပေးခဲ့ပါတယ်။ ဂျက်ဒါးဆေးဟာ ယောဂနဲ့ ဖက်ရှင်ဒီဇိုင်းလိုမျိုး တခြားဝါသနာပါတာတွေ ပြုလုပ်နိုင်ဖို့ Twitter အမှုဆောင်အရာရှိချုပ် ကို လက်လွှတ်ခဲ့ပါသေးတယ်။
Twitter ဟာနာမည်ကျော်ကြားလာတာနဲ့အမျှ Jack Dorsey ဟာ ဦးစားပေးအလုပ်ကိုင်အလုပ်အဖြစ် တိုးတက်အောင် လုပ်ခဲ့ပါတယ်။ ဒါ့အ့ပြင် ၂၀၀၈ခုနှစ်မှာ ၀င်ငွေရရှိဖို့ Twitter ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
၂၀၀၈ခုနှစ် အောက်တိုဘာလ ၁၆ရက်မှာ ၀ီလီယံက Twitter အမှုဆောင်အရာရှိချုပ်ကို ရယူခဲ့ပြီး ဒေါဆေးကတော့ ဘုတ်အဖွဲ့ဝင်ဥက္ကဋ္ဌ အဖြစ်ပါ၀င်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ Twitter အမှုဆောင်အရာရှိချုပ်နေရာမှာ ၀ီလီယံအစား ဒစ်ကိုစဆိုလိုကို အစားထိုးအပြီး ဒေါဆေးဟာ ဘုတ်အဖွဲ့ဝင် ဥက္ကဋ္ဌ အဖြစ် ကုမ္ပဏီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၅ခုနှစ် ဇွန်လ ၁၀ရက်မှာ ကိုစလိုလိုက Twitter အမှုဆောင်အရာရှိချုပ်အဖြစ် နှုတ်ထွက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၁ရက်မှာတော့ ဒေါဆေးဟာ ကြားဖြတ်အမှုဆောင် အရာရှိချုပ်အဖြစ် စတင်တာဝန်ယူခဲ့တယ်။ ၂၀၁၅ခုနှစ် အောက်တိုဘာလ ၅ရက်မှာတော့ Twitter ရဲ့အမြဲတမ်း အမှုဆောင် အရာရှိချုပ် ဖြစ်လာပါတယ်။
၂၀၀၈ခုနှစ်မှာ ဂျက်ဒေါဆေးဟာ ၃၅နှစ်အောက်အရွယ်ရှိ ထိပ်တန်းဆန်းသစ်တီထွင်သူ ၃၅ဦးထဲက တစ်ဦး TR35 အဖြစ် MIT Technology Review ကသတ်မှတ်တာ ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ The Wall Street Journal ကလည်း နည်းပညာအတွက် “တစ်နှစ်တာအတွင်း ဆန်းသစ်တီထွင်မှုအရှိဆုံးဆု” ကိုပေးအပ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်အတွင်း TechCruch ကဦးစီးတဲ့ နှစ်စဉ်ပြုလုပ်နေကျ (၅) ကြိမ်မြောက် Crunchies ဆုပေးအပ်ပွဲမှာ ဒေါဆေးဟာ တစ်နှစ်တာ အကောင်းဆုံး တည်ထောင်သူဆုကို ရရှိခဲ့ပါတယ်။
Source; Internet Journal

Read times
Rate this item
(1 Vote)