-->
×

Warning

JUser: :_load: Unable to load user with ID: 29


အာရုံစူးစိုက်မှု ကောင်းအောင်လုပ်သင့်တဲ့ အချက်လေးတွေ

တကယ်လို့ သင်ဟာတကြိမ်ထဲမှာ အလုပ်အများကြီးကို တပြိုင်နက်လုပ်နေတယ်ဆိုရင် အမှန်တကယ်အာရုံစူးစိုက်မှုကိုပေးနိုင်မှာ မဟုတ်ပါဘူး။ အာရုံစူးစိုက်မှုနဲ့ပတ်သတ်တဲ့ ကောင်းတဲ့အရာကတော့ လေ့ကျင့်မှုပါပဲ။ အခု ပြောပြ မယ့်အချက်(၄)ချက်နဲ့ သင့်ရဲ့အာရုံစူးစိုက်မှုစွမ်းရည်ကိုပိုကောင်းအောင်လေ့ကျင့်ယူလို့ရပါတယ်။ စိတ်ဝင်စားရင်အောက်မှာ ဖတ်ကြည့်လိုက်ပါဦး။

 

(၁) တကြိမ်မှာအလုပ်တခုပဲလုပ်ပါ

-----------------------------

အာရုံစူးစိုက်မှုပိုကောင်းလာဖို့ တကြိမ်မှာအလုပ်တခုထဲကိုပဲ အပြည့်အဝအာရုံစိုက်လုပ်ဆောင်ပါ။ အလုပ်လုပ်တဲ့အချိန် ဖုန်းခေါ်ဆိုမှုတွေကလွဲပြီး တခြားဖုန်းထဲဝင်လာတဲ့ Noti မှန်သမျှကိုမကြည့်မိအောင် ဖုန်း သံတိုးထားပါ။ ဖြစ်နိုင်ရင် သင်ရဲ့အာရုံကိုပျက်စေတဲ့ အရာဝတ္ထုပစ္စည်းမှန်သမျှကို အလုပ်စားပွဲ နားမှာမထားတာပိုကောင်းပါ တယ်။

 

(၂) လက်ရှိကိုအာရုံစိုက်ပါ

----------------------------

သင်လုပ်နေတဲ့အရာတခု ဘယ်လိုရလဒ်ရမလဲဆိုတာတွေးနေမယ့်အစား လက်ရှိလုပ်ဆောင်နေတဲ့ဆီကို အာရုံစိုက်တာက အမြဲတမ်းစိန်ခေါ်မှုတခုဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့အရာနဲ့ပတ်သတ်ပြီး ဘယ်လောက် ကောင်းလာမလဲလို့တွေးတာကောင်းပေမယ့် လက်ရှိကနေသွေဖယ်သွားစေနိုင်ပါတယ်။ သင်လုပ်နေတာကိုပိုပြီး အာရုံစိုက်လေလေ၊ အဲ့ဒါကပိုမြန်လေလေဖြစ်မှာပါ။

 

(၃) အနားပေးချိန်ထားပါ

----------------------------

အာရုံစူးစိုက်မှုကောင်းအောင်ကြိုးစားသလို သင့်ကိုယ်သင်အနားပေးဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ရဲ့အတွေးတွေနဲ့ စိတ်အားထက်သန်ဖို့ကိုထိန်းဖို့ကြိုးစားပေမယ့် အမြဲတမ်းထိန်းချုပ်နိုင်မှာတော့ မဟုတ်ပါဘူး။ ဆက်တိုက် အာရုံစိုက်အလုပ်လုပ်နေတာကောင်းပေမယ့် အလုပ်စားပွဲကနေ ခဏထအနားယူတာ၊ လမ်းလျှောက်တာ၊ ကော်ဖီသောက်တာ စသဖြင့်လုပ်ပေးတာက ပိုအာရုံစိုက်ရကောင်းစေပါတယ်။

 

(၄) လုံလောက်စွာအိပ်စက်ပါ

------------------------------

ရက်အနည်းငယ်အိပ်ရေးပျက်တာက အဆင်ပြေပေမယ့် တပတ်တာရဲ့အချိန်တော်တော်များများအိပ်ချိန်မပြည့် တာက သင့်ရဲ့ရေရှည်ရေတိုမှတ်ဉာဏ်နဲ့အာရုံစူးစိုက်နိုင်စွမ်းအပေါ်ဆိုးကျိုးရှိလာစေပါတယ်။ အသက် ၁၈ မှ ၆၀ အတွင်းရှိ အရွယ်ရောက်ပြီးသူတွေအတွက် တနေ့ကိုအိပ်ချိန် အနည်းဆုံး ၇နာရီရှိသင့်ပြီး သက်ကြီးရွယ်အို များအတွက်တညကိုအိပ်ချိန် ၉နာရီရှိဖို့ လိုအပ်ပါတယ်။

 

Myanmar Advertising Guide 

 

Kwee

Read times
Rate this item
(2 votes)