-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်သာ ဝယ်သူဆိုရင် ဘယ်လိုကြော်ငြာမျိုးကို သဘောကျမလဲ?

သင်က လုပ်ငန်းရှင်တစ်ယောက်ဖြစ်စေ၊ သာမန်ဈေးဝယ်သူတစ်ယောက်ဖြစ်စေ နေ့စဉ်ဘဝမှာ သင်မဖြစ်မနေ ကြုံတွေ့ရမှာကတော့ ကြော်ငြာများပါပဲ။

ကြော်ငြာများဟာ သင့်ကို လမ်းဘေး ဘေလ်ဘုတ်တွေ၊ ရုပ်မြင်သံကြားတွေ၊ သတင်းစာတွေ ပြီးတော့ ဘတ်စ်ကားတွေ၊ လူပေါင်းမြောက်များစွာဆီကနေ ပုံစံအမျိုးမျိုးနဲ့ သင့်ဆီရောက်ရှိ လာနေခဲ့မှာဖြစ်ပါတယ်။ ဒီလိုမြောက်များစွာသော ကြော်ငြာများကို သင်ဟာ မှန်ကန်တယ်လို့ ဘယ်လိုရွေးချယ်မလဲ၊ သင်ဟာ ဈေးဝယ်သူ တစ်ယောက်အနေနဲ့ ကြော်ငြာများကို ဘယ်လို ချဉ်းကပ်မလဲ။


၁။ ကတိပြုမှု

သင်သာ ဝယ်ယူသုံးစွဲသူတစ်ယောက်ဆို သင့်အနေနဲ့ အရင်ဆုံး အလိုရှိမှာကတော့ ကြော်ငြာမှာပါတဲ့အတိုင်း အရည်အသွေး ပြည့်ဝမှုပဲဖြစ်နိုင်ပါတယ်။ ကြော်ငြာတွေက ဘာကောင်းတယ် ဘာလုပ်ပေးနိုင်တယ်ဆိုပြီး ပြောသမျှ အားလုံးဖြစ်လာဖို့ မဟုတ်ရင်တောင် သင်ဟာ အနီးစပ်ဆုံးတူညီတဲ့ အရည်အသွေးမျိုး ပုံစံမျိုးကို အလိုရှိမှာပါ။ ဒါဟာ ကြော်ငြာခြင်းရဲ့နောက်ကွယ်က ကုန်ပစ္စည်းတစ်ခုအပေါ် ဝယ်သူတွေ မျှော်လင့်ထားတာမျိုးဖြစ်နိုင်ပါတယ်။


၂။ ဈေးနှုန်း

ဝယ်ယူသုံးစွဲသူတွေအနေနဲ့ ကြော်ငြာမှာပါရှိတဲ့ ဈေးနှုန်းမျိုးကို အသေမှတ်ယူထားတတ်တာဟာ ရာခိုင်နှုန်းအားဖြင့် ပိုများလေ့ရှိပါတယ်။ ဒီတော့ ကြော်ငြာမှာက ဈေးနှုန်းတစ်မျိုး၊ တစ်ကယ်ချရောင်းတော့ ဈေးနှုန်းတစ်မျိုးဆိုရင် ဝယ်သူတွေက အကြောင်းအမျိုးမျိုးကြောင့် လက်တွန့်သွားတတ်ပါတယ်။ ဒါဟာ ဝယ်သူရဲ့ကြော်ငြာအပေါ် စွဲမြဲစွာယုံကြည်မှုတစ်ခုကြောင့်ပါ။

Read More...ဘတ်စ်ကားကြော်ငြာခြင်း ဘယ်ကစတင်ခဲ့သလဲ?


၃။ အသစ်အဆန်း

တူညီတဲ့ ကုန်ပစ္စည်းပေါင်းများစွာထဲကနေ လူတွေက သင့်ကုန်ပစ္စည်းကို ရွေးချယ်တယ်ဆိုတာ အသစ်အဆန်းကို ထိတွေ့ချင်တာမျိုးလည်းဖြစ်ပါတယ်။ ဒါကို အဓိကအားဖြင့် စားသောက်ဆိုင်လုပ်ငန်းတွေမှာ တွေ့ရနိုင်ပါတယ်။ သင်က ကြော်ငြာမှာ ထူးခြားတဲ့ အစားအစာမျိုးထည့်သွင်းထားမယ်၊ အရသာအသစ်ရှိစေရမယ်လို့ ပြောထားမှုအပေါ် ဝယ်ယူစားသုံးသူတွေက အသစ်အဆန်းအနေနဲ့ ထိတွေ့ချင်ကြတာပါ။ တစ်ကယ်လို့ သင့်ဆိုင်က သင်ကြော်ငြာထားသလိုမျိုး မဟုတ်ဘူးဆိုရင်တော့ ဝယ်သူတွေဆီကနေ စိတ်ပျက်မှုကို အလွယ်တကူပဲ ပြန်ရသွားနိုင်ပါတယ်။

၄ ။ လက်လှမ်းမှီမှု

တစ်ခါတစ်လေကျတော့လည်း ဝယ်သူတစ်ယောက်အနေနဲ့ တူညီတဲ့ ကုန်ပစ္စည်းတစ်ခုကို အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သုံးစွဲဝယ်ယူလိုက်ရတာတွေရှိပါတယ်။ ဥပမာ - သင်က ရေချိုးဆပ်ပြာအဆီရောင်းချတဲ့ လုပ်ငန်းရှင်ဖြစ်ရင် သင်လုပ်ရမှာက သင့်ကုန်ပစ္စည်းကို ဈေးကွက်ထဲကို ပြန့်နှံ့စွာရောက်ရှိဖို့ပဲဖြစ်ပါတယ်။ ဒါဟာ အခြေခံအသုံးအဆောင်ဖြစ်ပြီး သင့်ရဲ့ကုန်ပစ္စည်းယှဉ်ပြိုင်ဘက်တွေက အများအပြားရှိနေတယ်ဆိုတာကို သင်သတိပြုရမှာပါ။ ဒီအတွက် ဝယ်သူတွေ မျှော်လင့်ထားတာကတော့ အခြေခံကုန်ပစ္စည်းတွေအပေါ် သူတို့လက်လှမ်းမီတဲ့ အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့နေရာမှာရှိနေဖို့ပါပဲ။


၅ ။ ယုံကြည်မှု

သစ္စာရှိဝယ်ယူသူဆိုတဲ့ အမည်ဟာ အမြဲတမ်းကို ရှိပါတယ်။ သင်က ကုန်ပစ္စည်းတစ်ခုအပေါ် လက်လှမ်းလည်းမှီတယ်၊ သင့်စိတ်ကျေနပ်မှုကိုလည်းပေးစွမ်းစေတယ်၊ ပြီးတော့ အပြန်အလှန်ယုံကြည်မှုကိုလည်း တည်ဆောက်ထားနိုင်တယ်ဆိုရင် ဝယ်ယူသူတွေအနေနဲ့ အခြားသောကုန်ပစ္စည်းတစ်ခုကို ဝယ်ယူသုံးစွဲဖို့ဆိုတာ အတော့်ကို ချင့်ချိန်ရလေ့ရှိပါတယ်။ ဈေးဝယ်သူတွေ ရာခိုင်နှုန်းအတော်များများဟာ သူတို့ယုံကြည်ရတဲ့ ကုန်ပစ္စည်းတစ်ခုကိုပဲ မသိစိတ်ကရော သိစိတ်ကပါ စွဲမြဲလေ့ရှိပါတယ်။ ဒါဟာ ကြော်ငြာတွေထဲကအတိုင်း ပေးစွမ်းနိုင်တဲ့ ကုန်ပစ္စည်းရဲ့အရည်အသွေးနဲ့ ဈေးနှုန်းအပေါ် စိတ်ကျေနပ်မှုကြောင့်ပါ။ ဒါဟာ ဝယ်သူတွေရဲ့အလိုလိုရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။

သင်က ဝယ်သူနေရာကနေ စဉ်းစားမယ်ဆိုရင်တော့ ကြော်ငြာတွေကနေ ဖျော်ဖြေမှုကို လိုချင်မှာဖြစ်သလို ကုန်ပစ္စည်းရဲ့တစ်ကယ်စစ်မှန်တဲ့ အရည်အသွေးကိုလည်း အလိုရှိနေမှာဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းရှင်တိုင်းအတွက် ထည့်သွင်းစဉ်းစားဖို့ရာ အချက်တစ်ခုဖြစ်ပြီး သင့်ကုန်ပစ္စည်းနဲ့ပတ်သတ်ပြီး ဘယ်လိုကြော်ငြာမလဲဆိုတဲ့ အချက်တစ်ချက်လည်းဖြစ်ပါတယ်။


Source; ATTMEDIA

Read times
Rate this item
(0 votes)