-->
×

Warning

JUser: :_load: Unable to load user with ID: 29


Giphy ကို ပြန်ရောင်းရန် CMA က Meta ကို အမိန့်ထုတ်ပြန်

ယူကေမှ ယှဉ်ပြိုင်မှုနှင့် စျေးကွက်များ အာဏာပိုင် Competition and Markets Authority ( CMA ) သည်

GIF ပုံများ အွန်လိုင်းမှာ ပေးသူ Giphy ကို ရောင်းချရန် ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီး Meta Platforms, Inc (ယခင်က Facebook) ကို အမိန့်ပေးခဲ့သည်။

Facebook က Giphy ကို ဝယ်ယူခြင်းသည် မေလတွင် ပြီးပြတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖြင့် ဝယ်ယူခဲ့သည်ကို ယခု ပြန်ရောင်းထုတ်ရန် အမိန့်ချမှတ်ခြင်း ဖြစ်သည်။

Meta သည် အဆိုပါ ဆုံးဖြတ်ချက်ကို သဘောမတူဘဲ အယူခံဝင်ရန် စဉ်းစားနေသည်။

ယခုနှစ်သြဂုတ်လတွင် CMA က Facebook ၏ Giphy ကို ဝယ်ယူသိမ်းပိုက်ခြင်းသည် ဆိုရှယ်မီဒီယာပလက်ဖောင်းများကြား ပြိုင်ဆိုင်မှုကို အပျက်သဘောဆောင်သည်ဟု သုံးသပ်ရှုမြင်သည်။

အောက်တိုဘာလတွင် CMA သည် Meta က လိုက်နာရန် လိုအပ်သော လုပ်ငန်းစဉ်အရ ဖြစ်ပေါ်မှု အဆင့်ဆင့်ကို အစီရင်ခံရန် ပျက်ကွက်ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၆၉.၁ သန်း ဒဏ်ရိုက်ခဲ့သည်။

CMA မှ "Giphy ကို Meta က ဝယ်ယူသိမ်းပိုက်ထားခြင်းသည် ဆိုရှယ်မီဒီယာပလက်ဖောင်းများကြား ပြိုင်ဆိုင်မှုကို လျော့ကျစေမည်ဖြစ်သည်။ ထိုသို့ ဝယ်ယူလိုက်သည့်အတွက် Giphy သည် ကြော်ငြာရောင်းချပြီး ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ချေ” ဟု သုံးသပ်ရှုမြင်သည်။ တစ်နည်းဆိုရသော် Meta သည် ကြော်ငြာဈေးကွက်တွင် ပြိုင်ဘက်ဖြစ်လာနိုင်သည့် Giphy ကို စိန်ခေါ်ယှဉ်ပြိုင်ခြင်း မပြုတော့သည့် အဖြစ်သို့ ရောက်ရှိသွားစေသည်။
ထို့ပြင် အကယ်၍ Meta သည် အခြားသောပလက်ဖောင်းများ၏ Giphy GIFs များ သုံးစွဲခွင့်ကို ငြင်းပယ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းဖြင့် မိမိပလက်ဖောင်းကို အားသာချက် ဖန်တီးထားနိုင်နေစေသည်။

ယခုအခါ ယူကေတွင် ဆိုရှယ်မီဒီယာ လူမှုကွန်ရက်များ သုံးစွဲကြရာ၌ သုံးစွဲကြချိန် စုစုပေါင်း၏ ၇၃% ကို Facebook၊ WhatsApp နှင့် Instagram တို့တွင် လူအများတို့ သုံးစွဲလျက် ရှိကြသည်။

"ယူကေရှိ အမေရိကန်ဒေါ်လာ ၉.၃ ဘီလျံ ဈေးကွက်ဖြစ်သော စခရင်အပြကြော်ငြာဈေးကွက်display advertise market ၏ ထက်ဝက်နီးပါးကို Facebook က ထိန်းချုပ်ထားသောကြောင့် ၎င်းကို အထူးစဉ်းစားသည်" ဟု CMA မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Meta ပြောရေးဆိုခွင့်ရှိသူက "ယခုဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ သဘောမတူပါဘူး။ ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နေပြီး အယူခံဝင်ခြင်းအပါအဝင် လုပ်ဆောင်လို့ရမည့် နည်းလမ်းအားလုံးကို ထည့်သွင်းစဉ်းစားနေပါသည်။ သုံးစွဲသူများနှင့် Giphy နှစ်ခုစလုံးသည် ကျွန်ုပ်တို့၏ အခြေခံအဆောက်အအုံ၊ စွမ်းရည်နှင့် အရင်းအမြစ်များ၏ ပံ့ပိုးမှုဖြင့် ပိုမိုကောင်းမွန် စေပါသည်။ Meta နှင့် Giphy တို့သည် ယူကေနှင့် Giphy ကိုနေ့စဥ်အသုံးပြုသော ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသောလူများ၊ စီးပွားရေးလုပ်ငန်းများ၊ developer များနှင့် API လုပ်ဖော်ကိုင်ဖက်များအတွက် Giphy ၏ထုတ်ကုန်ကို မြှင့်တင်ပေးမည်ဖြစ်ပြီး လူတိုင်းအတွက် ရွေးချယ်စရာများကို ပေးစွမ်းနိုင်မည်ဖြစ်သည်" ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

 

Read times
Rate this item
(0 votes)