-->
×

Warning

JUser: :_load: Unable to load user with ID: 29


မအောင်မြင်ခြင်းရဲ့ အကြောင်းပြချက်များ

မအောင်မြင်ခြင်းရဲ့ အကြောင်းပြချက်များ google.com

၁။ ကံကြောင့်
ကံကြောင့်မအောင်မြင်တာ။ အောင်မြင်ပြီးတဲ့သူတွေက ကံကောင်းလို့။ ကိုယ်လည်းသူတို့လို ကံကောင်းရင် အောင်မြင်မှာပဲ။


(ကိုယ်လက်လှမ်းမမီတဲ့အရာ၊ သူ့အလိုလိုဖြစ်လာတဲ့အရာတစ်ခုကိုအပြစ်တင်လိုက်တယ်။ အောင်မြင်တဲ့သူတွေ ဘယ်လိုရုန်းကန်ရလဲဆိုတာကိုတော့ သိပေမယ့် မေ့ထားတယ်)
၂။ မိဘတွေကြောင့်
မွေးကတည်းက ဆင်းဆင်းရဲရဲမွေးလာတာကိုး။ ချမ်းသာတဲ့မိဘတွေဆီမှာမွေးရင်တော့ သူတို့လို အောင်မြင်အောင်လုပ်နိုင်မှာပေါ့။
(ကိုယ့်ကြောင့်မဟုတ်ဘူး။ ကိုယ့်ကိုမွေးဖွားခဲ့တဲ့သူတွေ အောင်မြင်အောင်မလုပ်ထားလို့)
၃။ ပညာရေးကြောင့်
ပညာရေးစနစ်မကောင်းလို့ မအောင်မြင်နိုင်တာ။ အမေရိကန်မှာသာမွေးခဲ့ရင်တော့ အောင်မြင်အောင် လုပ်ရတာပိုလွယ်ကူမှာပေါ့။
(ဘာမဆို လေ့လာလို့ရတဲ့အခုချိန်မှာ ဖေ့ဘွတ်ကအရေမရ အဖတ်မရတာတွေနဲ့ အချိန်ကုန်ဖို့ရွေးချယ်တာက ကိုယ်တိုင်)
၎။ အလုပ်မကောင်းလို့
ဒီအလုပ်က ပေးထားတဲ့လစာနဲ့မတန်ဘူး။ အဲဒီတော့ တော်ရိလျော်ရိပဲလုပ်မယ်။ ကိုယ်ကြိုက်တဲ့အလုပ်ကျမှ အစွမ်းအစတွေပြလိုက်မယ်။
(အဲဒီလိုနဲ့ ဘယ်တော့မှ ကိုယ်နှစ်သက်တဲ့အလုပ်ကိုမရနိုင်တော့ဘူး။ လျှိုနေရင်းနဲ့ အစွမ်းအစတွေလည်း ပျောက်ကုန်ရော)
၅။ အဆက်အသွယ်မကောင်းလို့၊ ကူညီစောင်မမယ့်သူမရှိလို့ သူတို့က အဆက်အသွယ်ကောင်းတာကိုး။ ကူညီ စောင်မမယ့်သူတွေရှိနေတာကိုး။ ငါတို့ကျတော့ အဆက်အသွယ်မှမကောင်းတာ။
(ပွဲတွေမတက်တာ၊ လူတွေနဲ့ ခင်ခင်မင်မင်မနေတာ၊ မိတ်မဆက်တာ။ အားတဲ့အချိန်တွေဆိုရင် ကိုယ့်ဘာသာ ပျှော်ရွှင်သလိုနေတာ)
မအောင်မြင်ရခြင်းရဲ့ အကြောင်းပြချက်ပဲရှာချင်တာ။ အဖြေရှာချင်တာမဟုတ်ဘူး။ အဖြေကသိပြီးသား။ လိုက်လုပ်ရမှာပျင်းလို့၊ ပင်ပန်းလို့။ ဒီတော့ ဘယ်သူမေးမေး ဖြေလို့ရအောင် အကြောင်းပြချက်လေးတွေ ရှာထားလိုက်တယ်။
မအောင်မြင်ရခြင်းအတွက် ကိုယ့်မှာတာဝန်မရှိဘူး၊ ကိုယ်တတ်နိုင်တဲ့လုပ်ပိုင်ခွင့်ထဲမှာမရှိဘူး။ အောင်မြင်ခြင်းမအောင်မြင်ခြင်းဆိုတာက တစ်ခါတည်းသတ်မှတ်ပေးလိုက်တဲ့ ပေးထားချက်တွေပဲ။ ဒီအတွက် ငါမအောင်မြင်တာ ငါ့မှာအပြစ်မရှိဘူး။ ငါဟာ သနားစရာအကောင်းဆုံးသတ္တဝါပဲ။ ကိုယ့်ကိုကိုယ် ဒီထက်ပိုညှာမှာပါ။

Read-စိတ်ညစ်ပြီးအားငယ်နေရုံနဲ့ ဘာကိစ္စတွေက ပြီးမြောက်အောင်မြင်မှာလဲ


Credit ; Thurein Hlaing Win

Read times
Rate this item
(4 votes)