Unicode >>>
Snapchat ဟာ ပြိုင်ဘက် SocialMedia များကို ထိပ်တိုက်စိန်ခေါ်လိုက်ပါပြီ။Snapchat မှာနိုင်ငံရေးကြော်ငြာများကို စိစစ်ပြီးပြသခွင့်ပြုမယ်လို့သိရပါတယ်။
၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက် ပွဲ နီးလာပြီဖြစ်သော ကြောင့်နိုင်ငံရေးသမားများမှာ လည်းကြော်ငြာရေးရာ ကိစ္စများတွင် အားပြိုင်လျက်ရှိသည်။
Facebook ရဲ့ ပဲ့ကိုင်ရှင် Mark Zuckerberg နှင့် Twitter ၏ CEO ဖြစ်သူ Jack Dorsey မှာ ၎င်း တို့ SocialMedia များတွင် နိုင်ငံရေးကြော်ငြာများ ကြော်ငြာခွင့် ပိတ်သိမ်းထားပြီဖြစ်သည်။
Snapchat မှ CEO ဖြစ်သူ Evan Spiegel ပြီးခဲ့သော တနင်္လာနေ့က ပြောကြားချက်အရ သူ့အနေနှင့် နိုင်ငံရေးဆိုင်ရာ လိမ်ညာလှည့်စားထားသော ၊
မြင်သောသူအထင်မှားစေနိုင်သော နိုင်ငံရေးကြော်ငြာများကိုသာ ဖယ်ရှားသွားမယ်သိရှိရပြီး ထိုအရာတွေ စိစစ်အုံးမည်စုဆိုကာ အခြားနိုင်ငံရေးကြော်ငြာများကိုတော့ ချန်ထားမယ် သိရှိရပါတယ်။
Facebook, Twitter နှင့် Google ကတော့ နိုင်ငံရေးကြော်ငြာများကို စိစစ်ခြင်းမရှိပဲ ပယ်ဖျက်လိုက်ပါပြီ။Google ဆိုမှတော့ Youtube မှ နိုင်ငံရေးဆိုင်ရာကြော်ငြာများပါ ဖယ်ရှားသွားမှာပါ။
အိုင်ယာလန်နိုင်ငံတွင် e-cigarette ကြော်ငြာများအား ပြသခွင့်ပြုမည်မဟုတ်
Evan Spiegel ရဲ့ပြောကြားချက်ကတော့ ' ကွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ကြော်ငြာတွေကို ပြန်လည်စိစစ်ချင်တာပါ နိုင်ငံရေးကြော်ငြာများအပါအဝင်ပေါ့၊နောက်ပြီး ကျွန်တော်လုပ်ပေးဖို့ကြိုးစားကြည့်ချင်တာက
ကျွန်တော်တို့ platform မှာ နိုင်ငံရေးကြော်ငြာတွေအတွက် နေရာလေးတစ်ခုလုပ်ပေးချင်တယ် / အထူးသဖြင့် လူငယ်တွေဆီကိုရောက်မယ်ပေါ့၊Snap Chat အနေနှင့် အထင်မှားစေနိုင်သော နိုင်ငံရေးကြော်ငြာများ ကိုတော့ ဖယ်ရှားမှာပါ ဟုပြောကြားခဲ့ပါတယ်။
Snapchat ရဲ့ကြော်ငြာပိုင်းဆိုင်ရာ လုပ်ငန်းလုပ်ကွက်များမှာ Facebook နဲ့ Google ထက်တော့ လုပ်ကွက်နည်းပါးနေပါသေးတယ်။သို့ပေမဲ့ photo-sharing business ကတော့ ၅၀ ရာခိုင်နှုန်းတိုးတက်နေပြီဖြစ်ကာ ယခုနှစ်တွင် ၄၄၆ မီလီယံ ရရှိထားပါသည်။
အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲကို ၂၀၂၀ ကြာသပတေးနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပါ့မယ်သိရပါတယ်။
Myanmar Advertising Directory
Source from CNBC