-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်အသက်မွေးဝမ်းကြောင်း ပြောင်းလဲသင့်တယ်လို့သတိပေးနေတဲ့ အချက်(၄) ချက်

သင့်အသက်မွေးဝမ်းကြောင်း ပြောင်းလဲသင့်တယ်လို့သတိပေးနေတဲ့ အချက်(၄) ချက် google.com

လူတွေက ပြောင်းလဲရမျာကို ၀န်လေးကြတယ်။

အထူးသဖြင့် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်နဲ့ ပတ်သတ်ရင် ပြောင်းလဲပစ်ရမှာပိုပြီးဝန်လေးကြပါတယ်။ 

လူတော်တော်များများဟာ

သူတို့မနှစ်သက် ၀ါသနာမပါတဲ့ အလုပ်တွေမှာလုပ်နေကြရတယ်။

ဒါပေမဲ့ မမြင်နိုင်တဲ့ အခက်အခဲတွေကို တွေးပြီး ပြောင်းလဲဖို့ဝန်လေးတတ်ကြတယ်။

ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ သင်ပြောင်းလဲဖို့ လိုအပ်ကောင်း လိုအပ်နေပါပြီ။


(၁)ပိုက်ဆံတစ်ခုတည်းအတွက် အလုပ်လုပ်နေရခြင်း

ဒီနေ့ခေတ်မှာ ပိုက်ဆံက တော်တော်အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်လာပါတယ်။ ပိုက်ဆံမရှိရင် စိတ်ဖိစီးမှုတွေဖြစ်လာမယ်၊ ရပ်တည်နိုင်ဖို့ ခက်ခဲလာမယ်။

ဒါပေမဲ့ လူငယ်တွေဟာ ပိုက်ဆံတစ်ခုတည်းအတွက်ကြောင့် အလုပ်ကိုရွေးချယ်တာက မဖြစ်သင့်တဲ့ အချက်ပဲဖြစ်ပါတယ်။

သင်ဟာ အလုပ်မှာ ဒါမှမဟုတ် ကျောင်းတက်နေဆဲဆိုရင် တက္ကသိုလ်မှာ အလိုလိုနေရင်း ပျင်းစရာကောင်းနေမယ်၊ တနင်္ဂနွေပြီး တနင်္လာရောက်မှာ စိတ်ညစ်နေမယ်ဆိုရင်တော့ ပြောင်းလဲဖို့စဉ်းစားသင့်ပါပြီ။


(၂)စိတ်ကူးအိမ်မက်နဲ့ အသက်မွေးဝမ်းကြောင်း လွဲချော်နေခြင်း

ဒီအချက်က ကျွန်တော်တို့ နိုင်ငံမှာ လူငယ်အများစုကြုံတွေ့နေရတဲ့ ပြဿနာပါ။ သင့်ရဲ့ အိမ်မက်က စီးပွားရေးပညာရှင်တစ်ယောက်၊ ဒါပေမယ့် ဆေးတက္ကသိုလ်တက်နေရမယ်ဆိုရင် သင်ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။

ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်က ကြီးကျယ်တာ၊ မကြီးကျယ်တာ အဓိကမဟုတ်ပါဘူး။

အကောင်းဆုံးကြိုးစားမယ်ဆိုရင် အောင်မြင်မှာပဲဖြစ်ပါတယ်။

"ရှုံးနိမ့်ခြင်း ဟာ ဘာမှမကြိုးစာကြည့်တာထက်တော့ ပိုကောင်းပါတယ်"


(၃)ပျင်းရိပြီး စိတ်အားထက်သန်မှု ပျောက်ဆုံးနေခြင်း

အလုပ်တစ်ခု အောင်မြင်ဖို့ အဓိကအချက်တွေထဲမှာ စိတ်အားထက်သန်ခြင်းလည်း ပါဝင်ပါတယ်။

စိတ်အားထက်သန်မှု မရှိရင် သင့်အလုပ်မှာ ပျော်ရွှင်မှာမဟုတ်သလို အောင်မြင်ဖို့လည်း အခွင့်အရေး နည်းပါတယ်။

စိတ်အားထက်သန်တဲ့ အလုပ်ကို ပြောင်းလုပ်သင့်ပြီး မိမိဝါသနာပါတာ ဘာမှန်းသေချာမသိဖြစ်နေရင်တော့ အခုလက်ရှိအလုပ်ထဲမှာပဲ စိတ်ကို နှစ်မြှုပ်ထားသင့်ပါတယ်။


(၄)လွန်ခဲ့တဲ့ ၅ နှစ်နဲ့ အခုလက်ရှိအခြေအနေ

ဒီအချက်ဟာ မိမိကိုယ်တိုင် ပြန်လည်ဆန်းစစ်ရမယ့် အချက်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်နဲ့ အခုလက်ရှိအခြေအနေ ဘာမှမကွာခြားသေးရင်တောင် သင့်ခေါင်းထဲမှာ ရည်မှန်းချက်ခိုင်ခိုင်မာမာရှိနေသေးရင် ကိစ္စမရှိပါဘူး။

သင်ဟာ လွန်ခဲ့တဲ့ ၅ နှစ်နဲ့ အခုအခြေအနေ မပြောင်းလဲသေးပဲ သင့်ရဲ့တိုးတက်မှု (တက်လမ်း) ကိုတားဆီးနေတဲ့ အလုပ်နေရာမှာရှိတယ်ဆိုရင် သင်ပြောင်းလဲဖို့စဉ်းစားသင့်ပါပြီ။

Read-အလုပ်ထွက်တော့မယ့် သင့်အတွက် စဉ်းစားစရာ အချက်(၃)ခု

Credit; Youth Time

Read times
Rate this item
(1 Vote)