-->
×

Warning

JUser: :_load: Unable to load user with ID: 29


Spotify ရဲ့ လုပ်ကွက်

ွှThe DrumွှThe Drum




 




 


 


 


 


 


 

သင့်ရဲ့ ရည်းစားဟောင်း ရဲ့ ဓာတ်ပုံတစ်ပုံပေးရုံ့ ဖြင့် ဘာကာတစ်လုံးရရှိမည့် အခွင့်အရေး



 


 

Podcastနည်းပညာများကို အရှိန်နဲ့ မြှင့်တင်ဖို့ လုပ်ဆောင်နေတဲ့ အပေါ်မှာ ယုံကြည်မှုရှိကြောင်းနဲ့ မြင်သာတဲ့ ရလဒ်များရှိတာကြောင့် ရင်းနှီးမြှပ်နှံသူတွေကို သူ့ရဲ့ အမြင်တွေကို အရိပ်အမွတ်ပြောခဲ့ပါတယ်။



 


 


 






 


 

<<< Unicode >>>

 

Spotify ရဲ့ လုပျကှကျ

---------------------------


Spotify က Podcasts စီးပွားရေးမှာ အောင်မြင်ဖို့အတွက် စာရင်းပေးထားတဲ့ သုံးစွဲသူအသစ် ၁၂၆ မီလီယံကို ၁၀မီလီယံအထိ ငွေပြန်ထုတ်ပေးခဲ့ပြီး၂၀၁၉ ခုနှစ် Spotify စာရင်းပိတ်ချိန်မှာ ဝင်ငွေရဲ့ လေးပုံတစ်ပုံလောက် ပြန်လည်ပေးချေလိုက်ရတာ ဖြစ်ပါတယ်။

 

အခုပေးချေနေတာတွေက အနာဂတ်မှာ Podcast စီးပွားရေး ဘက်ပေါင်းစုံကနေ ပြန်တိုးလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြန်လည်ပေးချေနေတာဖြစ်ပါတယ်။

 

ပေးချေအပြီး စတုတ္ထသုံးလပတ်မှာတော့ ဝင်ငွေ ယူရို ၁၈၅၅ မီလီယံ ၂၄ ရာခိုင်နှုန်း ပြန်လည် တိုးလာခဲ့တာဖြစ်ပါတယ်။ နောက်ထပ် တတိယပတ်မှာဆိုရင် လစဉ်သုံးစွဲသူတွေ ၂၇၁သန်းအထိ တိုးတက်လာခဲ့ပါတယ်။

 

အခုလို သုံးစွဲသူတွေကို ငွေပြန်ပေးလိုက်ရတာဟာ အနာဂတ်မှာ Podcast ကို သုံးစွဲသူတွေများလာဖို့နဲ့ ဘဏ္ဍာရေးမှာလည်းကြီးထွားလာဖို့ ဖြစ်ပါတယ်။

 

သုံးစွဲသူတွေများလာခြင်း

 

Spotify က Podcasts တင် မဟုတ်ဘဲ အရည်အသွေးရှိတဲ့ Premium Podcast များကိုပါ သုံးစွဲသူတွေကို ထောက်ပံ့ပေးဖို့အတွက် သုံးစွဲသူများရဲ့ ပြန်လည်ပြောကြားမှုများကို နားထောင်နေပါတယ်။


ဘာဖြစ်လို့လဲဆိုရင် Spotify ရဲ့ ကံကြမ္မာဟာ သုံးစွဲသူများနဲ့ ဝင်ငွေအပေါ်မှာ မူတည်နေတာကြောင့်လည်း ဖြစ်ပါတယ်။

 

သုံးစွဲသူတွေကို ဝင်ငွေရဲ့ ၂၉ ရာခိုင်နှုန်းနဲ့အထက် ပြန်လည် ပေးချေပြီးတဲ့နောက်မှာ သုံးစွဲသူတွေ အလျင်အမြန် တိုးတက်လာတာ ဖြစ်ပါတယ်။


သုံးစွဲသူများကိုလည်း အခမဲ့ပေးထားတဲ့ နေရာတွေကနေ ဆွဲဆောင်ဖို့နဲ့ ဘယ်လိုရှေ့ဆက်လုပ်ရမလဲဆိုတာကိုလည်း လုပ်ဆောင်နေပါတယ်။

 

အခုလက်ရှိ လုပ်ဆောင်နေတဲ့ အရာတွေအပေါ်မှာ လက်ရှိသုံးစွဲနေသူတွေကတော့ အားပေးကြပါတယ်။

 

Podcasts က လူတိုင်းမဟုတ်ပေမဲ့ သုံးစွဲသူတွေ များလာဖို့ မျှော်လင့်ခဲ့ကြတယ်။ နောက်ထပ် အသစ်ထပ်တိုးထားတဲ့ အစီအစဉ်တွေရှိတာတောင် ဝင်ငွေနည်းနေပါသေးတယ်။

 

၂၀၂၀ နှောင်းပိုင်းမှာ ခေတ်စားကျော်ကြားလာနိုင်တဲ့ Podcast Advertising

 

Podcast သုံးစွဲသူတွေအပေါ် ပြောကြားခြင်း

 

အခုအခါ Podcasts ကို မသုံးတဲ့သူတွေလည်း ရှိလာနေတယ်။ Podcasts မှာ ကဏ္ဍခွဲပြီးတော့ သုံးစွဲသူတွေများလာဖို့ လုပ်ဆောင်နေပါတယ်။

 

တစ်ချိန်တည်းမှာပဲ Podcast ထုတ်လုပ်သူများဟာ Premium Podcast တွေ ထုတ်ဖို့နဲ့ Podcast အသစ်တွေဖန်တီးပြီး ဈေးကွက်ကို ဦးဆောင်ဖို့ Spotifyရဲ့ ပူးတွဲတည်ထောင်သူ အရာရှိ Danielk Ek က ပြောခဲ့ပါတယ်။

 

Podcastနည်းပညာများကို အရှိန်နဲ့ မြှင့်တင်ဖို့ လုပ်ဆောင်နေတဲ့ အပေါ်မှာ ယုံကြည်မှုရှိကြောင်းနဲ့ မြင်သာတဲ့ ရလဒ်များရှိတာကြောင့် ရင်းနှီးမြှပ်နှံံသူတွေကို သူ့ရဲ့ အမြင်တွေကို အရိပ်အမွတ်ပြောခဲ့ပါတယ်။

 

ထုတ်ကုန်အသစ်နဲ့ပေါင်းစပ်ပြီး ကြော်ငြာခြင်း

 

Podcast ထုတ်ပြီး ၅ နှစ်လောက်ကြာတဲ့အခါမှာ Spotify က အောင်မြင်ထားတဲ့ ရလဒ်တွေကို သူတို့ရဲ့ Campaign မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


နောက်ဆုံးမှာ သုံးစွဲသူတွေကို App မှာလည်း အရင်ကထက်ပိုပြီး Traditional ကနေ Digital ဘက်ကို သွားနေတဲ့အကြောင်း ပြောခဲ့ပါတယ်။


ပထမဆုံးအကြိမ် ဒီဇင်ဘာလမှာလုပ်တဲ့ Campaign မှာ အရင်က Desktop ပေါ်မှာ သုံးနေသော်လည်း အခု Mobile App ပေါ်ထိ သုံးနိုင်ဖို့ ပွဲတစ်ခုလုပ်ခဲ့ပါတယ်။

 

Spotify ရဲ့ ဝင်ငွေဟာ ကျွန်တော်တို့လုပ်ဆောင်နေတဲ့ Podcast နဲ့ ဂီတလုပ်ငန်းဘက်မှာပါ ကောင်းမွန်တဲ့ အလားအလာကို ပြနေပါတယ်။

 

တတိယအကြိမ်မှာ သုံးစွဲသူများတိုးလာခဲ့ပြီး သူတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ကုန်အမှတ်တံဆိပ်ထိရောက်အောင် အရှိန်မြင့်တင်ခဲ့ပါတယ်။

 

Spotify အခမဲ့ သုံးစွဲသူများကိုလည်း Premium ဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ။ သုံးစွဲသူများက လွန်ခဲ့တဲ့ ၂ နှစ်နဲ့ နှိုင်းယှဉ်ရင် ၄၀ ရာခိုင်နှုန်းဟာ ငွေပေးချေကြပါတယ်။

 

လက်ရှိအခမဲ့ သုံးနေတဲ့ သူတွေအပေါ်မှလည်း ဝင်ငွေ ရရှိအောင် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သုသေသန ဖော်ပြချက်အရ အခမဲ့ အသုံးပြုသူတွေဟာ Podcast ကို အသုံးပြုနေကြတာဟာ ၄၈ ရာခိုင်နှုန်း ပိုများနေပါတယ်။

 

ကုမ္မဏီက ကြော်ငြာအသစ် နည်းပညာအသစ်နဲ့အတူ ပိုကောင်းတဲ့ သက်ရောက်မှုတွေကို ရရှိလာမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

 

အခုဆိုရင် အင်တာနက်အသုံးပြုသူများဟာ တေးဂီတ နားဆင်မှုတွေကို မိနစ် ၂၀ကျော် သုံးစွဲလာကြပြီး ၂၀၁၇ ခုနှစ်နဲ့ စာရင် များလာပါတယ်။ လာမယ့်နှစ်တွေမှာလည်း များပြားလာမှာကို မြင်တွေ့နိုင်မှာပါ။

 

Source From The Drum 

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)