-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၂၀ နှောင်းပိုင်းမှာ ခေတ်စားကျော်ကြားလာနိုင်တဲ့ Podcast Advertising

၂၀၂၀ နှောင်းပိုင်းမှာ ခေတ်စားကျော်ကြားလာနိုင်တဲ့ Podcast Advertising google

Podcast Advertising ဆိုတာ ဘာလဲ ???

 

Podcast Advertising ဆိုတာ Advertising ဆိုတာကတော့ ကြော်ငြာဆိုတာ အားလုံးသိပြီးသားပါ။ Podcast ဆိုတဲ့ စကားလုံးဖြစ်ပေါ်လာတာကတော့ "iPod" နဲ့ "broadcast" စကားလုံးကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။ထို နည်းပညာ အသစ်တစ်ခုကို နာမည်ပေးခဲ့သူကတော့ BBC မှ နည်းပညာပိုင်းဆိုင်ရာ စာနယ်ဇင်းသမား Ben Hammersley က နေပြီး ၂၀၀၄ ခုနှစ်ကနေ စတင် အမည်ပေးခဲ့တာပါ။

Podcast က အသံ Audio ဖိုင်အတိုလေးတွေ ကို ညွှန်းဆိုခြင်းဖြစ်ပါတယ်။ထို Audio ဖိုင်အတိုလေးတွေကို မှ ကြော်ငြာထားတဲ့ အသံဖိုင်လေးတွေ Podcast Advertising ပါပဲ။ရှင်းလင်းစွာ တင်ပြရရင် Podcast တွေကြားမှာ ကြော်ငြာခြင်းကလည်း Podcast Advertising ပါပဲ။

အသံ ( အကြား အာရုံ ) နဲ့ ကြော်ငြာခြင်းဖြစ်တာကြောင့် Radio ကြော်ငြာခြင်းကနေ နည်းပညာ တိုးတက်လာခြင်းကဆန်းသစ်လာတာနှင့်အမျှ အသံ ဖြင့် ကြော်ငြာခြင်းတစ် မျိုုးလို့ပဲကောက်ချက် ချ နိုင်ပါတယ်။

 

အကြားအာရုံ ဆိုတာ သိချင်စေ စိတ် ကို လှုံဆော်ပေးတာမို့ Podcast ကြော်ငြာ နည်းကို အသုံးပြု တယ် ဆိုပါစို့!!!


စိတ်ဝင်စား စရာ အနည်းငယ်ဖြင့် စတင်တာပိုမိုကောင်းမွန် ပါလိမ့်မယ်။အခုဆိုရင် Podcast တွေကို စီးရီးအလိုက်ဖန်တီးတာတွေတွေ့ရပြီး လူအများအပြား Podcast အပေါ် ယိမ်းယိုင်နေကြတာတွေ့ရမှာပါ။

 

Apple statistics ရဲ့ စစ်တမ်းများ အရ Podcast ပေါင်း သိန်း ၅၂၅၀၀၀ ခန့်ရှိပြီး အခန်းခွဲ အနေနဲ့ ဆို ၁၈. ၅ သန်းရှိတယ်လို့ သိရှိရပါတယ်။လူတွေမသိရှိသေးတဲ့ အချက်က Podcast မှာ ကြော်ငြာခြင်း သည်လည်း အခြားကြော်ငြာခြင်းများ နည်းတူ လူတွေစီကို ရောက် စေ ပါတယ်။
အနောက်တိုင်းမှာ ဆိုရင် ပြီးခဲ့ ၉ နှစ်ကထက် Podcast ကို နားထောင်သူ ဦးရေ ၂ ဆ ထောင်တက်လာ တယ်လို့ သိရပါတယ်။ ထို့အပြင် Internet Podcasting စတင်လာချိန်မှာ အနောက်နိုင်ငံမှ အမြတ်နည်းနည်းဖြင့် အကျိုးလိုလားသူ ကြော်ငြာရှင်တွေဟာ Podcast Advertising ကို စတင်လုပ်ဆောင်လာပါတော့တယ်။

 

Facebook က နိုင်ငံရေးဆိုင်ရာ အမှားအယွင်းများအားစစ်ဆေးဖယ်ရှားမည်


Bridge Ratings ရဲ့ အဆိုပြု ချက် အရ ဒီ ၂၀၂၀ နှစ်တွင် Podcast Advertising တွင် ကြော်ငြာရှင်များသည် အမေရိကန် ဒေါ်လာ သန်း ၅၀၀ လောက် အသုံးပြု မယ်လို့သိရပါတယ်။ထို့အပြင် Podcast Advertising ဟာ ၂၀၂၀ ရဲ့ Trend ဖြစ်တဲ့ ကြော်ငြာ နည်းလမ်းတစ်ခုဖြစ်မယ်လို့ လဲ သိရှိရပါတယ်။
ပြောရရင် သာမန် သမားရိုးကျ ကြော်ငြာနည်းလမ်းတွေက ကောင်းမွန် ပေမဲ့ Podcast နဲ့ အနီးစပ်ဆုံး Radio Advertising ကို ကြည့် ယနေ့ခေတ်မှာ Radio သိပ်နားထောင်တဲ့ သူ မရှိ တော့တာတွေ့ရမှာပါ။

 

Podcast Advertising က နည်းပညာ ပိုင်းဆိုင်ရာ Advertising တွေ ထဲမှာ ဈေးအသက် သာ ဆုံးတွေထဲမှာ ပါပါတယ်။ ဈေးသက်သာ မယ် လူများများဆီကို ရောက်မယ်ပေါ့။
ပျမ်းမျှ Podcast ကြော်ငြာ ဈေးနှုန်းတွေကတော့ သင့်ကြော်ငြာကို အယောက် ၁၀၀၀ ခန့် နားထောင်ဖို့ ၁၅ စက္ကန့်စာ ပထမဦးဆုံး နေရာ အသံကြော်ငြာလေးအတွက်ကို ၁၈ ဒေါ်လာ ပေး ရမှာ ဖြစ်ပြီး Podcast ရဲ့ အလယ်ပိုင်း ဇာတ်ရှိန်တတ်တဲ့နေရာအတွက် ကို စက္ကန့် ၆၀ စာ ကြော်ငြာလေးအတွက် ၂၅ ကျပ် ပေးရပါတယ်။

 

အမှန် ပြောရရင် တော့ Podcast ရဲ့ ရှေ့ ဆုံး မှာ ကြော်ငြာ ထည့်တာက ပိုဈေးပေါပေမဲ့ ပို ထိရောက်မှု ရှိပါတယ်။ ဘာလို့ ဆို လူတွေက Podcast နားထောင်ဖို့ စစ ခြင်းကို တက်ကြွ နေတာမို့ ပါ အဲ့ ဒီတော့ သင့် ကြော်ငြာကို သူတို့ နားထောင်မှာ အလယ်မှာဆိုရင်တော့ နားမထောင်တဲ့ အခါတွေလဲ ရှိပါတယ်။

 

ဘယ်လိုနည်းလမ်းနဲ့ဘယ်နေရာမှာပဲ ကြော်ငြာ နေနေ အရေး ကြီးဆုံး က သင့် ပရိသတ်ကို သင် နားလည်ဖို့ ပါ ဒါက တော့ ထွေထွေထူထူး လိုမယ် မထင်ပါဘူး အလှအပ အကြောင်း ပြောတဲ့ Podcast မှာ သင့် အနေ နဲ့ ဝိတ်တက်စေ မဲ့ အစားအစာ ကြော်ငြာနေရင် ဘယ်သူက အာရုံ စိုက်ပါ့မလဲ။

 

Podcast Advertising ဟာ မြန်မာ နိုင်ငံမှာတော့ သိပ်ခေတ်မစားသေးပါဘူး သို့ ပေမဲ့ ၂၀၂၀ နှောင်း ပိုင်းလောက်မှာ ခေတ်စားလာနိုင်ပါတယ် ကြော်ငြာရှင်များသိရှိထားရအောင် ရည်ရွယ် ရေးသား ထားခြင်းဖြစ်ပါတယ်။

 

<<<zawgyi>>>

 


==========================


 



အသံ ( အကြား အာရုံ ) နဲ့ ကြော်ငြာခြင်းဖြစ်တာကြောင့် Radio ကြော်ငြာခြင်းကနေ နည်းပညာ တိုးတက်လာခြင်းကဆန်းသစ်လာတာနှင့်အမျှ အသံ ဖြင့် ကြော်ငြာခြင်းတစ် မျိုးလို့ပဲကောက်ချက် ချ နိုင်ပါတယ်။

 




 

ကြော်ငြာ အေဂျင်စီတစ်ခုမှ လူအားလုံး သြစတေးလျ တောမီးလောင်မှုအတွက် ကူညီနိုင်အောင်ဖန်တီးပေး

 




 


 


 


 


 

REF & TRANSLATED BY; Freya

Myanmar Advertising Directory

Read times
Rate this item
(1 Vote)