-->
×

Warning

JUser: :_load: Unable to load user with ID: 29


H&M အောင်မြင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေ အသုံးပြုသလဲ???

H&M အောင်မြင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေ အသုံးပြုသလဲ??? google.com

H&M ကတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း အားလုံးရင်းနှီးပြီးတဲ့ brand တစ်ခုပါ။ ယောကျာင်္ားလေးဝတ်၊ မိန်းခလေးဝတ်၊ ခလေးဝတ် အပြင် လူငယ်အကြိုက် ဒီဇိုင်းတွေကို ဖြန့်ဖြူးပေးနေတဲ့ အမှတ်တံဆိပ်တစ်ခုပါ။H&M ကုမ္ဗဏီက

 

အမေရိကတိုက် ၊ ဥရောပနဲ့ အာရှမှာ ဆိုင်ခွဲပေါင်း ၄၅၀၀၀ခန့် ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း ဝန်ထမ်းပေါင်း 93,350 ရှိနေပါပြီ။ 2015 ခုနှစ်ရဲ့ တွက်ချက်မှုအရ တစ်နှစ်ဝင်ငွေ ဒေါ်လာသန်းပေါင်း 22,330 ရှိခဲ့ပါတယ်။ ဒီလိုအောင်မြင်အောင် ဘယ်လိုနည်းဗျူဟာတွေ ကျင့်သုံးလဲဆိုတာ ကတော့

(1) ထုတ်လုပ်သမျှပစ္စည်းက ခေတ်မှီရမယ်ဆိုတဲ့ စံနှုန်းထားတယ်
(2) ပစ္စည်းအမျိုးအစားကိုအကန့်အသတ်နဲ့ထုတ်လုပ်ပြီးတော့ ပစ္စည်းကိုရောင်းကောင်းဖို့အတွက် ဖွင့်သမျှနေရာလေးက ကောင်းတဲ့နေရာလေးပဲဖြစ်ရမယ်

(3) ကိုယ်ပိုင်စက်ရုံမရှိပေမဲ့ အရည်အသွေးမှီဖို့အတွက်နဲ့ ဈေးနှုန်းတန်ဖို့အတွက် ထုတ်လုပ်တဲ့ စက်ရုံကိုအမြဲတမ်းစစ်ဆေးတယ်

(4) ပစ္စည်းတင်ပို့တဲ့ချိန်မှာ သယ်ယူပို့ဆောင်ရေးအလေးထားပြီးတော့ နိုင်ငံတကာနဲ့ ကိုက်ညီတဲ့ ပို့ဆောင်မှုကိုသုံးတယ်
(5) Customer တွေကိုအလေးပေးတယ်။ Customer တွေဝယ်ယူတဲ့ချိန်မှာပိုပြီးလွယ်ကူဖို့အတွက် online ကနေဝယ်ယူနိုင်အောင်စီစဉ်ပေးတယ်။ ဒါတင်မက ဆိုင်ရဲ့ ပတ်ဝန်းကျင်ကိုအသက်ဝင်အောင် ဆိုင်အပြင်အဆင်ကို အမြဲတမ်းပြောင်းလဲတတ်တယ်

အကယ်၍ သင်ကိုယ်က Brand တစ်ခုကိုတည်ဆောက်နေတဲ့ချိန်မှာ H&M ရဲ့ နည်းလမ်းလေးကို ကြည့်ပြီးတော့ ကိုယ့်စီးပွားရေးမှာ ပြောင်းလဲအသုံးချကြည့်ပါ

ပြီးတော့ ကိုယ်မရောက်ဖူးတဲ့နေရာကိုစမ်းပြီးတော့သွားကြည့်ပါ မလုပ်ဖူးတဲ့အရာကိုစမ်းပြီးတော့လုပ်ကြည့်ပါ

ဘာဖြစ်လို့လဲဆိုတော့ Erling Persson (foundef of H & M ) လိုမျိုး idea အသစ်လေးရဖို့အတွက်ပါ။

Read-ကမ္ဘာကျော် Brandတွေ အမြတ်ကို ဘယ်လိုယူနေသလဲ????


Source ; Black Bin Myanmar

Read times
Rate this item
(1 Vote)