-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုရိုနာရောဂါဖြစ်ပွားစဉ်ကာလအတွင်း Google မှ ရှာဖွေမှုပုံစံ ပြောင်းလဲပုံတွေကို ချပြ

Google သည် မကြာသေးမှီ ယခု ကိုရိုနာရောဂါဖြစ်ပွားစဉ် ကာလမှာ ရှာဖွေမှု့ ပုံစံပြောင်းလဲ လာမှု့ နှင့် လက်ရှိ ခေတ်စားနေတဲ့ ရှာဖွေမှု့ နည်းလမ်းများ ကို ပြသခဲ့တယ်သိရပါတယ်။

 

ယခုဖော်ပြမည့် အချက်အလက်များသည် ယခုအချိန်မှာ မားကတ်တင်း လမ်းကြောင်းကို လိုက်နေသော ဈေးကွက် စီးပွားရေး မြှင့်တင်ရေး သမားများနဲ့ အတော်လေး ကိုက်ညီမှု့ ရှိပါလိမ့်မယ်။

 

ပြောရရင် ကိုရိုနာ ဗိုင်းရစ် ဖြစ်ပွား စဉ်ကာလအတွင်း လူတွေရဲ့ စပ်စုစူးစမ်းပုံ ကာအတော်လေး ပြောင်းလဲ လာတာတွေ့ရပါတယ်။

 

လူတွေရဲ့ နေ့စဉ် သိချင်စူးစမ်းနေသမျှ တွေကို Google မှ သေချာ ဆန်းစစ်ကြည့်သော အခါ သေချာ ရေရာတဲ့ အချက် ၅ ချက် ထွက်ပေါ်လာပါတယ်။

 

ယခု အကျပ်အတည်းနဲ့ သက်ဆိုင်သော အကြောင်းအရာများ


အဆက်အသွယ်အသစ်တွေကို ရှာဖွေမှု့


၎င်းတို့ရဲ့ နေ့စဉ်လုပ်နေသမျှ ကိစ္စများညှိချိန်ခြင်း


သူရဲကောင်းများကို ချီးမွမ်း ထောပနာပြုခြင်း


သူတို့ကို သူတို့ ဂရုစိုက်ခြင်းနဲ့ သူတို့ ဂရုစိုက်ဖို့နည်းလမ်းကို ရှာဖွေခြင်း စတာတွေပါ။

 

လူတွေ အနေနဲ့ ယခုအချိန်မှာ ၎င်းတို့ စိတ်ထဲ ရှိရာ များကိုရှာဖွေခဲ့ကြပါတယ်။

 

ထိုလက်တလော လူရှာဖွေမှု့ အများဆုံး အသေးစိတ် အချက်အလက်များမှာ -

 

လူတွေအနေနဲ့ အရင်ဆို အပြင်ထွက် ကြရတယ် အလုပ်တွေ ၊ ကျောင်းတွေ နေ့စဉ်သွားကြရတယ် အခု ကိုရိုနာ ရောဂါ ရဲ့ ကိစ္စရပ်များကြောင့် လူတွေက အပြင် မထွက် ရတော့ဘူး ဒီတော့ သူတို့ ဘဝ ကြီးက ပြောင်းလဲ သွားတယ် အဆိုပါပြောင်းလဲ ကြတဲ့ ပုံစံအပေါ် လူတွေက လိုက်မှီအောင်နေခဲ့ကြတယ်။

 

လက်ကားအရောင်းဆိုင်တွေက ဒယ်လီဘာရီ နည်းနဲ့ ပစ္စည်းကိုပို့လာကျတယ်။ဒီတော့ လူတွေက အိမ်ကနေ ပစ္စည်းမှာဖို့ကြိုးစားကြရတယ်။အခုချိန်မှာ မားကတ်တင်းသမားတွေအနေနဲ့ Content Marketing လုပ်ပြီးလူတွေကို ကူညီဖို့ အကောင်းဆုံးအချိန်ပေါ့။

 

အခုချိန်မှာလူတွေက ဘာမှ လုပ်စရာမရှိပဲ ပျင်းနေလေတော့ Blog တွေ , Website တွေ ကိုပိုမိုရှာဖွေ စူးစမ်းတယ်သိရပါတယ်။ထို့အပြင် Online ကနေပြီး ပိုပြီး မိတ်ဖွဲ့လာကြတယ်ခင်မင်လာကြတယ် မိသားစုဝင်တွေနဲ့ ပိုမိုအချိန်ပေး စကားပြောဖြစ်တယ်သိရပါတယ်။

 

တခါတစ် လေ '' With Me '' ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှာကြတယ်

 

You tube video တွေထဲမယ် Study with me တို့ Curious with me တို့ ကိုယ်နှင့်အတူ ဆိုတဲ့ ခေါင်းစဉ်လေးတွေကို လူရှာများတယ် ။ လူတွေက လည်း ပျင်းနေတော့ Blogger နဲ့ အတူ လိုက်ပါစည်းမျောမယ်ထင်ရပါတယ်။

 

ထို့ အပြင် “do it yourself,” အစချီခေါင်းစဉ်နဲ့ DIY video လေးတွေခေတ်စားပါတယ် အိမ်ထဲနေတော့ လက်မှု့ ပညာလေးတွေကို ပိုပြီး လုပ်မယ်ထင်ရပါတယ်။“puzzles” နဲ့ “relaxation,” စတာတွေလည်း ရှာတာ ခေတ်စားပါတယ်။

 

သာမန်လူတွေတင်မက Celebrities တွေက ပါ ပျင်းပြီး Puzzles ဆော့ကြတာပါ။တချို့ ကြတော့လဲ စိတ်ဖြေလျော့ တဲ့ အရာလေးတွေကို ရှာဖွေကြပါတယ်။

 

တချို့ကတော့ ယခုကာလ အတွင်း အံတု ဖြေရှင်းတဲ့ ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြု တာတွေ့ရပြီး အချို့ကတော့ ဒီ Lockdown ကြီးပြီးသွားရင် ဘာလုပ်မယ်ဆိုတာကို ကြိုတင်ပြီး စာရင်းပြုစုနေတာတွေ့ရပါတယ်။

 

စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ ကတော့ ယခုအချိန်ထဲက ပုံစံကို လိုက်ပြောင်းလဲ နိုင်မှ ဒီကိုဗစ်ကြောင့်ရပ်စဲမည့် ကာလ ရှည်ကြာကြီးကို အဆင်ပြေပြေ ဆက်သွားနိုင်မှာပါ

 

ဒီ မတ်လ ကုန်ပိုင်းမှာ ရရှိတဲ့ စစ်တမ်းအဖြေအရ အမေရိကမှ စားသုံးသူ ၈၄ ရာခိုင်နှုန်းသော သူတွေ ပြောစကားကတော့ လုပ်ငန်းတွေရဲ့ ရှေ့ဆက်ရမည့်

 

အနေအထားက ဈေးကွက် အတွင်း အခုအခြေအနေမှာ ဘယ်လို ဆက်လက်လုပ်ကိုင်မလဲဆိုတဲ့ အဖြေအပေါ်မှုတည်နေပါတယ်တဲ့။

 

<<< Zawgyi >>>

 

ကိုရိုနာရောဂါဖြစ်ပွားစဉ်ကာလအတွင်း Google မှ ရှာဖွေမှု့ပုံစံ ပြောင်းလဲပုံတွေကို ချပြ

---------------------

 


 


 


 


 










 


 


 


 


 


 


 


 


 


 


 

 


 



Ref ; Thinks with google

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)