-->
×

Warning

JUser: :_load: Unable to load user with ID: 29


Rich Dad ရွင္းျပတဲ့ စီးပြားေရးပညာသင္ေက်ာင္း အမ်ိဳးအစား ၄ မ်ိဳး

Rich Dad ရွင္းျပတဲ့ စီးပြားေရးပညာသင္ေက်ာင္း အမ်ိဳးအစား ၄ မ်ိဳး google.com

၁။ ထံုးတမ္းစဥ္လာ စီးပြားေရးပညာသင္ေက်ာင္း 

ဒီေက်ာင္းေတြကေတာ့ နာမည္ႀကီးေကာလိပ္ေတြ၊ တကၠသိုလ္ေတြမွာ သင္ၾကားေပးတဲ့ စီးပြားေရးပညာ ေတြျဖစ္ပါတယ္။ စာေတြဖတ္မွတ္ေလ့လာ၊ စာေမးပြဲေတြေျဖရ၏။ ဘြဲ႕ေတြ၊ ဒီပလိုမာေတြ ေပး၏။

၂။ မိသားစု စီးပြားေရးပညာသင္ေက်ာငး္

မိသားစုပိုင္လုပ္ငန္းမ်ားဟာ မိသားစုဝင္ေတြအတြက္ေတာ့ စီးပြားေရးပညာသင္ရန္ အေကာင္းဆံုး ေက်ာင္းေတြပဲ ျဖစ္ပါတယ္။ ဥပမာ မိဘေတြ တည္ေထာင္ထားတဲ့ မိသားစုပိုင္လုပ္ငန္းေတြမွာ သားသမီးေတြ ဝင္ေရာက္ဆက္ခံလုပ္ေဆာင္ေအာင္ သင္ေပးၾကတဲ့ စီးပြားေရးပညာသင္ေက်ာင္းမ်ိဳးပါ။

၃။ ေကာ္ပိုရိတ္ စီးပြားေရးပညာသင္ေက်ာငး္

လုပ္ငန္းအေတာ္မ်ားမ်ားမွာ အလားအလာေကာင္းတဲ့ သူေတြကို ကုမၸဏီက သင္တန္းေတြေပးတယ္။ ကုမၸဏီ စရိတ္နဲ႔ ပညာသင္ခြင့္ေတြရတယ္။ သင္တန္းတတ္ၿပီးသူေတြကို ကုမၸဏီရဲ႕ ဌာနအသီးသီးမွာ လွည့္ပတ္ တာဝန္ထမ္းေစၿပီး လုပ္ငန္းႀကီးတစ္ခုလံုးကို လုပ္ငန္းသဘာဝကို သိေစသလို လက္ေတြ႕လုပ္ငန္း အေတြ႕အႀကံဳေတြလည္း ရေစတဲ့ ေက်ာင္းမ်ိဳးျဖစ္ပါတယ္။

၄။ ဘ၀စီးပြားေရး ပညာသင္ေက်ာင္း

စာသင္ေက်ာင္း၊ မိသားစုလုပ္ငန္း နဲ႔ ကုမၸဏီရဲ႕ အရိပ္အာဝါသေအာက္မွ ထြက္လာေသာ စီးပြားေရးစြမ္းေဆာင္ရွင္မ်ားရဲ႕ ဘဝေပး စီးပြားေရးပညာေက်ာင္းျဖစ္ပါတယ္။ အခက္ခဲ အပင္ပန္းဆံုး စီးပြားေရးပညာသင္ေက်ာင္းျဖစ္ပါတယ္။ ေၾကာက္စရာ လန္႔စရာေကာင္းၿပီး စိန္ေခၚမႈအျပည့္ ၊ စြန္႔စားမႈ အျပည့္ရွိေနတဲ့ ေက်ာင္းႀကီးပါ။ ေတာ္ေတာ္ၾကမ္းလွတဲ့ ဆရာလည္းျဖစ္ပါတယ္။ စာေမးပြဲေတြကလည္း အၿမဲတမ္း အခ်ိန္ျပည့္ အရည္အခ်င္းစမ္းသပ္ေနသလို ေအာင္မွတ္ေပးဖို႔လည္း တြန္႔တိုတဲ့ ေက်ာင္းျဖစ္တယ္။ ေအာင္မွတ္ေတြကို ေအအဆင့္၊ ဘီအဆင့္မ်ားနဲ႔ သတ္မွတ္တာမဟုတ္ပါဘူး။ ဒီ ဘဝေပးသင္တန္းေက်ာင္းက ရရွိတဲ့ အဆင့္ေတြကေတာ့ ရွာေဖြလို႔ရတဲ့ အျမတ္ေငြေတြ၊ ဆံုးရံႈးသြားမယ့္ ေငြေတြ နဲ႔ တိုင္းတာ သတ္မွတ္ပါတယ္။ ဒီေက်ာင္းက ပညာေတြဟာ ဘဝအတြက္ အထူးတလည္ လိုအပ္တဲ့ ပညာရပ္ေတြကို အျပတ္ေမာင္းႏွင္ သင္ၾကားေပးတဲ့ ေက်ာင္းျဖစ္ပါတယ္။

ေက်ာင္းေလးမ်ိဳးစလံုးတြင္ သူ႔ေကာင္းျမတ္ျခင္းနဲ႔သူရွိၾကပါတယ္။ အားနည္းခ်က္ေတြရွိသလို အားသာခ်က္ ကိုယ္စီလည္းရွိၾကပါတယ္။ လက္ရွိမွာ သင့္ စီးပြားေရးပညာေတြအတြက္ ဘယ္ေက်ာင္းေတြကေန စီးပြားေရးပညာေတြ သင္ယူေနပါသလဲ။

ဘယ္ေက်ာင္းေတြကေန ဘာေတြပဲ သင္ယူ သင္ယူ အရည္အခ်င္းစစ္ စီးပြားေရး စာေမးပြဲတိုင္းကို ေအာင္ျမင္စြာ ေျဖဆိုႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit; Phoo Kyaw Zin (Future Wave)

(Unicode Version )

၁။ ထုံးတမ်းစဉ်လာ စီးပွားရေးပညာသင်ကျောင်း
ဒီကျောင်းတွေကတော့ နာမည်ကြီးကောလိပ်တွေ၊ တက္ကသိုလ်တွေမှာ သင်ကြားပေးတဲ့ စီးပွားရေးပညာ တွေဖြစ်ပါတယ်။ စာတွေဖတ်မှတ်လေ့လာ၊ စာမေးပွဲတွေဖြေရ၏။ ဘွဲ့တွေ၊ ဒီပလိုမာတွေ ပေး၏။
၂။ မိသားစု စီးပွားရေးပညာသင်ကျောငး်
မိသားစုပိုင်လုပ်ငန်းများဟာ မိသားစုဝင်တွေအတွက်တော့ စီးပွားရေးပညာသင်ရန် အကောင်းဆုံး ကျောင်းတွေပဲ ဖြစ်ပါတယ်။ ဥပမာ မိဘတွေ တည်ထောင်ထားတဲ့ မိသားစုပိုင်လုပ်ငန်းတွေမှာ သားသမီးတွေ ဝင်ရောက်ဆက်ခံလုပ်ဆောင်အောင် သင်ပေးကြတဲ့ စီးပွားရေးပညာသင်ကျောင်းမျိုးပါ။
၃။ ကော်ပိုရိတ် စီးပွားရေးပညာသင်ကျောငး်
လုပ်ငန်းအတော်များများမှာ အလားအလာကောင်းတဲ့ သူတွေကို ကုမ္ပဏီက သင်တန်းတွေပေးတယ်။ ကုမ္ပဏီ စရိတ်နဲ့ ပညာသင်ခွင့်တွေရတယ်။ သင်တန်းတတ်ပြီးသူတွေကို ကုမ္ပဏီရဲ့ ဌာနအသီးသီးမှာ လှည့်ပတ် တာဝန်ထမ်းစေပြီး လုပ်ငန်းကြီးတစ်ခုလုံးကို လုပ်ငန်းသဘာဝကို သိစေသလို လက်တွေ့လုပ်ငန်း အတွေ့အကြုံတွေလည်း ရစေတဲ့ ကျောင်းမျိုးဖြစ်ပါတယ်။
၄။ ဘဝစီးပွားရေး ပညာသင်ကျောင်း
စာသင်ကျောင်း၊ မိသားစုလုပ်ငန်း နဲ့ ကုမ္ပဏီရဲ့ အရိပ်အာဝါသအောက်မှ ထွက်လာသော စီးပွားရေးစွမ်းဆောင်ရှင်များရဲ့ ဘဝပေး စီးပွားရေးပညာကျောင်းဖြစ်ပါတယ်။ အခက်ခဲ အပင်ပန်းဆုံး စီးပွားရေးပညာသင်ကျောင်းဖြစ်ပါတယ်။ ကြောက်စရာ လန့်စရာကောင်းပြီး စိန်ခေါ်မှုအပြည့် ၊ စွန့်စားမှု အပြည့်ရှိနေတဲ့ ကျောင်းကြီးပါ။ တော်တော်ကြမ်းလှတဲ့ ဆရာလည်းဖြစ်ပါတယ်။ စာမေးပွဲတွေကလည်း အမြဲတမ်း အချိန်ပြည့် အရည်အချင်းစမ်းသပ်နေသလို အောင်မှတ်ပေးဖို့လည်း တွန့်တိုတဲ့ ကျောင်းဖြစ်တယ်။ အောင်မှတ်တွေကို အေအဆင့်၊ ဘီအဆင့်များနဲ့ သတ်မှတ်တာမဟုတ်ပါဘူး။ ဒီ ဘဝပေးသင်တန်းကျောင်းက ရရှိတဲ့ အဆင့်တွေကတော့ ရှာဖွေလို့ရတဲ့ အမြတ်ငွေတွေ၊ ဆုံးရှုံးသွားမယ့် ငွေတွေ နဲ့ တိုင်းတာ သတ်မှတ်ပါတယ်။ ဒီကျောင်းက ပညာတွေဟာ ဘဝအတွက် အထူးတလည် လိုအပ်တဲ့ ပညာရပ်တွေကို အပြတ်မောင်းနှင် သင်ကြားပေးတဲ့ ကျောင်းဖြစ်ပါတယ်။
ကျောင်းလေးမျိုးစလုံးတွင် သူ့ကောင်းမြတ်ခြင်းနဲ့သူရှိကြပါတယ်။ အားနည်းချက်တွေရှိသလို အားသာချက် ကိုယ်စီလည်းရှိကြပါတယ်။ လက်ရှိမှာ သင့် စီးပွားရေးပညာတွေအတွက် ဘယ်ကျောင်းတွေကနေ စီးပွားရေးပညာတွေ သင်ယူနေပါသလဲ။
ဘယ်ကျောင်းတွေကနေ ဘာတွေပဲ သင်ယူ သင်ယူ အရည်အချင်းစစ် စီးပွားရေး စာမေးပွဲတိုင်းကို အောင်မြင်စွာ ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit; Phoo Kyaw Zin (Future Wave)

 

Read times
Rate this item
(2 votes)