-->
×
Warning
JUser: :_load: Unable to load user with ID: 29
စီးပွားရေးမှာ အောင်မြင်ဖို့ မှတ်သားလိုက်နာကျင့်သုံးသင့်တဲ့ အမူအကျင့်လေးများ
စီးပွားရေးမှာ အောင်မြင်ဖို့ မှတ်သားလိုက်နာကျင့်သုံးသင့်တဲ့ အမူအကျင့်လေးများ google.com
အကြံဥာဏ်ပေါ်မှာ လက်တွေ့လုပ်ဆောင်မှု ထပ်ပေါင်းမှ တန်ဖိုးရှိပါလိမ့်မယ်။
(Unicode Version)
တက်ကြွသူ၊ အောင်မြင်သူ ဖြစ်ပါစေ
အလုပ်မှန်သမျှ မကြောက်သူ၊ စိန်ခေါ်သူဖြစ်ပါစေ။ အလုပ်နှင့်ပတ်သက်လာရင် ခေါင်းညိတ်သူဖြစ်ပါစေ။ ခေါင်းခါသူ မဖြစ်ပါစေနဲ့။
ပြီးပြည့်စုံတဲ့ အနေအထားကို မစောင့်ပါနဲ့
အကြံဉာဏ်ပေါ်မှာ လက်တွေ့လုပ်ဆောင်မှု ထပ်ပေါင်းမှ တန်ဖိုးရှိပါလိမ့်မယ်။
ကြောက်စိတ်ကို ဖျောက်ပြီး ယုံကြည်မှုရဖို့ လှုပ်ရှားမှုကို သုံးပါ
‘ဘာကို ကြောက်တာလဲ’ လိုက်စစ်ရင် သေသေချာချာကြည့်ရင် ကြောက်စိတ်အလိုလို ပျောက်သွားလိမ့်မယ်။ မယုံရင် စမ်းကြည့်ပါ။
စိတ်အင်ဂျင်ကို ယန္တရားဆန်ဆန် နှိုးပါ
စိတ်ကြွလာအောင် မစောင့်ပါနဲ့။ စျာန်သွင်းပါ။ စိတ်ကအလိုလိုကြွလာပါလိမ့်မယ်။ (စာရေးဆရာ တစ်ယောက်က စာရေးဖို့ စျာန်မဝင်ပေမယ့်။ စာစရေးလိုက်တဲ့အခါ တဖြည်းဖြည်း စျာန်ဝင်ပြီး ရေးနိုင်တာမျိုးပါ)
‘အခုချက်ချင်း’ ဆိုတဲ့ အသုံးအနှုန်းကို လက်ကိုင်ထားပါ
အလုပ်တစ်ခုကို နေ့ရွေ့ညရွေ့၊ နှစ်ရွှေ့ လရွှေ့နှင့် ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ငါဟာ အခုချက်ချင်း ထလုပ်တတ်တဲ့ သူမျိုး ဖြစ်ပါစေ။
အလုပ်ကို မဆိုင်းမတွ စပါ
ဟန်ရေးပြင်ပြီး အချိန်မကုန်ပါစေနဲ့။
(ဘယ်လိုကြီးကျယ် ခမ်းနားတဲ့ အလုပ်ကြီးကို စလုပ်မယ်ပြင်ပြီး အစကနေ မတက်ခြင်းပါ)
ရှေ့ဆောင်တီထွင်မှုကို အရယူပါ
စွန့်စားရဲတဲ့သူဖြစ်ပါစေ။ အခွင့်အရေးကို ရှေ့ဆုံးက ကောက်ပြေးပါ။ စေတနာ့ဝန်ထမ်း အလုပ်ကို ပျော်မွေ့တတ်ပါစေ။ အဲဒီအလုပ်အတွက် ကိုယ့်မှာ မွန်မြတ်တဲ့ ရည်မှန်းချက်နှင့် စွမ်းအားတွေရှိကြောင်းပြပါ။
ဆရာညီညီနိုင်ရဲ့ ထိပ်မြင့်စံ အတွေးများစာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။
Read times
Rate this item
(1 Vote)