-->
×

Warning

JUser: :_load: Unable to load user with ID: 29


Facebook မှာ Marketing ပြုလုပ်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်အချက်များ

Facebook မှာ Marketing ပြုလုပ်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်အချက်များ Google

သင်ဟာ Digital Marketing လုပ်ကိုင်နေတဲ့သူဆိုရင်တော့ Facebook ဆိုတဲ့ Social media Platform တစ်ခုကိုတော့ မလွှဲမသွေအသုံးပြုရမှာပါ။

ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာက Digital Marketing ဆိုတာ Facebook ကိုအခြေခံပြီး ပြုလုပ်နေကြရတာ ကြောင့်ပါ။ ဒီတော့ Digital Marketer တွေအနေနဲ့ Facebook ကိုအသုံးပြုပြီး Marketing လုပ်နေတဲ့အချိန်မှာ ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်လေးတွေကို ဖော်ပြချင်ပါတယ်။

၁။ Spam Post တွေ မတင်ပါနဲ့။

Facebook အသုံးပြုသူတွေဟာ ခဏတာစိတ်အပန်းပြေချင်လို့ အသုံးပြုကြတာများပါတယ်။ ဒီလိုလူတွေကြားထဲမှာ ကိုယ့် page ကို လာလည်ဖို့အတွက် အရမ်းပြောနေရင်တော့ ဒါဟာ Spam Post ဖြစ်သွားပါပြီ။ (ဥပမာ။ ။ တစ်ခြား Page တွေရဲ့ Post တွေအောက်မှာ ကိုယ့်ရဲ့ page ကိုလာလည်ဖို့အတွက် Page ရဲ့ Link တွေကို Comment ပေးတာမျိုးတွေပေါ့။)

၂။ Post တင်တာ လောဘမကြီးပါနဲ့။

တစ်ချို့ တွေကရှိတယ်။ ကိုယ့် Page မှာ Post တက်တာများရင် အောင်မြင်ပြီ၊ Like အတက်များပြီ၊ Engagement တက်ပြီ ဆိုပြီး ထင်တတ်ကြပါတယ်။ ကိုယ်ဟာ Media page တစ်ခုကို ပြုလုပ်ထားတယ်ဆိုရင်တော့ တစ်နေ့ကို အနည်းဆုံး Post (၅) ခုကနေ (၁၀) ခုအတွင်းတာတော့ မမှားပါဘူး။ ဒါပေမဲ့ မိမိရဲ့ Page ဟာ Company page ဆိုရင်တော့ အနည်းဆုံး Post (၁) ခုကနေ (၃) ခုအတွင်းပဲ တင်သင့်ပါတယ်။ (၃) ခုဆိုတာတောင် တော်တော်များနေပါပြီ။ (၂) ခုလောက်ဆိုရင်ကို တော်တော်လုံလောက်နေပါပြီ။ Post တင်တာတွေ အရမ်းများသွားရင်တော့ Fan တွေကို စိတ်အနှောင့် အယှက်ပေးသလိုဖြစ်သွားပြီး၊ Unlike ရဖို့အတွက်တောင် ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် Organic Reach တွေလည်း နည်းသွားတတ်ပါတယ်။ တကယ်လို့ Post တစ်ခုတည်းမှာတင် ပုံတွေအများကြီးတင်ချင်တယ်ဆိုရင်တောင် Album တစ်ခု သပ်သပ်ဖန်တီးပြီးတင်သင့်ပါတယ်။

၃။ Post တွေလည်း အရမ်းနည်းအောင်မတင်ပါနဲ့။

ကိုယ် page ကို Organic Reach မရမှာဆိုးလို့ဆိုပြီး တစ်ရက်ကိုတစ်ပုဒ်တောင် ပုံမှန်မတင်ပဲထားတဲ့အပြင် အတစ်ခါတစ်လေမှပဲ တင်တယ်ဆိုရင်တော့ ဒါဟာလည်း Organic Reach ရောက်ရှိမှုကို လျော့ကျစေပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်ရက်ကို အနည်းဆုံး တစ်ပုဒ်နှုန်းတော့တင်ပါ။

၎။ အရမ်းတစ်ကိုယ်ကောင်း မဆန်ပါနဲ့။

ဒီနေရာမှာ ပြောချင်တာကတော့ Products ကို ဦးစားပေးနေတဲ့ Page တွေကိုပါပဲ။ Page တစ်ခုဟာ Products အကြောင်းကို အရမ်း Mention လုပ်သွားတဲ့အခါ အဲ့ဒီ Page ရဲ့ Audience တွေဟာ ကိုယ့် page ကို အာရုံစူးစိုက်မှု လျော့နည်းသွားပြီး စိတ်ဝင်စားမှုနည်းပါးသွားပါလိမ့်မယ်။ အကျိုးဆက်ကတော့ Engagement ကျသွားတာပေါ့။

၅။ ရှက်ကြောက် မနေပါနဲ့။

page တိုင်းလိုလိုဟာ တခြား Page တွေရဲ့ အောက်မှာ Comment သော်လည်းကောင်း၊ Like သော်လည်းကောင်း မလုပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ တစ်ချို့တွေကတော့ ကိုယ့် Page အပေါ်ပဲ အာရုံစိုက်နေလို့ပါ။ တစ်ချို့တွေကကျတော့လည်း ဒါတွေကို မသိလို့ပါ။ ဒါဟာ ကိုယ့် Page ကို Engagement တက်စေတဲ့ နည်းလမ်းတစ်ခုပါပဲ။ အခုကစပြီး စမ်းလုပ်ကြည့်ရင် လုပ်ကြည့်ပါ။ တစ်ခြား Page မှာ ကိုယ့် page သို့မဟုတ် business အကြောင်းပါလာခဲ့ရင် အောက်ကနေ Comment ပေးခြင်းသော်လည်းကောင်း၊ Like လုပ်ခြင်းသော်လည်းကောင်း ပြုလုပ်ကြည့်ပါ။ တခြား Page တွေရဲ့ Follower တွေဟာ ကိုယ့် Page ကို စိတ်ဝင်စားမှုရှိလာပါလိမ့်မယ်။

၆။ ကိုယ့်ရဲ့ Fan တွေကို လျစ်လျူမရှုပါနဲ့။

ကိုယ့်ရဲ့ page မှာလာပြီး Comment ပေးတဲ့လူတွေ၊ ဒါမှမဟုတ် Review လာရေးတဲ့လူတွေနဲ့ Wall Post လာရေးတဲ့လူတွေကို လျစ်လျူ မရှုလိုက်ပါနဲ့။ သူတို့ဟာ ကိုယ့်ရဲ့ page ကိုအရေးတယူပြုပြီး လာရောက်ရေးသားပေးရတာဖြစ်တဲ့အတွက်ကြောင့် သူတို့ကို အထူးဂရုစိုက်သင့်ပါတယ်။ အနည်းဆုံးဘာမှမလုပ်နိုင်ရင်တောင် Sticker Comment လောက်တော့ ပေးလိုက်ပါ။ ဒါဆိုရင် သူတို့ကို အရေးတယူပြုတယ်ဆိုတဲ့အကြောင်းကို ခံစားမိပြီး နောက်ဆိုရင် သူတို့ဟာ ကိုယ့်ရဲ့အမာခံပရိသတ်တွေတောင် ဖြစ်လာနိုင်ပါတယ်။

၇။ ကိုယ်မကြိုက်တဲ့ Post တွေကို မတင်ပါနဲ့။

ဒါကတော့ လူတိုင်းကိုကိုယ့်စိတ်နဲ့ အရင်ဆုံးခိုင်းနှိုင်းကြည့်ပါလို့ ပြောချင်တာပါ။ ဒါက Post မှာတင် မဟုတ်ပါဘူး။ တခြားအလုပ်တွေမှာလည်း ထိုနည်း၎င်းပါပဲ။ တစ်ချို့ Digital Marketer တွေက ရှိတယ်။ ကိုယ်ကတော့ ဒီ Post တစ်ခုကို မကြိုက်ဘူး။ ဒါပေမဲ့ Post တက်ရင် ပြီးရောဆိုတဲ့သဘောနဲ့ ကိုယ်တောင်မကြိုက်တဲ့ Content တစ်ခုကို တင်တာတွေရှိပါတယ်။ ကိုယ်တောင် မကြိုက်တဲ့ Post တစ်ခုကို တခြားလူတစ်ယောက်က ကြိုက်နှစ်သက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် Post တစ်ခုကို ကိုယ်ကြိုက်ပြီဆိုတော့မှ တင်တော့ Engagement ပိုရတာပေါ့။

Read More>>> မိမိရဲ့ကြော်ငြာနည်းဗျူဟာမှာ ဒါတွေထည့်စဉ်းစားပါ

Credit; Aung Ko Htet

 

Read times
Rate this item
(1 Vote)