-->
×

Warning

JUser: :_load: Unable to load user with ID: 29


Delivery Robot တွေ သုံးနေတဲ့ PepsiCo

Delivery Robot တွေ သုံးနေတဲ့ PepsiCo Google

နာမည်ကျော်ပက်စီအချိုရည်ကို ထုတ်လုပ်တဲ့ PepsiCo က ကယ်လီဖိုးနီးယား ပြည်နယ်မှ University of the Pacific ကျောင်းဝင်းကိုစက်ရုပ်များဖြင့် အစားအစာနဲ့ဖျော်ရည်များ ပို့ဆောင်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီစက်ရုပ်များကို Snackbots လို့ အမည်ပေးထားပြီး ကုမ္ပဏီရဲ့ Hello Goodness စက်ရုံကနေ အစားအစာများကို စက်ရုပ်များက ယူဆောင်ပေးမှာ ဖြစ်ပါတယ်။

ပို့ဆောင်ပေးမယ့် အစားအစာများထဲမှာ Smartfood Delight popcorn, Baked Lays, Pure Leaf Tea, နဲ့ Starbucks Cold Brew drinks များ ပါဝင်ပါတယ်။ ကျောင်းသားများက iOS App ကနေ အစားအစာများကို မှာယူနိုင်ပါတယ်။ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်းမှာ ၁၇၅ ဧကကျယ်ဝန်းတဲ့ ကျောင်းဝန်းအတွင်းမှ ကျောင်းသားများမှာယူတဲ့ နေရာကို လာပို့ပေးမှာ ဖြစ်ပါတယ်။

Read More>>>ကြော်ငြာခြင်းကို ဘယ်ချိန်တည်းကစတင်ခဲ့ကြတာလဲ... ?

စက်ရုပ်များဟာ အခြားသယ်ယူပို့ဆောင်ရေး စက်ရုပ်များနဲ့ ပုံသဏ္ဍာန်ဆင်တူပါတယ်။ လျှပ်စစ်စွမ်းအင်သုံးစက်ရုပ်များဖြစ်ပြီး တစ်ခါအားသွင်းထားရင် မိုင် (၂၀) မောင်းနှင်နိုင်ပါတယ်။ သူ့မှာ ကင်မရာတစ်လုံး ပါပါတယ်။ ကျောင်းသားများက စက်ရုပ်ရောက်လာတာနဲ့ အစိမ်းရောင်အဖုံးကိုဖွင့်ပြီး အစားအစာများကိုယူနိုင်ပါတယ်။

PepsiCo က စက်ရုပ်များဖြင့် အစားအစာများကို ပို့ဆောင်ပေးနေတဲ့ အစားအစာကုမ္ပဏီများထဲမှာ သူဟာအကြီးမားဆုံးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်က UC Berkeley မှာ အလားတူ ဝန်ဆောင်မှုကို Kiwi က ပြုလုပ်ခဲ့ပြီး ကျောင်းသားများက အလွန်နှစ်သက်သဘောကျခဲ့ကြပါတယ်။ ဘက်ထရီပြဿနာကြောင့် အဲဒီစက်ရုပ်တစ်ခု မီးလောင်သွားတဲ့အခါမှာလည်း သူ့အတွက် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပေးခဲ့ကြပါတယ်။

Signboard, Aluminium & Glass (ဆိုင်းဘုတ်၊ အလူမီနီယံနှင့်မှန်လုပ်ငန်းများ(1168) ခုကိုရှာရန်နှိပ်ပါ။)

Digital Times

 

Read times
Rate this item
(1 Vote)