-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing နှင့် Sales အတွက် မဖြစ်မနေသိသင့်သောအသုံးအနှုန်းများ

Marketing ႏွင့္ Sales သမားတိုင္း မျဖစ္မေနသိသင့္တဲ့ အဓိပၸာယ္ ဖြင့္ဆိုခ်က္ အခု (၅၀)ကို လက္ရွိ အဲ့ဒီ နယ္ပယ္မွာ က်င္လည္ ေနသူေတြ နဲ႔ လက္ရွိ မေရာက္ေသးေပမယ့္ တစ္ခ်ိန္ ဝင္မယ္ စိတ္ကူးေနတဲ့ သူေတြအတြက္

နားလည္လြယ္ေအာင္ ရွင္းျပထားပါတယ္။

 

1. Marketing
ေဖာက္သည္၏ လိုအပ္ခ်က္မ်ားကို ေဖာ္ထုတ္ျခင္း၊ ႀကိဳတင္မွန္းဆျခင္း၊ စိတ္ေက်နပ္မႈ ရရွိႏိုင္ရန္ ျဖည့္ဆည္းေပးျခင္း စသည္တို႔ကို အျမတ္ရရွိႏိုင္မည့္ နည္းလမ္းျဖင့္ ေဆာင္႐ြက္ျခင္း လုပ္ငန္းစဥ္ကို ဆိုလိုသည္။

2. Lead
မိမိ ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈမ်ားအား စိတ္ဝင္စားသူ တစ္စုံတစ္ေယာက္ သို႔မဟုတ္ ကုမၸဏီ တစ္ခု ဆိုလိုသည္။

3. Top of the Funnel (TOFU)
Sales ကေတာ့ခြၽန္၏ ထိပ္ပိုင္းတြင္ ေနရာယူထားသူမ်ားကို ဆိုလိုသည္။ ဝယ္ယူမႈ ခရီးစဥ္၏ ဦးပိုင္း အဆင့္တြင္ အစပ်ိဳးေနသူမ်ားလည္း ျဖစ္သည္။ ထိုသူတို႔သည္ ေလာေလာလတ္လတ္ ေတြ႕ရွိထားေသာ သူတို႔၏ ျပသနာအတြက္ အေျဖရွာေနသူမ်ားျဖစ္သည္။ ထို႔ေၾကာင့္ Marketer မ်ားသည္ ထိုသူတို႔ ႀကဳံေတြ႕ေနရေသာ အခက္အခဲမ်ားကို ေဖာ္ထုတ္ေပးျခင္း ႏွင့္ အေျဖရွာရာတြင္ အေထာက္အပံ့ျဖစ္မည့္ TOFU content မ်ားကို ဖန္တီးၾကသည္။

4. Middle of the Funnel (MOFU)
ေဖာက္သည္ျဖစ္ႏိုင္ေခ်ရွိသူမွ မိမိတြင္ ျပသနာသို႔မဟုတ္ အခက္အခဲရွိေၾကာင္း သိရွိလက္ခံၿပီးေသာအခါ Sales ကေတာ့ခြၽန္၏ အလယ္ပိုင္းသို႔ ေရာက္ရွိသည္။ မိမိ၏ ကုန္ပစၥည္းသို႔မဟုတ္ ဝန္ေဆာင္မႈက ထိုျပသနာကို ေျဖရွင္းေပးႏိုင္ေၾကာင္း ျပသရမမည့္အဆင့္လည္း ျဖစ္သည္။

5. Bottom of the Funnel (BOFU)
ဝယ္ယူမႈ ခရီးစဥ္၏ ေနာက္ပိုင္းအဆင့္တစ္ခု ျဖစ္သည္။ leads မ်ားသည္ Sales ကေတာ့ခြၽန္၏ ထိပ္ပိုင္း (ျပသနာကို ေတြ႕ရွိျခင္း) မွ တဆင့္ အလယ္ပိုင္း (ျပသနာေျဖရွင္းႏိုင္မည့္ ကုန္သို႔မဟုတ္ ဝန္ေဆာင္မႈကို ရွာေဖြျခင္း) ကို ျဖတ္သန္းၿပီး ေအာက္ဆုံးအဆင့္တြင္ ဝယ္ယူရန္ အသင့္အေနအထားသို႔ ေရာက္ရွိသည္။ ဤအဆင့္တြင္ leads မ်ားသည္ product ကို demo ျပျခင္း၊ ဖုန္းေခၚခ်ိန္းဆိုျခင္း၊ အခမဲ့ တိုင္ပင္ေဆြးေႏြးေပးျခင္းတို႔ကို ရယူရန္ စိတ္ဝင္စားသည္။

6. Conversion Path
မိမိ၏ ထုတ္ကုန္ သို႔မဟုတ္ ဝန္ေဆာင္မႈအား စိတ္ဝင္စားသူ အဆင့္မွ ေဖာက္သည္ျဖစ္ရန္အလားအလာရွိသူ အဆင့္သို႔ ေျပာင္းလဲေပးေသာ လမ္းေၾကာင္း သို႔မဟုတ္ လုပ္ရပ္အဆင့္မ်ားကို ဆိုလိုသည္။ Conversion Path တြင္ Call to action ၊ Lead Form ၊ Thank You Page ၊ ေဒါင္းလုပ္ခ္ရယူရန္ content (white paper, e-book) အစရွိသည္တို႔ ပါဝင္သည္။

7. Marketing Qualified Lead (MQL)
Sales Team သို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနေသာ lead ကို ဆိုလိုသည္။ လုပ္ငန္း ႏွင့္ ပတ္သက္၍ အျပဳသေဘာေဆာင္ေသာ ဆက္ဆံေရး ဥပမာ - ထုတ္ကုန္ႏွင့္ ပတ္သက္၍ စိတ္ဝင္တစား ေမးျမန္းေဆြးေႏြးျခင္း ၊ ကုန္ပစၥည္း (သို႔တည္းမဟုတ္) ဝန္ေဆာင္မႈ အေၾကာင္းရွင္းျပထားသည္ မ်ားကို ေဒါင္းလုပ္ခ္ ရယူသြားျခင္း တို႔ကို ျပဳလုပ္ထားသျဖင့္ Marketing Qualified Lead ျဖစ္သည္ဟု သတ္မွတ္ၿပီး Sales Team သို႔ လႊဲေျပာင္းေပးရန္ အသင့္အေနအထားရွိေနသူ ျဖစ္သည္။
=============
8. Demographics
လူမ်ားကို အသက္အ႐ြယ္အပိုင္းအျခား ၊ က်ားႏွင့္မအခ်ိဳးစား ၊ ဝင္ေငြ ၊ မိသားစုပုံစံ ၊ လူမႈပတ္ဝန္းက်င္ဓေလ့စ႐ိုက္ အစရွိသည္တို႔ျဖင့္ ခြဲျခားသတ္မွတ္ျခင္းကို ဆိုလိုသည္။ Marketing ႏွင့္ Advertising ဗ်ဴဟာမ်ား ေဖာ္ေဆာင္ရာတြင္ အသုံးျပဳသည္။

9. Geographic Segmentation
Target Audience မ်ား ေနထိုင္ေသာေနရာ ၊ ရွိေနေသာေနရာ ကိုအေျခခံၿပီး အုပ္စုဖြဲ႕ ခြဲျခားျခင္းကို ဆိုလိုသည္။

10. Niche Market/Business
ေဈးကြက္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးလိုေသာ ေဈးကြက္တစ္ခု၏ တိက်ေသာ တစိတ္တေဒသ (ဥပမာ - လူအမ်ား အသုံးအေဆာင္ ေဈးကြက္ႏွင့္ ထိုေဈးကြက္၏ အစိတ္အပိုင္းျဖစ္ေသာ ေဘာလုံးသမား အသုံးအေဆာင္ ေဈးကြက္)
=============
11. Margin
ကုန္ပစၥည္း (သို႔တည္းမဟုတ္) ဝန္ေဆာင္မႈ ေရာင္းခ်ျခင္းအတြက္ ကုန္က်စရိတ္ကို ႏႈတ္ၿပီး (ထိုေရာင္းခ်ျခင္းမွ)က်န္ရွိေသာ အျမတ္ေငြ

12. Monthly Recurring Revenue
မိမိ၏ ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈကို အသုံးျပဳေသာ ေဖာက္သည္မ်ားမွ ရရွိေသာ လစဥ္ဝင္ေငြကို ဆိုလိုသည္။

13. Cost-Based Pricing
လုပ္ငန္းလည္ပတ္မႈ ကုန္က်စရိတ္ကို အေျခခံ၍ ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈ တစ္ခု၏ ေဈးႏႈန္းကို သတ္မွတ္ေသာ စနစ္ကို ဆိုလိုသည္။

14. Market-Based Pricing
ေဈးကြက္တူညီေသာ အျခား ကုန္ပစၥည္းသို႔မဟုတ္ ဝန္ေဆာင္မႈမ်ား၏ ေပါက္ေဈးကို အေျခခံသည့္ ေဈးႏႈန္းသတ္မွတ္ျခင္းစနစ္ကို ဆိုလိုသည္။
=============
15. Business-to-Business (B2B)
စီးပြါးေရးလုပ္ငန္းမ်ားအတြက္ ရည္႐ြယ္၍ ထုတ္လုပ္ေသာ ကုန္ပစၥည္း (သို႔တည္းမဟုတ္) ဝန္ေဆာင္မႈ ေပးသည့္ လုပ္ငန္းအမ်ိဳးအစားကို ေခၚေဝၚသည္။

16. Business-to-Consumer (B2C)
ေနာက္ဆုံးစားသုံးသူ (End user)မ်ားအတြက္ ရည္႐ြယ္၍ ထုတ္လုပ္ေသာ ကုန္ပစၥည္း (သို႔တည္းမဟုတ္) ဝန္ေဆာင္မႈ ေပးသည့္ လုပ္ငန္းအမ်ိဳးအစားကို ေခၚေဝၚသည္။ ဥပမာ - Apple ကုမၸဏီ
=============
17. Cost Per lead (CPL)
ေဖာက္သည္အလားအလာရွိသူ တစ္ေယာက္ရရွိရန္အတြက္ (မာကတ္တင္း)ကုန္က်စရိတ္ကို ဆိုလိုသည္။ အေရးတႀကီး ေစာင့္ၾကည့္သင့္ေသာ အတိုင္းအတာ တစ္ခုျဖစ္ၿပီး ထိုစရိတ္သည္ ေဖာက္သည္ရရွိေရးကုန္က်စရိတ္ (Customer Acquisition cost) ေပၚတြင္ လႊမ္းမိုးမႈ ရွိသည္။

18. Customer Acquisition Cost
ေဖာက္သည္ျဖစ္ႏိုင္ေျခ ရွိေသာ လူကို လုပ္ငန္း၏ ေဖာက္သည္ျဖစ္ေအာင္ ေျပာင္းလဲရာတြင္ ကုန္က်သည့္ စရိတ္ကို ဆိုလိုသည္။ သတ္မွတ္ကာလ တစ္ခုအတြင္း ေဖာက္သည္ရရွိရန္ အသုံးျပဳသည့္ ေငြပမာဏကို ထိုကာလအတြင္း ရရွိသည့္ ေဖာက္သည္အသစ္ အေရအတြက္ျဖင့္ စားျခင္းျဖင့္ တြက္ခ်က္သည္။
လုပ္ငန္းတိုးခ်ဲ႕ေရး ျဖစ္ႏိုင္ေျခ တြက္ခ်က္ရာတြင္ အေရးပါေသာ အတိုင္းအတာ ျဖစ္သည္။
=============
19. Analytics ခြဲျခမ္းစိတ္ျဖာျခင္း
အနာဂတ္တြင္ ပိုမိုထိေရာက္ေသာ Marketing လုပ္ေဆာင္ခ်က္မ်ားျပဳလုပ္ႏိုင္ရန္ Website သို႔ ဝင္ၾကည့္ေသာ လူဦးေရ ၊ Social Media ႏွင့္ တျခား မွ ရရွိလာေသာ စာရင္းဇယား အခ်က္အလက္မ်ားအား ခြဲျခမ္းစိပ္ျဖာေလ့လာျခင္းကို ဆိုလိုသည္။

20. Cold Calling
လုပ္ငန္း၏ Customer ျဖစ္လာႏိုင္ေျခ ရွိေသာ သူစိမ္းကို ဖုန္းျဖင့္ ျဖစ္ေစ ၊ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံ၍ ျဖစ္ေစ လုပ္ငန္းအေၾကာင္း ရွင္းျပျခင္းကို ဆိုလိုသည္။

21. Forecasting
အနာဂတ္တြင္ ျဖစ္ေပၚလာႏိုင္သည့္ Marketing ႏွင့္ Sales ေခတ္ေရစီးေၾကာင္း ႀကိဳတင္ခန႔္မွန္းျခင္းကို ဆိုလိုသည္။ မ်ားေသာအားျဖင့္ အတိတ္ကာလ၊ အေရအတြက္၊ အရည္အေသြး ဆိုင္ရာ အခ်က္အလက္မ်ားေပၚတြင္ အေျခခံ၍ ခန႔္မွန္းသည္။

22. Lead Nurturing
Marketing နည္းလမ္းမ်ား အသုံးျပဳ၍ ေဖာက္သည္ ျဖစ္လာႏိုင္ေျခရွိသူမ်ား ႏွင့္ ေကာင္းမြန္ခိုင္မာေသာ ဆက္ဆံေရး တည္ေဆာက္ျခင္းကို ဆိုလိုသည္။

23. Market Development
ရွိၿပီးသား ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈကို ေဈးကြက္အသစ္သို႔ ထိုးေဖာက္ျခင္းကို ဆိုလိုသည္။

24. Market Penetration
လက္ရွိေဈးကြက္တြင္ ေရာင္းေနရသည့္ ကုန္ပစၥည္းကို ဝယ္လိုအားပိုတက္ေစရန္ အသုံးျပဳသည့္ နည္းဗ်ဴဟာကို ဆိုလိုသည္။

25. Market Research
သက္ဆိုင္ရာ စီးပြားေရးနယ္ပယ္တြင္ ေကာင္းမြန္မွန္ကန္ေသာ ဆုံးျဖတ္ခ်က္မ်ားျပဳလုပ္ႏိုင္ရန္ စနစ္တက် သုေတသန ျပဳလုပ္ျခင္းကို ဆိုလိုသည္။

26. New Product Development
သုေတသန ျပဳလုပ္ျခင္း ၊ ထုတ္လုပ္ျခင္း၊ စမ္းသပ္ျခင္း ၊ မိတ္ဆက္ျဖန႔္ျဖဴးျခင္း အဆင့္မ်ား ပါဝင္ေသာ ကုန္ပစၥည္းအသစ္ တစ္ခု ဖန္တီးျခင္း ကိုဆိုလိုသည္။

27. Buyer Persona (ေဖာက္သည္၏ ဝိေသသ)
ေဈးကြက္သုေတသနျပဳလုပ္ျခင္း ႏွင့္ သတင္းအခ်က္အလက္ မ်ားစုေဆာင္ျခင္းကို အေျခခံ၍ မိမိ(လုပ္ငန္း)အတြက္ လိုခ်င္ဖြယ္ အေကာင္းဆုံး ေဖာက္သည္၏ ဝိေသသမ်ားကို ေဖာ္ထုတ္ထားျခင္းျဖစ္သည္။ marketer မ်ားက ထိုဝိေသသမ်ားကို အသုံးျပဳ၍ ကိုက္ညီသည့္ ပရိသတ္ကို ေ႐ြးထုတ္ျခင္း ႏွင့္ Sales သမားမ်ားက ေဖာက္သည္အလားအလာကို ဆုံးျဖတ္သည္။
=============
28. Advertising
ထုတ္ကုန္ (သို႔မဟုတ္) ဝန္ေဆာင္မႈ (သို႔မဟုတ္) လုပ္ငန္း စသည္ တို႔ကို လူအမ်ား အာ႐ုံစိုက္မိေအာင္ အခေၾကးေငြျဖင့္ သတင္းစာ ၊ ဂ်ာနယ္ ၊ တီဗီတို႔ မွ တစ္ဆင့္ေၾကာ္ျငာသည္။

29. Comparative Advertising
လုပ္ငန္း တစ္ခုမွ တျခား လုပ္ငန္းတစ္ခု၏ ကုန္ပစၥည္း (သို႔မဟုတ္) ဝန္ေဆာင္မႈ ႏွင့္ ႏႈိင္းယွဥ္ေၾကာ္ျငာျခင္းကို ဆိုလိုသည္။ ဥပမာ - Apple ၊ Samsung အစရွိေသာ ကုမၸဏီမ်ားသည္ ၎တို႔၏ ဖုန္းေၾကာ္ျငာမ်ားကို အျခားဖုန္းမ်ား ႏွင့္ ႏႈိင္းယွဥ္ေၾကာ္ျငာေလ့ရွိသည္။
=============
30. Direct Marketing
ၾကားခံ ကိုယ္စားလွယ္ကို မသုံးဘဲ မိမိ ထုတ္ကုန္/ဝန္ေဆာင္မႈကို အမွန္တကယ္ စားသုံးသူသို႔ တိုက္႐ိုက္ ေဈးကြက္ေဖာ္ေဆာင္ျခင္းကို ဆိုလိုသည္။

31. Digital Marketing (Online Marketing)
အင္တာနက္မွ တဆင့္ ပစ္မွတ္ပရိသတ္ (Target audience) မ်ားအား Marketing ျပဳလုပ္ျခင္းကို ဆိုလိုသည္။ Digital Marketing တြင္ Email Marketing ၊ Content Marketing အစရွိသည္တို႔ ပါဝင္သည္။

32. Inbound Marketing
အခေၾကးေငြေပးရေသာ ေၾကာ္ျငာနည္းစနစ္ထက္ content marketing, podcasts, video, eBooks, email broadcast, SEO, Social Marketing အစရွိသည္တို႔ကို အသုံးျပဳ၍ ေၾကာ္ျငာနည္းကို ဆိုလိုသည္။

33. Internal Marketing
မိမိ၏ Marketing Plan ကို အထက္လူႀကီးမ်ား ၊ လုပ္ေဖာ္ကိုင္ဖက္မ်ား သေဘာတူညီေစရန္ ႏွင့္ အကူအညီေပးေစရန္ ႀကိဳးစားျခင္းကို ဆိုလိုသည္။
=============
34. Blogging
တစ္သီးပုဂၢလမ်ား၊ အေသးစားစီးပြားေရးလုပ္ငန္းမ်ား သာမက ေကာ္ပိုေရးရွင္းႀကီးမ်ားသည္လည္း ၎တို႔၏ သက္ဆိုင္ရာ လုပ္ငန္း နယ္ပယ္အတြက္ ေဆာင္းပါးမ်ား ၊ သုံးသပ္ခ်က္မ်ားအား ကိုယ္ပိုင္ Website တြင္ ေရးသားေဖာ္ျပျခင္း ကိုဆိုလိုပါသည္။ Blogging သည္ Inbound Marketing ၏ အဓိကက်ေသာ အစိတ္အပိုင္းျဖစ္ၿပီး လုပ္ငန္းမ်ား၏ ကိုယ္ပိုင္ Website ကို ဝင္ၾကည့္ေသာ လူအေရအတြက္တိုးေစရန္ ၊ လုပ္ငန္းအေပၚ ေဖာက္သည္မ်ား ယုံၾကည္စိတ္ခ်ေစရန္ ႏွင့္ ေဖာက္သည္ ျဖစ္လာရန္ အလားအလာရွိသူမ်ား တိုးပြါးလာေစရန္ ရည္႐ြယ္သည္။

35. Evergreen Content
စာဖတ္သူအတြက္ ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ အက်ိဳးျပဳေနမည့္ အေၾကာင္းအရာ ေရးသားခ်က္၊

36. Hashtag
# ကို ေရွ႕တြင္ထားၿပီး space မျခားဘဲ ေရးသားထားေသာ ေသာ့ခ်က္က်သည့္ စကားစု
ထိုသို႔ေရးသားျခင္းျဖင့္ Social Media ေပၚတြင္ ေခါင္းစဥ္အလိုက္ မိမိ၏ ပရိသတ္ႏွင့္ ေျပာဆိုဆက္ဆံႏိုင္သည္။

37. Infographic
ရႈပ္ေထြးေသာ သတင္းအခ်က္အလက္မ်ားကို နားလည္ရလြယ္ကူေစရန္ ပုံႏွင့္စာျဖင့္ ျပဳလုပ္ထားေသာ သ႐ုပ္ေဖာ္ကားခ်ပ္

38. Engagement Rate
Content တစ္ခု ရရွိသည့္ Likes ၊ Shares ၊ Comments အေရအတြက္ အေပၚမူတည္၍ ပရိသတ္၏ ပါဝင္မႈႏႈန္း ကို တိုင္းတာျခင္း သို႔မဟုတ္ အတိုင္းအတာကို ဆိုလိုသည္။

39. Keyword
Webpage တြင္ေဖာ္ျပေသာ အေၾကာင္းအရာ တစ္ခုကို ရည္ၫႊန္းေသာ စကားစုတစ္စု (သို႔တည္းမဟုတ္) စကားလုံးတစ္လုံးကို ဆိုလိုသည္။ ထိုစကားစုမ်ားသည္ မိမိမွန္းထားေသာ ပရိသတ္အုပ္စုႏွင့္ ကိုက္ညီေနသင့္သည္။
=============
40. Conversion Rate
Website သို႔မဟုတ္ page ကို ဝင္ၾကည့္႐ုံသာမက ထို page မ်ားမွ ခ်မွတ္ထားေသာ လုပ္ေဆာင္ခ်က္မ်ား ဉပမာ - ေဖာင္ျဖည့္ျခင္း ၊ မွတ္ပုံတင္စာရင္းသြင္းျခင္း ၊ Newsletter (စာေဆာင္မ်ား) ဖတ္ရန္ စာရင္းေပးျခင္း) ျပဳလုပ္ေသာ လူမ်ား၏ ရာခိုင္ႏႈန္း

41. Key Performance Indicator (KPI)
စြမ္းေဆာင္ရည္ တိုင္းတာျခင္းစနစ္ ကိုဆိုလိုသည္။ ဝန္ထမ္း၏ ေဆာင္႐ြက္ခ်က္ အရည္အေသြး မွ ေဈးကြက္ေဖာ္ေဆာင္ေရးနည္းလမ္းမ်ား၏ ထိေရာက္မႈ အထိ က်ယ္ျပန႔္စြာ တိုင္းတာႏိုင္သည္။ KPI မ်ားကို ထိေရာက္စြာ ေစာင့္ၾကည့္ တုံ႔ျပန္ျခင္းျဖင့္ လုပ္ငန္းလ်ာထားခ်က္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္သည္။
=============
42. Brand
ကုန္ပစၥည္း (သို႔တည္းမဟုတ္) ဝန္ေဆာင္မႈ (သို႔တည္းမဟုတ္) လုပ္ငန္း တစ္ခုကို လူအမ်ား သတိျပဳမိေစေသာ အရာမ်ား ကိုဆိုလိုသည္။

43. Direct Competition
မိမိလုပ္ငန္း ႏွင့္ ကြက္တိ တူေသာ ကုန္ပစၥည္း (သို႔တည္းမဟုတ္) ဝန္ေဆာင္မႈ ေပးေနေသာ ၿပိဳင္ဘက္ လုပ္ငန္းကို ဆိုလိုသည္။

44. Customer Loyalty
ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈကို ေဖာက္သည္မွ ထပ္မံတလဲလဲ ဝယ္ယူအသုံးျပဳျခင္းကို ဆိုလိုသည္။

45. Point Of Contact (POC)
ကုမၸဏီ သို႔မဟုတ္ အဖြဲ႕အစည္း တစ္ခုတြင္ Marketing ႏွင့္ Sales ပိုင္းဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္သူ သို႔မဟုတ္ ေဆြးေႏြးအႀကံျပဳသူကို ဆိုလိုသည္။

46. Portfolio
Customer ျဖစ္ႏိုင္ေခ်ရွိသူမ်ားကို လုပ္ငန္းအေၾကာင္း အေသးစိပ္ရွင္းျပရာတြင္ အသုံးျပဳသည့္ အေၾကာင္းအရာ အခ်က္အလက္မ်ားကို ဆိုလိုသည္။

47. Direct Mail
ေဖာက္သည္ျဖစ္ရန္ အလားလာရွိသူမ်ားကို လုပ္ငန္း၏ ေဖာက္သည္ျဖစ္လာေစရန္ စာပို႔ျခင္း (Mail) မွ တစ္ဆင့္ ေၾကာ္ျငာျခင္းကို ဆိုလိုသည္။

48. Corporate Identity
လုပ္ငန္း တစ္ခု၏ ကိုယ္စားျပဳ သေကၤတ ၊ အေရာင္ ၊ အမွတ္တံဆိပ္ဒီဇိုင္း အာလုံးကို ဆိုလိုသည္။

49. E-Commerce
အင္တာနက္ေပၚတြင္ ကုန္ပစၥည္းမ်ား ေရာင္းခ်ျခင္း ကိုဆိုလိုသည္။

50. Customer Relationship Management (CRM)
Marketing ႏွင့္ Sales လုပ္ေဆာင္ခ်က္မ်ား အစီအစဥ္တက် လုပ္ေဆာင္ႏိုင္ရန္ အကူအညီေပးသည့္ ေဆာ့ဝဲလ္ကို ဆိုလိုသည္။ Contact အခ်က္အလက္မ်ား သိမ္းဆည္းျခင္း၊ email မ်ားကို ေျခရာခံႏိုင္ျခင္း၊ အေရာင္းဆိုင္ရာ သေဘာတူစာခ်ဳပ္မ်ားကို သိမ္းဆည္းျခင္း အစရွိေသာ လုပ္ေဆာင္ခ်က္မ်ား ပါဝင္သည္။

ကဲ ဒီေလာက္ဆိုရင္ေတာ့ Marketing & Sales ေဝါဟာရေတြေတာ္ေတာ္မ်ားမ်ား သိေလာက္ၿပီဆိုေတာ့ စာလုပ္တဲ့အခါပဲ ျဖစ္ျဖစ္ လုပ္ငန္းခြင္ထဲမွာ အသုံးျပဳတဲ့အခါပဲ ျဖစ္ျဖစ္ ေကာင္းေကာင္းအသုံးခ်ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ ဒီေဆာင္းပါးေလးက ကိုယ့္အတြက္လည္း အက်ိဳးရွိတယ္ Marketing & Sales ေလ့လာေနတဲ့ ကိုယ့္သူငယ္ခ်င္းေတြအတြက္လည္း အက်ိဳးရွိမယ္ ထင္ရင္ ျပန္လည္မွ်ေဝေပးလိုက္ပါဦးေနာ္။

 

<<< Unicode >>>

 

Marketing နှင့် Sales အတွက် မဖြစ်မနေသိသင့်သောအသုံးအနှုန်းများ

Marketing နှင့် Sales သမားတိုင်း မဖြစ်မနေသိသင့်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အခု (၅၀)ကို လက်ရှိ အဲ့ဒီ နယ်ပယ်မှာ ကျင်လည် နေသူတွေ နဲ့ လက်ရှိ မရောက်သေးပေမယ့် တစ်ချိန် ဝင်မယ် စိတ်ကူးနေတဲ့ သူတွေအတွက် နားလည်လွယ်အောင် ရှင်းပြထားပါတယ်။

----------------

1. Marketing
ဖောက်သည်၏ လိုအပ်ချက်များကို ဖော်ထုတ်ခြင်း၊ ကြိုတင်မှန်းဆခြင်း၊ စိတ်ကျေနပ်မှု ရရှိနိုင်ရန် ဖြည့်ဆည်းပေးခြင်း စသည်တို့ကို အမြတ်ရရှိနိုင်မည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကို ဆိုလိုသည်။

2. Lead
မိမိ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအား စိတ်ဝင်စားသူ တစ်စုံတစ်ယောက် သို့မဟုတ် ကုမ္ပဏီ တစ်ခု ဆိုလိုသည်။

3. Top of the Funnel (TOFU)
Sales ကတော့ချွန်၏ ထိပ်ပိုင်းတွင် နေရာယူထားသူများကို ဆိုလိုသည်။ ဝယ်ယူမှု ခရီးစဉ်၏ ဦးပိုင်း အဆင့်တွင် အစပျိုးနေသူများလည်း ဖြစ်သည်။ ထိုသူတို့သည် လောလောလတ်လတ် တွေ့ရှိထားသော သူတို့၏ ပြသနာအတွက် အဖြေရှာနေသူများဖြစ်သည်။ ထို့ကြောင့် Marketer များသည် ထိုသူတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဖော်ထုတ်ပေးခြင်း နှင့် အဖြေရှာရာတွင် အထောက်အပံ့ဖြစ်မည့် TOFU content များကို ဖန်တီးကြသည်။

4. Middle of the Funnel (MOFU)
ဖောက်သည်ဖြစ်နိုင်ချေရှိသူမှ မိမိတွင် ပြသနာသို့မဟုတ် အခက်အခဲရှိကြောင်း သိရှိလက်ခံပြီးသောအခါ Sales ကတော့ချွန်၏ အလယ်ပိုင်းသို့ ရောက်ရှိသည်။ မိမိ၏ ကုန်ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုက ထိုပြသနာကို ဖြေရှင်းပေးနိုင်ကြောင်း ပြသရမမည့်အဆင့်လည်း ဖြစ်သည်။

5. Bottom of the Funnel (BOFU)
ဝယ်ယူမှု ခရီးစဉ်၏ နောက်ပိုင်းအဆင့်တစ်ခု ဖြစ်သည်။ leads များသည် Sales ကတော့ချွန်၏ ထိပ်ပိုင်း (ပြသနာကို တွေ့ရှိခြင်း) မှ တဆင့် အလယ်ပိုင်း (ပြသနာဖြေရှင်းနိုင်မည့် ကုန်သို့မဟုတ် ဝန်ဆောင်မှုကို ရှာဖွေခြင်း) ကို ဖြတ်သန်းပြီး အောက်ဆုံးအဆင့်တွင် ဝယ်ယူရန် အသင့်အနေအထားသို့ ရောက်ရှိသည်။ ဤအဆင့်တွင် leads များသည် product ကို demo ပြခြင်း၊ ဖုန်းခေါ်ချိန်းဆိုခြင်း၊ အခမဲ့ တိုင်ပင်ဆွေးနွေးပေးခြင်းတို့ကို ရယူရန် စိတ်ဝင်စားသည်။

6. Conversion Path
မိမိ၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအား စိတ်ဝင်စားသူ အဆင့်မှ ဖောက်သည်ဖြစ်ရန်အလားအလာရှိသူ အဆင့်သို့ ပြောင်းလဲပေးသော လမ်းကြောင်း သို့မဟုတ် လုပ်ရပ်အဆင့်များကို ဆိုလိုသည်။ Conversion Path တွင် Call to action ၊ Lead Form ၊ Thank You Page ၊ ဒေါင်းလုပ်ခ်ရယူရန် content (white paper, e-book) အစရှိသည်တို့ ပါဝင်သည်။

7. Marketing Qualified Lead (MQL)
Sales Team သို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေသော lead ကို ဆိုလိုသည်။ လုပ်ငန်း နှင့် ပတ်သက်၍ အပြုသဘောဆောင်သော ဆက်ဆံရေး ဥပမာ - ထုတ်ကုန်နှင့် ပတ်သက်၍ စိတ်ဝင်တစား မေးမြန်းဆွေးနွေးခြင်း ၊ ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု အကြောင်းရှင်းပြထားသည် များကို ဒေါင်းလုပ်ခ် ရယူသွားခြင်း တို့ကို ပြုလုပ်ထားသဖြင့် Marketing Qualified Lead ဖြစ်သည်ဟု သတ်မှတ်ပြီး Sales Team သို့ လွှဲပြောင်းပေးရန် အသင့်အနေအထားရှိနေသူ ဖြစ်သည်။
=============
8. Demographics
လူများကို အသက်အရွယ်အပိုင်းအခြား ၊ ကျားနှင့်မအချိုးစား ၊ ဝင်ငွေ ၊ မိသားစုပုံစံ ၊ လူမှုပတ်ဝန်းကျင်ဓလေ့စရိုက် အစရှိသည်တို့ဖြင့် ခွဲခြားသတ်မှတ်ခြင်းကို ဆိုလိုသည်။ Marketing နှင့် Advertising ဗျူဟာများ ဖော်ဆောင်ရာတွင် အသုံးပြုသည်။

9. Geographic Segmentation
Target Audience များ နေထိုင်သောနေရာ ၊ ရှိနေသောနေရာ ကိုအခြေခံပြီး အုပ်စုဖွဲ့ ခွဲခြားခြင်းကို ဆိုလိုသည်။

10. Niche Market/Business
ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုသော ဈေးကွက်တစ်ခု၏ တိကျသော တစိတ်တဒေသ (ဥပမာ - လူအများ အသုံးအဆောင် ဈေးကွက်နှင့် ထိုဈေးကွက်၏ အစိတ်အပိုင်းဖြစ်သော ဘောလုံးသမား အသုံးအဆောင် ဈေးကွက်)
=============
11. Margin
ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု ရောင်းချခြင်းအတွက် ကုန်ကျစရိတ်ကို နှုတ်ပြီး (ထိုရောင်းချခြင်းမှ)ကျန်ရှိသော အမြတ်ငွေ

12. Monthly Recurring Revenue
မိမိ၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုသော ဖောက်သည်များမှ ရရှိသော လစဉ်ဝင်ငွေကို ဆိုလိုသည်။

13. Cost-Based Pricing
လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို အခြေခံ၍ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု တစ်ခု၏ ဈေးနှုန်းကို သတ်မှတ်သော စနစ်ကို ဆိုလိုသည်။

14. Market-Based Pricing
ဈေးကွက်တူညီသော အခြား ကုန်ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုများ၏ ပေါက်ဈေးကို အခြေခံသည့် ဈေးနှုန်းသတ်မှတ်ခြင်းစနစ်ကို ဆိုလိုသည်။
=============
15. Business-to-Business (B2B)
စီးပွါးရေးလုပ်ငန်းများအတွက် ရည်ရွယ်၍ ထုတ်လုပ်သော ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းအမျိုးအစားကို ခေါ်ဝေါ်သည်။

16. Business-to-Consumer (B2C)
နောက်ဆုံးစားသုံးသူ (End user)များအတွက် ရည်ရွယ်၍ ထုတ်လုပ်သော ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းအမျိုးအစားကို ခေါ်ဝေါ်သည်။ ဥပမာ - Apple ကုမ္ပဏီ
=============
17. Cost Per lead (CPL)
ဖောက်သည်အလားအလာရှိသူ တစ်ယောက်ရရှိရန်အတွက် (မာကတ်တင်း)ကုန်ကျစရိတ်ကို ဆိုလိုသည်။ အရေးတကြီး စောင့်ကြည့်သင့်သော အတိုင်းအတာ တစ်ခုဖြစ်ပြီး ထိုစရိတ်သည် ဖောက်သည်ရရှိရေးကုန်ကျစရိတ် (Customer Acquisition cost) ပေါ်တွင် လွှမ်းမိုးမှု ရှိသည်။

18. Customer Acquisition Cost
ဖောက်သည်ဖြစ်နိုင်ခြေ ရှိသော လူကို လုပ်ငန်း၏ ဖောက်သည်ဖြစ်အောင် ပြောင်းလဲရာတွင် ကုန်ကျသည့် စရိတ်ကို ဆိုလိုသည်။ သတ်မှတ်ကာလ တစ်ခုအတွင်း ဖောက်သည်ရရှိရန် အသုံးပြုသည့် ငွေပမာဏကို ထိုကာလအတွင်း ရရှိသည့် ဖောက်သည်အသစ် အရေအတွက်ဖြင့် စားခြင်းဖြင့် တွက်ချက်သည်။
လုပ်ငန်းတိုးချဲ့ရေး ဖြစ်နိုင်ခြေ တွက်ချက်ရာတွင် အရေးပါသော အတိုင်းအတာ ဖြစ်သည်။
=============
19. Analytics ခွဲခြမ်းစိတ်ဖြာခြင်း
အနာဂတ်တွင် ပိုမိုထိရောက်သော Marketing လုပ်ဆောင်ချက်များပြုလုပ်နိုင်ရန် Website သို့ ဝင်ကြည့်သော လူဦးရေ ၊ Social Media နှင့် တခြား မှ ရရှိလာသော စာရင်းဇယား အချက်အလက်များအား ခွဲခြမ်းစိပ်ဖြာလေ့လာခြင်းကို ဆိုလိုသည်။

20. Cold Calling
လုပ်ငန်း၏ Customer ဖြစ်လာနိုင်ခြေ ရှိသော သူစိမ်းကို ဖုန်းဖြင့် ဖြစ်စေ ၊ မျက်နှာချင်းဆိုင် တွေ့ဆုံ၍ ဖြစ်စေ လုပ်ငန်းအကြောင်း ရှင်းပြခြင်းကို ဆိုလိုသည်။

21. Forecasting
အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် Marketing နှင့် Sales ခေတ်ရေစီးကြောင်း ကြိုတင်ခန့်မှန်းခြင်းကို ဆိုလိုသည်။ များသောအားဖြင့် အတိတ်ကာလ၊ အရေအတွက်၊ အရည်အသွေး ဆိုင်ရာ အချက်အလက်များပေါ်တွင် အခြေခံ၍ ခန့်မှန်းသည်။

22. Lead Nurturing
Marketing နည်းလမ်းများ အသုံးပြု၍ ဖောက်သည် ဖြစ်လာနိုင်ခြေရှိသူများ နှင့် ကောင်းမွန်ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ခြင်းကို ဆိုလိုသည်။

23. Market Development
ရှိပြီးသား ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ဈေးကွက်အသစ်သို့ ထိုးဖောက်ခြင်းကို ဆိုလိုသည်။

24. Market Penetration
လက်ရှိဈေးကွက်တွင် ရောင်းနေရသည့် ကုန်ပစ္စည်းကို ဝယ်လိုအားပိုတက်စေရန် အသုံးပြုသည့် နည်းဗျူဟာကို ဆိုလိုသည်။

25. Market Research
သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်တွင် ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်များပြုလုပ်နိုင်ရန် စနစ်တကျ သုတေသန ပြုလုပ်ခြင်းကို ဆိုလိုသည်။

26. New Product Development
သုတေသန ပြုလုပ်ခြင်း ၊ ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်း ၊ မိတ်ဆက်ဖြန့်ဖြူးခြင်း အဆင့်များ ပါဝင်သော ကုန်ပစ္စည်းအသစ် တစ်ခု ဖန်တီးခြင်း ကိုဆိုလိုသည်။

27. Buyer Persona (ဖောက်သည်၏ ဝိသေသ)
ဈေးကွက်သုတေသနပြုလုပ်ခြင်း နှင့် သတင်းအချက်အလက် များစုဆောင်ခြင်းကို အခြေခံ၍ မိမိ(လုပ်ငန်း)အတွက် လိုချင်ဖွယ် အကောင်းဆုံး ဖောက်သည်၏ ဝိသေသများကို ဖော်ထုတ်ထားခြင်းဖြစ်သည်။ marketer များက ထိုဝိသေသများကို အသုံးပြု၍ ကိုက်ညီသည့် ပရိသတ်ကို ရွေးထုတ်ခြင်း နှင့် Sales သမားများက ဖောက်သည်အလားအလာကို ဆုံးဖြတ်သည်။
=============
28. Advertising
ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှု (သို့မဟုတ်) လုပ်ငန်း စသည် တို့ကို လူအများ အာရုံစိုက်မိအောင် အခကြေးငွေဖြင့် သတင်းစာ ၊ ဂျာနယ် ၊ တီဗီတို့ မှ တစ်ဆင့်ကြော်ငြာသည်။

29. Comparative Advertising
လုပ်ငန်း တစ်ခုမှ တခြား လုပ်ငန်းတစ်ခု၏ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှု နှင့် နှိုင်းယှဉ်ကြော်ငြာခြင်းကို ဆိုလိုသည်။ ဥပမာ - Apple ၊ Samsung အစရှိသော ကုမ္ပဏီများသည် ၎င်းတို့၏ ဖုန်းကြော်ငြာများကို အခြားဖုန်းများ နှင့် နှိုင်းယှဉ်ကြော်ငြာလေ့ရှိသည်။
=============
30. Direct Marketing
ကြားခံ ကိုယ်စားလှယ်ကို မသုံးဘဲ မိမိ ထုတ်ကုန်/ဝန်ဆောင်မှုကို အမှန်တကယ် စားသုံးသူသို့ တိုက်ရိုက် ဈေးကွက်ဖော်ဆောင်ခြင်းကို ဆိုလိုသည်။

31. Digital Marketing (Online Marketing)
အင်တာနက်မှ တဆင့် ပစ်မှတ်ပရိသတ် (Target audience) များအား Marketing ပြုလုပ်ခြင်းကို ဆိုလိုသည်။ Digital Marketing တွင် Email Marketing ၊ Content Marketing အစရှိသည်တို့ ပါဝင်သည်။

32. Inbound Marketing
အခကြေးငွေပေးရသော ကြော်ငြာနည်းစနစ်ထက် content marketing, podcasts, video, eBooks, email broadcast, SEO, Social Marketing အစရှိသည်တို့ကို အသုံးပြု၍ ကြော်ငြာနည်းကို ဆိုလိုသည်။

33. Internal Marketing
မိမိ၏ Marketing Plan ကို အထက်လူကြီးများ ၊ လုပ်ဖော်ကိုင်ဖက်များ သဘောတူညီစေရန် နှင့် အကူအညီပေးစေရန် ကြိုးစားခြင်းကို ဆိုလိုသည်။
=============
34. Blogging
တစ်သီးပုဂ္ဂလများ၊ အသေးစားစီးပွားရေးလုပ်ငန်းများ သာမက ကော်ပိုရေးရှင်းကြီးများသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်အတွက် ဆောင်းပါးများ ၊ သုံးသပ်ချက်များအား ကိုယ်ပိုင် Website တွင် ရေးသားဖော်ပြခြင်း ကိုဆိုလိုပါသည်။ Blogging သည် Inbound Marketing ၏ အဓိကကျသော အစိတ်အပိုင်းဖြစ်ပြီး လုပ်ငန်းများ၏ ကိုယ်ပိုင် Website ကို ဝင်ကြည့်သော လူအရေအတွက်တိုးစေရန် ၊ လုပ်ငန်းအပေါ် ဖောက်သည်များ ယုံကြည်စိတ်ချစေရန် နှင့် ဖောက်သည် ဖြစ်လာရန် အလားအလာရှိသူများ တိုးပွါးလာစေရန် ရည်ရွယ်သည်။

35. Evergreen Content
စာဖတ်သူအတွက် နောင်နှစ်ပေါင်းများစွာတိုင် အကျိုးပြုနေမည့် အကြောင်းအရာ ရေးသားချက်၊

36. Hashtag
# ကို ရှေ့တွင်ထားပြီး space မခြားဘဲ ရေးသားထားသော သော့ချက်ကျသည့် စကားစု
ထိုသို့ရေးသားခြင်းဖြင့် Social Media ပေါ်တွင် ခေါင်းစဉ်အလိုက် မိမိ၏ ပရိသတ်နှင့် ပြောဆိုဆက်ဆံနိုင်သည်။

37. Infographic
ရှုပ်ထွေးသော သတင်းအချက်အလက်များကို နားလည်ရလွယ်ကူစေရန် ပုံနှင့်စာဖြင့် ပြုလုပ်ထားသော သရုပ်ဖော်ကားချပ်

38. Engagement Rate
Content တစ်ခု ရရှိသည့် Likes ၊ Shares ၊ Comments အရေအတွက် အပေါ်မူတည်၍ ပရိသတ်၏ ပါဝင်မှုနှုန်း ကို တိုင်းတာခြင်း သို့မဟုတ် အတိုင်းအတာကို ဆိုလိုသည်။

39. Keyword
Webpage တွင်ဖော်ပြသော အကြောင်းအရာ တစ်ခုကို ရည်ညွှန်းသော စကားစုတစ်စု (သို့တည်းမဟုတ်) စကားလုံးတစ်လုံးကို ဆိုလိုသည်။ ထိုစကားစုများသည် မိမိမှန်းထားသော ပရိသတ်အုပ်စုနှင့် ကိုက်ညီနေသင့်သည်။
=============
40. Conversion Rate
Website သို့မဟုတ် page ကို ဝင်ကြည့်ရုံသာမက ထို page များမှ ချမှတ်ထားသော လုပ်ဆောင်ချက်များ ဉပမာ - ဖောင်ဖြည့်ခြင်း ၊ မှတ်ပုံတင်စာရင်းသွင်းခြင်း ၊ Newsletter (စာဆောင်များ) ဖတ်ရန် စာရင်းပေးခြင်း) ပြုလုပ်သော လူများ၏ ရာခိုင်နှုန်း

41. Key Performance Indicator (KPI)
စွမ်းဆောင်ရည် တိုင်းတာခြင်းစနစ် ကိုဆိုလိုသည်။ ဝန်ထမ်း၏ ဆောင်ရွက်ချက် အရည်အသွေး မှ ဈေးကွက်ဖော်ဆောင်ရေးနည်းလမ်းများ၏ ထိရောက်မှု အထိ ကျယ်ပြန့်စွာ တိုင်းတာနိုင်သည်။ KPI များကို ထိရောက်စွာ စောင့်ကြည့် တုံ့ပြန်ခြင်းဖြင့် လုပ်ငန်းလျာထားချက်များကို အကောင်အထည်ဖော်နိုင်သည်။
=============
42. Brand
ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု (သို့တည်းမဟုတ်) လုပ်ငန်း တစ်ခုကို လူအများ သတိပြုမိစေသော အရာများ ကိုဆိုလိုသည်။

43. Direct Competition
မိမိလုပ်ငန်း နှင့် ကွက်တိ တူသော ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု ပေးနေသော ပြိုင်ဘက် လုပ်ငန်းကို ဆိုလိုသည်။

44. Customer Loyalty
ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ဖောက်သည်မှ ထပ်မံတလဲလဲ ဝယ်ယူအသုံးပြုခြင်းကို ဆိုလိုသည်။

45. Point Of Contact (POC)
ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း တစ်ခုတွင် Marketing နှင့် Sales ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သူ သို့မဟုတ် ဆွေးနွေးအကြံပြုသူကို ဆိုလိုသည်။

46. Portfolio
Customer ဖြစ်နိုင်ချေရှိသူများကို လုပ်ငန်းအကြောင်း အသေးစိပ်ရှင်းပြရာတွင် အသုံးပြုသည့် အကြောင်းအရာ အချက်အလက်များကို ဆိုလိုသည်။

47. Direct Mail
ဖောက်သည်ဖြစ်ရန် အလားလာရှိသူများကို လုပ်ငန်း၏ ဖောက်သည်ဖြစ်လာစေရန် စာပို့ခြင်း (Mail) မှ တစ်ဆင့် ကြော်ငြာခြင်းကို ဆိုလိုသည်။

48. Corporate Identity
လုပ်ငန်း တစ်ခု၏ ကိုယ်စားပြု သင်္ကေတ ၊ အရောင် ၊ အမှတ်တံဆိပ်ဒီဇိုင်း အာလုံးကို ဆိုလိုသည်။

49. E-Commerce
အင်တာနက်ပေါ်တွင် ကုန်ပစ္စည်းများ ရောင်းချခြင်း ကိုဆိုလိုသည်။

50. Customer Relationship Management (CRM)
Marketing နှင့် Sales လုပ်ဆောင်ချက်များ အစီအစဉ်တကျ လုပ်ဆောင်နိုင်ရန် အကူအညီပေးသည့် ဆော့ဝဲလ်ကို ဆိုလိုသည်။ Contact အချက်အလက်များ သိမ်းဆည်းခြင်း၊ email များကို ခြေရာခံနိုင်ခြင်း၊ အရောင်းဆိုင်ရာ သဘောတူစာချုပ်များကို သိမ်းဆည်းခြင်း အစရှိသော လုပ်ဆောင်ချက်များ ပါဝင်သည်။

ကဲ ဒီလောက်ဆိုရင်တော့ Marketing & Sales ဝေါဟာရတွေတော်တော်များများ သိလောက်ပြီဆိုတော့ စာလုပ်တဲ့အခါပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာ အသုံးပြုတဲ့အခါပဲ ဖြစ်ဖြစ် ကောင်းကောင်းအသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီဆောင်းပါးလေးက ကိုယ့်အတွက်လည်း အကျိုးရှိတယ် Marketing & Sales လေ့လာနေတဲ့ ကိုယ့်သူငယ်ချင်းတွေအတွက်လည်း အကျိုးရှိမယ် ထင်ရင် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။

 

Myanlearn 

Read times
Rate this item
(0 votes)