-->
×

Warning

JUser: :_load: Unable to load user with ID: 29




 


 


 


 


 


 


 

Tiktok မှာကြော်ငြာမယ်ဆိုရင်

 


 


 


 


 

<<< Unicode >>>

 

နောက်ပိုင်းတွင်လူသား celebrity များနှင့်အစားထိုးလာမည့် virtual influencer များ

-----------------------------------------------------------------------------------------------------

 

နည်းပညာ တိုးတက်လာတာနှင့် အမျှ ထိုကဲ့သို့ လူသားနေရာများတွင်စက်များအစားထိုး လုပ်ရပ်များကို လုပ်ငန်းပိုင်းဆောင်တာ အသီးသီးတွင်နေရာ ယူထားတာ တွေ့ရမှာပါ။

 

ထိုနည်းတူ စွာ Marketing ပိုင်းဆိုင်ရာ များတွင် KOL Marketing က ခေတ်စားလာတာ နှင့် အမျှ Celebrity တွေရဲ့ လွမ်းမိုးမှု့က ပိုမို ကြီးထွားလာကာ စီးပွားရေးရာ ကိစ္စ ရပ်များတွင် တွင်ကျယ်လာပါတယ်။

 

Instagram, TikTok, YouTube နဲ့ Twitch စသော Platforms မှ ပရိသတ် အများအပြား ရရှိသော Influencer များဟာ ငွေ အများအပြား ရရှိကာ ကြော်ငြာ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာKOL Marketing က ဈေးကြီးလွန်းပါတယ်။

 

Influencer အစစ်တွေက အကယ်၍ သင်က Paris မှာ သင့် Brand ကို ကြော်ငြာ ရိုက်ချင်တယ်ဆိုပါစို့ သင့် အနေနဲ့ Influencer ကို Paris ခေါ်သွားဖို့လေယာဉ်လက်မှတ်ခ ကုန်မယ် ဟော်တယ်မှာ ထားတယ်ဆိုပါတော့ ဟော်တယ်ခကတော့ကုန်ကျအမှာပါ။

 

အခု လာမည့် virtual influencer တွေကတော့ ထိုကဲ့သို့ကုန်ကျခြင်းတွေမရှိတော့ပါဘူး။ထို့ပြင် သင့် Brand အတွက် သစွာရှိအုံးမှာပါ။ထို virtual influencer ကို Chatbot နှင့်တွဲဖက်ထားမှာ ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ လွှတ်လပ်စွာ စာ အပြန်အလှန်လဲ စကားပြောနိုင်အုံးမှာပါ။

 

Amazon ၏ ဈေးကွက် မာယာ

 

Fashion ရေးရာ ၊ ချက်နည်း ပြုတ်နည်း တွေကို ထို virtual influencer တွေက ပြော ပေးဆိုပေးအုံးမှာပါ။ရိုင်းဆိုင်းတဲ့ စကားလုံးများဆိုရင်တော့ virtual influencer တွေက ပြန်လည် ပြောဆိုမဟုတ်ပါဘူးတဲ့။

 

တချို့ Influencer တွေမှာ အချိန်မလေးစားတာ တွေ ၊ အလုပ်ကို တိကျမှုမရှိတာ တွေ ရှိလာတဲ့ အလျောက် ငွေကြေး ကိစ္စ များတွင် အစမတန် တိုးတောင်းတာ တွေ ရှိလာတာမို့ ဈေးကွက်မြှင့် တင်ရေး သမားတစ်ချို့က ထိုကဲ့ သို့ Influencer များကို ဖယ်ထုတ် ချင်ပုံရပါတယ်။

 

ပြောရရင်တော့ Virtual Influencer တွေကို တီထွင်ပြီး စီမံ ခန့် ခွဲတဲ့ လုပ်ငန်းစု က အင်္ဂလန် နိုင်ငံ London မြို့ မှ Live & Breathe လုပ်ငန်းစုရဲ့ အခွဲ Virtual Influencer Agency (VIA)တီထွင်နေတယ်သိရပါတယ်။

 

၎င်းတို့ လုပ်ငန်းစု မှ ယခု Floresta ဆိုတဲ့ နာမည်ဖြင့် virtual influencer မိန်းမလှလေးတစ်ဦး ဖန်တီးထားပါတယ်။ထို ဖန်တီးမှု့ ကို Girlbot ဆိုကာ အမည်ပေးထားပါတယ်။အဆိုပါ Floresta ဟာ ပေါ်တူဂီ လူမျိုး ၊ ဘရာဇီး လူမျိုး အစပ်အမျိုးသမီးလေးဖြစ်ပြီး အသက် ၂၅ နှစ် အရွယ် Girlbot ပါ။

 

သူမ ဟာ လူတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့သတိပေးမှာဖြစ်ပြီး ကဗျာလေးတွေ စာလေးတွေ သူမ က တင်မှာပါတဲ့။အဆိုပါ ကဗျာနဲ့ စာများကို သူမ အနေနဲ့ Tiny Giant's Richard Norton နှင့် လက်တွဲ လုပ်ကိုင်ကာ တင်ပေးမှာပါ။

 

ထို VIA မှ တီထောင်သူ Dudley Nevill-Spencer " ဒါကတော့ ကြော်ငြာ ရေးမှာ အရေး ပါလှတဲ့ Influencer marketing ကို နည်းပညာ ဖြင့် စမ်းသစ်ကာ ကွန်ပြုတာ ထိန်းချုပ်မှု့ စနစ်ဖြင့် လုပ်ထားတဲ့ Girlbot ပါ အသစ်အဆန်းကြိုက်သူများအနေဖြင့် သဘောကျမယ်ထင်ပါတယ်လို့ပြောကြားထားပါတယ်။

 

Ref ; The Drum

Myanmar Advertising Directory 

 

 

Read times
Rate this item
(0 votes)