-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းအတွက် အွန်လိုင်းဈေးကွက်နည်းဗျူဟာ တည်ဆောက်တော့မယ်ဆိုရင်

သင့်လုပ်ငန်းအတွက် အွန်လိုင်းဈေးကွက်နည်းဗျူဟာ တည်ဆောက်တော့မယ်ဆိုရင် Google

သင့်လုပ်ငန်းအတွက် အွန်လိုင်းဈေးကွက်နည်းဗျူဟာတစ်ခုခုနဲ့ လုပ်ကိုင်ဖို့ ခြေလှမ်းစနေပြီလား။

ဒါဆိုရင်တော့ သင့်လုပ်ငန်းအတွက် အောင်မြင်တဲ့အွန်လိုင်းဈေးကွက်နည်းတစ်ခု ရရှိဖို့ဆိုရင်တော့ သင့်အနေနဲ့ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို သိထားဖို့လိုပါတယ်။

ဆောင်ရန်အချက်များ

၁။ Plan ကောင်းကောင်းဖန်တီးခြင်း

သင့်ရဲ့အွန်လိုင်းဈေးကွက် Plan က အများနဲ့မတူပဲ တမူထူးခြားနေမယ်ဆိုရင်။ ဖောက်သည်တွေအများအပြား သင့်လုပ်ငန်းကို သိရှိလာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် Plan ဖန်တီးတဲ့အချိန်မှာ တစ်ဦးထဲဖြစ်ဖြစ်၊ အသင်းအဖွဲ့နဲ့ ဖြစ်ဖြစ် သေချာတိုင်ပင်ညှိနှိုင်းပြီး ဖန်တီးဖို့အတွက် လိုအပ်ပါတယ်။

၂။ ရည်မှန်းချက် သတ်မှတ်ခြင်း

ဘယ်လုပ်ငန်းအမျိုးအစားမျိုးမဆို အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့ဆိုရင် ရည်မှန်းချက်ထားရှိဖို့လိုကို လိုအပ်ပါတယ်။ အွန်လိုင်းဈေးကွက် Expert တွေကလည်း Smart ဖြစ်တဲ့ ရည်မှန်းချက်တစ်ခုထားဖို့ကို အမြဲအကြံပေးကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

၃။ Consistency ထိန်းပေးပါ

ဖောက်သည်တွေကို ပစ်မှတ်ထားတဲ့ မက်ဆေ့ခ်ျဟာဆိုရင် သင့်လုပ်ငန်းကုန်အမှတ်တံဆိပ်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာ ဖြစ်ဖို့လိုအပ်ပါတယ်။

၎။ အရည်အသွေးကောင်းတဲ့ Content တွေ မျှဝေခြင်း

Content ဖန်တီးရာမှာလည်း ဖောက်သည်တွေ စိတ်ဝင်စားစေမယ့်အကြောင်းအရာတွေနဲ့ ဖန်တီးထားတဲ့ Content တွေက Engagement ရရှိနိုင်နှုန်း ပိုများတဲ့အတွက်ကြောင့် ဖောက်သည်တွေကို အရည်အသွေးကောင်းတဲ့ Content တွေ မျှဝေပေးပါ။

၅။ ဖောက်သည်တွေရဲ့တုန့်ပြန်ချက်တွေကို ဂရုစိုက်ပါ။

သင့်လုပ်ငန်းနဲ့ဖောက်သည်တွေကြားက ဆက်ဆံရေးကို အမြဲအပျက်စောင့်ကြည့်နေပါ။ ဖောက်သည်တွေကို အမေးအဖြေလုပ်ပေးခြင်းကလည်း ခိုင်မာတဲ့ဆက်ဆံရေးကို ရရှိစေပါတယ်။

Read More>>> သူငယ်ချင်းတွေနဲ့စုပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ချင်ပါသလား...?
ရှောင်ရန်အချက်များ

၁။ အလျင်လိုခြင်း

အခုမှစတင်တဲ့လုပ်ငန်းတွေဆိုရင် အွန်လိုင်းဈေးကွက်နည်းဗျူဟာတွေ တည်ဆောက်တဲ့အခါမှာ စိတ်ရှည်ရှည်နဲ့အချိန်ပေးပြီး တည်ဆောက်ရတာဖြစ်တဲ့အတွက် အလျင်လိုခြင်းကို ရှောင်ဖို့လိုအပ်ပါတယ်။

၂။ Network တစ်ခုထဲအသုံးပြုခြင်း

ဆိုရှယ်မီဒီယာ Network တိုင်းမှာ ကိုယ်ပိုင်အားသာချက်နဲ့ အားနည်းချက်တွေရှိတဲ့အတွက် အွန်လိုင်းဈေးကွက်နည်းဗျူဟာ အသုံးပြုမယ်ဆိုရင် ဆိုရှယ်မီဒီယာ Network တစ်ခုထဲအသုံးပြုခြင်းကို ရှောင်ဖို့လိုအပ်ပါတယ်။

၃။ ရိုးသားမှုမရှိခြင်း

အွန်လိုင်းပေါ်မှာ ဖောက်သည်တွေက အပြုသဘောမဆောင်ပဲ၊ Negative ဖြစ်တဲ့ အပြုအမှုတွေကို မနှစ်သက်ကြတဲ့အတွက် Ethic မရှိတဲ့ အွန်လိုင်းဈေးကွက်နည်းဗျူဟာတွေ ပြုလုပ်တာကို ရှောင်ကြဉ်ပါ။

၎။ ကျေးဇူးတင်စကားပြောဖို့ မေ့ခြင်း

သင့်ရဲ့ Content တစ်ခုကို အချိန်ပေးပြီး စိတ်ဝင်တစားကြည့်ရှုပြီး မျှဝေပေးတဲ့ဖောက်သည်တွေကို ကျေးဇူးတင်စကား ပြုလုပ်ဖို့မေ့နေခြင်းကိုရှောင်ကြဉ်ပါ။ ဖောက်သည်တွေကို အလေးမထားတဲ့ အမူအရာဖြစ်တဲ့အတွက် အထူးဂရုပြုသင့်တဲ့အချက်လည်း ဖြစ်ပါတယ်။

ဒီအချက်တွေက သင့်လုပ်ငန်းအတွက် အွန်လိုင်းဈေးကွက်နည်းဗျူဟာ တည်ဆောက်တော့မယ်ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေဖြစ်တဲ့အတွက် မိတ်ဆွေတို့အတွက် အသုံးဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
သင့်လုပ်ငန်းနဲ့ပတ်သက်ပြီး ကြော်ငြာထည့်ချင်တယ်ဆိုရင်တော့ http://bit.do/ADVERTISING-AGENCIES-SPECIALISTS ဒီ link ထဲမှာ ကြော်ငြာအေဂျင်စီတွေကို တစုတစည်းထဲ ကြည့်ရူနိုင်ပါတယ်။

Source; SEO Myanmar
Myanmar Advertising Directory

Read times
Rate this item
(2 votes)