-->
×

Warning

JUser: :_load: Unable to load user with ID: 29


သူငယ်ချင်းတွေနဲ့စုပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ချင်ပါသလား...?

ကိုယ့်ရဲ့သူငယ်ချင်းမိတ်တွေနဲ့အတူ စီးပွားရေးလုပ်ငန်းတစ်ခုကို စုပေါင်းလုပ်ကိုင်ချင်ပေမယ့် လုပ်ငန်းတွေကလည်းပေါနေတော့ ဘာလုပ်ငန်းလုပ်ရမှန်းမသိဘူး။

အခုမှစလုပ်မှာဆိုတော့ နည်းဗျူဟာတွေကိုနားမလည်ဘူးဆိုရင် အောက်မှာဖော်ပြမယ့်အချက်တွေကို လေ့လာကြည့်သင့်ပါတယ်။

၁။ ပြတ်ပြတ်သားသား ဆုံးဖြတ်ခြင်း။

အများနဲ့လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် အားနာနေလို့မရပါဘူး။ ခင်တာကခင်တာပဲ။ စီးပွားရေးလုပ်ကြပြီဆိုရင် စာချုပ်စာတမ်း၊ မှတ်တမ်းမှတ်ရာတွေနဲ့ ပြတ်ပြတ်သားသားရှိသင့်ပါတယ်။ နင်ကဘယ်လောက်ပိုက်ဆံစိုက်မှာလဲ၊ အချိန်ရောဘယ်လောက်ပေးမှာလဲ၊ ဘယ်အချိန်အထိလုပ်နိုင်မှာလဲ၊ ဘယ်အချိန်အထိညအမြတ်မရပဲနေနိုင်လဲ စတဲ့အရာတွေမှာ ပွင့်ပွင့်လင်းလင်းရှိရပါမယ်။ ငွေကလူ့စိတ်ကို မထင်မှတ်ထားနိုင်လောက်အောင် ပြောင်းလဲစေပါတယ်။ စာချုပ်စာတမ်းကသာ သေသေချာချာ ထိန်းချုပ်နိုင်တာပါ။

၂။ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခြင်း။

စီးပွားရေးဆိုတာမျိုးက အခုချက်ချင်းဆုံးဖြတ်ချက်ချ အခုချက်ခြင်းထလုပ်လို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ သွေးပူတုန်းလျှောက်ပြောတာတွေကို မယုံမိပါစေနဲ့။ သေသေချာချာအချိန်ပေးပါ။ အားလုံးစိတ်ပါတာကို သေချာမှလုပ်ပါ။ သွေးပူတုန်း ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်ပြီး နည်းနည်းလောက် လှိုင်းလှုပ်တာနဲ့ အိမ်ပြန်ချင်တယ်ဆိုတဲ့ သူမျိုးတွေရှိပါတယ်။

၃။ အရင်းအနှီးကုန်သွားခြင်း။

စီးပွားရေးလုပ်ငန်းတစ်ခု မတည်ငြိမ်ရခြင်းရဲ့ အဓိကအကြောင့်းအရင်းကတော့ အရင်းအနှီးမလုံလောက်တာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ရှင်တွေပါရင်ပိုဆိုးပါတယ်။ အိမ်ထောင်နဲ့ဆို သူ့မှာမိသားစုကို ကြည့်ရပါတယ်။ လုပ်ချင်ရင်တောင် လုပ်လို့မရပါဘူး။ ဒီတော့ အစတည်းက ဘယ်လောက်အထိတောင့်ခံနိုင်မလဲ တွက်ချက်သင့်ပါတယ်။ ၆လအကြာမှာ ဝင်ငွေမရှိသေးရင် ဘာဆက်လုပ်ကြမလဲဆိုတာကို စဉ်းစားထားသင့်ပါတယ်။

၎။ အပိုပစ္စည်းတွေမဝယ်ပဲ ချွေတာခြင်း။

စီးပွားရေးတစ်ခုစတင်တဲ့အချိန်မှာ တတ်နိုင်သမျှချွေတာတာ အကောင်းဆုံးပါပဲ။ မလိုအပ်ပဲ ရုံးခန်းကြီးတာရှာတာမျိုး။ အထဲမှာထားတဲ့ တန်ဆာပလာတွေအတွက် ဈေးကြီးပေးဝယ်တာမျိုး၊ ပိုက်ဆံမရှိသေးချိန် Taxi တွေ ခဏခဏစီးတာမျိုး လုပ်တတ်ကြပါတယ်။ ကိုယ်လုပ်မယ့်လုပ်ငန်းက ရုံးခန်းကိုလူတွေခဏခဏလာမယ့် အလုပ်မဟုတ်ဘူးဆိုရင် ရုံးခန်းအကောင်းစားကြီး မငှားသင့်ပါဘူး။ မိမိတို့အဖွဲ့ အလုပ်လုပ်လို့အဆင်ပြေမယ့် နေရာမျိုး
လောက်ဆိုရပါပြီ။

သတင်းပို့သမားကနေ ကြော်ငြာလောကရဲ့ နံပါတ် ၁ ဖြစ်ခဲ့တဲ့ အဲလ်ဘတ်လက်စကာ

၅။ စိတ်ဓာတ်ကျနေခြင်း

၃လလောက်လုပ်ပြီးတာတောင် အမြတ်မပေါ်သေးဘူးဆိုပြီး စိတ်ဓာတ်ကျနေမယ်။ ဟိုလူကြောင့်ဒီလူကြောင့်နဲ့ အပြစ်တင်ငြင်းခုန်နေမယ်ဆိုရင် သင့်တို့ရဲ့လုပ်ငန်းက ရေရှည်တည်မြဲမှာမဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့လုပ်ငန်းကို အောင်မြင်ပြီးမြှောက်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့စိတ်ဓာတ်ကျမနေပဲ အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့ စိတ်ကိုထားပါ။

၆။ ခေါင်းဆောင်မပါဝင်ခြင်း

တကယ်တော့ ခေါင်းဆောင်ဆိုတာ တာဝန်အရမ်းကြီးပါတယ်။ အောင်မြင်နေတဲ့ အဖွဲ့အစည်းတော်တော်များများမှာလည်း ခေါင်းဆောင်ရှိပါတယ်။ မိမိတို့အဖွဲ့ထဲမှာ အားလုံးကနောက်လိုက်တွေချည်းပဲ ဖြစ်နေလို့မရသလို ခေါင်းဆောင်နေရာကို ဝိုင်းလုနေလို့လည်းမဖြစ်ပါဘူး။ ထိုက်တန်တဲ့သူကို ဝိုင်းပြီးခန့်အပ်သင့်ပါတယ်။ ပါဝါအများကြီးမပေးထားရင်တောင် ဒီလုပ်ငန်းကို ဦးစီးဦးဆောင်သဘောမျိုးလေးတော့ ထားသင့်ပါတယ်။

၇။ ကြိုတင်ပြင်ဆင်မှုမရှိခြင်း

အချို့က စီးပွားရေးကို စိတ်ကူးလေးနဲ့ပဲဝင်လုပ်ကြပါတယ်။ တစ်ယောက်တည်း လုပ်ရင်တော့ ကိစ္စမရှိပါဘူး။ အများနဲ့လုပ်ရင်တော့ စိတ်ညစ်စရာတွေ အများကြီးသင်တွေ့ရပါလိမ့်မယ်။ အစောကြီးတည်းက မီးစင်ကြည့်က
မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့ အဲ့ဒီစီးပွားရေးက ကြာရှည်ခံမှာမဟုတ်ပါဘူး။

Source; မိုရှင်း (I.M.T)
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)