-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရောင်းကုန်ကို ဈေးနှုန်းကပ်ထားမယ်ဆိုရင် ၀ယ်သူက ပိုသဘောကျပါတယ်

နာမည်ကျော်ကြားသူတွေက ထောက်ခံတာကိုလည်း လူတွေအတော်ကို စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့် နာမည်ကျော်တွေကိုပဲ မှတ်မိကြပြီး ကြော်ငြာတဲ့ ကုန်ပစ္စည်းကို မေ့သွားတတ်တာကြောင့် နောက်ပိုင်းမှာ သိပ်မသုံးတော့ပါဘူး။

နောက်တစ်ခုက ဒါမျိုးကြော်ငြာရင် နာမည်ကျော်တွေက ဒီပစ္စည်းကို တကယ်သုံးပြီးသွားပြီလို့ လူတွေက ထင်တတ်ပါတယ်။ တဖက်မှာလည်း ကျွမ်းကျင်ပညာရှင်တွေရဲ့ ထောက်ခံချက်ကလည်း အစွမ်းထက်ပါတယ်။ အနားယူသွားပြီဖြစ်တဲ့ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးက Chubb အာမခံသေတ္တာကို တစ်ခါမှမဖွင့်နိုင်ခဲ့ဘူး ဆိုတာမျိုး ဖြစ်ပါတယ်။

Copywriter တော်တော်များများက လျှော့ဈေးတွေ၊ အထူးနှုန်းတွေက ပျင်းစရာကောင်းတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် စားသုံးသူတွေကတော့သဘောကျပါတယ်။ ဒါမျိုးကြော်ငြာတာက ပျမ်းမျှထက်ပိုပြီး စိတ်ဝင်စားစေပါတယ်။

ကုန်ပစ္စည်းရဲ့ဈေးနှုန်း ထည့်ပေးနိုင်ဖို့ အမြဲကြိုးစားပါ။ ရတနာဆိုင်က လည်စွဲလေးကို တွေ့မိတတ်ပါလိမ့်မယ်။ ဒါပေမယ့် ဈေးနှုန်းကလည်း ရေးမထား၊ ဝင်မေးရမှာလည်း ရှိန်နေတော့ ၀ယ်ဖို့က မဖြစ်နိုင်ဘူး။ ကြော်ငြာမှာလည်း ဒီလိုပါပဲ။ ဈေးနှုန်းမပါနေတာက သူတို့စိတ်မဝင်စားတော့တဲ့ အကြောင်းတစ်ခု ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ကြော်ငြာကိုမဖတ်ပဲ လှန်ပစ်လိုက်တော့မယ်။

အကောင်းဆုံးသော ကြော်ငြာစာသားတွေကို ဘယ်လို ရွေးချယ်ကြမလဲ

Ellerton Jetté က Hathaway အကြီးအကဲအဖြစ်ကနေ အနားယူပြီး ဓါတ်ပုံဝယ်ရောင်းသမား လုပ်တဲ့အချိန်မှာ၊ အနုပညာပြပွဲတွေရဲ့ အစဉ်အလာကို ချိုးဖျက်ခဲ့ပြီး ပြပွဲကပုံတွေမှာ ဈေးနှုန်းတွေ စကပ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ၊ ကုန်ထုတ်လုပ်ငန်းရှင်တွေ အတွက် ဈေးနှုန်းကပ်ကြော်ငြာဖို့ ခဲယဉ်းပါတယ်။

လက်လီရောင်းသမားတွေကို ဈေးနှုန်းပုံသေထားလို့မရဘူး။ ဈေးနှုန်းမပါတာက ကြော်ငြာရဲ့ ရောင်းအားကို ထိစေတယ်။ အခြေခံ စားသုံးကုန်တွေမှာ အရေးပါမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ကုန်ကျစရိတ်များပြားတဲ့ ကားလို ရေခဲသေတ္တာလိုပစ္စည်းတွေမှာတော့ အရေးပါပါတယ်။

ကြော်ငြာစာသားအားလုံးကို အေဂျင်စီဖက်က လက်မှတ်ထိုးထားသင့်တယ်လို့ ထင်ပါတယ်။ အမေရိကန်မှာတော့ ဒီကိစ္စကဘယ်တော့မှမပြီးပါဘူး။ ကုန်ထုတ်လုပ်ငန်းရှင်တွေက သူတို့ပစ္စည်းကြော်ငြာဖို့ အေဂျင်စီတွေကို မဝယ်ခိုင်းပဲ သူတို့ကိုယ်တိုင် မီဒီယာတွေ ဝယ်ယူတတ်တာကြောင့်ပါ။ ရေရှည်မမြင်တာပါ။

ကျွန်တော့်အတွေ့အကြုံအရတော့ အေဂျင်စီတွေက သူတို့လုပ်ထားတဲ့ ကြော်ငြာကို လက်မှတ်ထိုးရမယ်ဆိုရင် ပိုပြီးဂရုတစိုက် ကောင်းကောင်းလုပ်တတ်တယ်။ ရီးဒါးဒိုင်ဂျက်က သူတို့မဂ္ဂဇင်းအတွက် ကျွန်တော့်ကို ကြော်ငြာအပ်ချိန်မှာ၊ ကျွန်တော့်လက်မှတ်ကို လိုချင်တယ်။ Golly ရေ၊ အဲ့ဒီ့တုန်းက ကျွန်တော်သေချာမှ လုပ်ခဲ့ရဲ့လား။ လူတိုင်းက ဘယ်သူဒီကြော်ငြာလုပ်ခဲ့လဲ သိနိုင်ကြပါလိမ့်မယ်။

အခု ဂျာမနီနဲ့ ပြင်သစ်ကအေဂျင်စီတွေ သူတို့လုပ်ထားတဲ့ ကြော်ငြာတွေမှာ လက်မှတ်ထိုးဖို့ သဘောတူညီမှု ယူကြတော့မှာပါ။ ပြင်သစ်က FCB-Impact အေဂျင်စီဆိုရင် သူ့ Copywriter ကို စာတစ်ကြောင်းခြင်း လက်မှတ်ထိုးခိုင်းတာပါ။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

Read times
Rate this item
(2 votes)