-->
×

Warning

JUser: :_load: Unable to load user with ID: 29


ယခင် လိပ်ခုံးကားလေးများကို ဆက်လက်ထုတ်လုပ်တော့မှာ မဟုတ်ကြောင်း ရိုက်ကူးပြသထားတဲ့ Volkswagen ရဲ့ ကြော်ငြာ အသစ်

ယခင် လိပ်ခုံးကားလေးများကို ဆက်လက်ထုတ်လုပ်တော့မှာ မဟုတ်ကြောင်း  ရိုက်ကူးပြသထားတဲ့ Volkswagen ရဲ့ ကြော်ငြာ အသစ် Google


 


 


 



 


 


 

Marlboro ဈေးကွက်ထဲအသွင်ပြောင်းလဲကာနေရာယူရန်ကြိုးစား

 

 


 


 



 


 

Unicode 

 

ယခင် က Volkswagen မှ ထုတ်လုပ်ခဲ့တဲ့ လိပ်ခုံးပုံစံ ( the beetle ) ကားလေး တွေကို Volkswagen လုပ်ငန်းစုမှ လုံးဝထုတ်လုပ်တော့မှာ မဟုတ်ပါဘူး။Volkswagen ဒီဇိုင်းအသစ် မော်ဒယ်အမြင့်ကားများကို သာဆက်လက်ထုတ်မှာပါ။

ဒီကြော်ငြာလေးမှာ ဆိုရင် လူတစ်ယောက်ရဲ့ ဘဝနဲ့ အဆိုပါ ( the beetle ) ကား လေးနဲ့ ကို ယဉ်တွဲ ရိုက်ပြထားပါတယ်။

ကြော်ငြာလေးထဲ အသုံးပြု ထားတဲ့သီချင်းလေးက The Beetle ရဲ့ Let it be သီချင်းလေးပါ ဒီသီချင်းလေး ကြောင့်ကြော်ငြာလေးက ရုပ်လုံးပေါ်လာတယ် လို့ ၎င်း ကြော်ငြာရဲ့ Creative Director ဖြစ်သူ က ပြောထားပါတယ်။

အဆိုပါ Let it be သီချင်းဟာ ဗြိတိန် အမျိုးသား အဆိုတော် အဖွဲ့ The Beetle ရဲ့ သီချင်းဖြစ်ပြီး The Beetle မှ အဆိုတော် ဖြစ်သူ Paul Mccartney မှ ဆုံးသွားသော သူ့မိခင်ဖြစ်သူကို သတိရလွမ်းဆွတ် နေမဲ့ အစား ရှိစေတော့ ( တရားနဲ့ သာဖြေရန် ) ရေးစပ်သီဆိုထားချင်းဖြစ်သည်။

အခုတွင်လဲ Volkswagen ( The Beetle ) လေးမှာ လူအများကို နှုတ်ဆက်တော့ မှာ မို့ ရှိစေ တော့လို့သာ ပြောချင်ပုံပါပဲ။

အဆိုပါ Volkswagen ရဲ့ The Last Mile ကြော်ငြာလေးမှာ ABC, CNN တို့ မှ ထုတ်လွင့် ခဲ့ပြီး Newyork ရဲ့ Time Square မှာ လည်း Billboard ကြီးထောင်ထားတယ်သိရပါတယ်။

ယခု The Last Miles ကြော်ငြာလေးဟာ ၁၉၆၀ က နာမည်ကြီး Campaign တွေ ဖြစ်တဲ့ Doyle Dane Bernbach ရဲ့ “Think Small” နဲ့ "Lemon" ကြော်ငြာ campaigns တို့ကို ကျောရိုးယူ ထားကာရိုက်ကူးထားတယ်သိရပါတယ်။

 

ဈေးကွက်အတွင်းမှ အတုအပ အရက်များသတိထားကြပါ

 

ထိုကြော်ငြာလေးက ဘယ်လောက်ထိ နာမည်ကြီးသွ ားလဲ ဆို The Beetle ကားလေးတေနဲ့ တွဲ ရိုက်ထားတဲ့ပုံလေးတွေကို Cele တွေက ၎င်းတို့ ရဲ့ပုံတွေကိုတင်ထားတာ တွေ့ ရပါတယ်။

ကြော်ငြာလေးရဲ့ Creative ဒါရိုက်တာဖြစ်သူကတော့ Johannes Leonardo လုပ်ငန်းစု မှ Leo Premutico က တာဝန်ယူ ပုံဖော်ထားတယ်သိရပါတယ်။

ကြော်ငြာလေးရဲ့ နောက်ဆုံးမှာ Volkswagen ကားလေးမှ အခွံ မာ ပိုးကောင်လေး အဖြစ်အသွင် ပြောင်းသွားကာ မိုးပေါ်ပျံတတ်သွားပြီး ‘ လမ်းတစ်ခုဆုံးသွားတဲ့ နေရာမှာ ၊ လမ်းအသစ်စတယ် ‘ ဟုရေးသားကာ

Volkswagen မှ နောက်ဆုံး Model ယခု ထုတ်လုပ်တဲ့ ကားပုံကို ကြော်ငြာထဲတွင် ထည့်ထားပါတယ်။

ထိုကြော်ငြာလေးရဲ့ အကျဉ်းချုပ်ကတော့ လိပ်ခုံးကားလေးများကို လုံးဝထုတ်တော့မှာ မဟုတ်ကြောင်း အားလုံးအနေဖြင့် ခွဲခွာရတော့ မည်ဖြစ်ကြောင်းကိုလွမ်းမောဖွယ်ရိုက်ပြထားပါတယ်။

 

Myanmar Advertising Directory 

Read times
Rate this item
(1 Vote)